ဗီလာကို မန်ယူဘာလို့ ရှုံးသလဲဆိုတာ ကြွယ်ပြလိုက်တဲ့ နည်းပြ အမ်မရီ

တနင်္ဂနွေညက ကစားခဲ့တဲ့ ဗီလာပါ့ခ် ပွဲစဉ်မှာ မန်ယူဟာ အိမ်ရှင်အသင်းကို ဘာအတွက်ကြောင့် ခြေပြတ်၊ ဂိုးပြတ် ရှုံးခဲ့ရသလဲဆိုတဲ့ အကြောင်းကို ဗီလာ နည်းပြသစ်

အူနိုင်းအမ်မရီက ဂုဏ်ဆာလိုက်ပါတယ်။ ဗီလာဟာ နည်းပြ ဂျရတ်ကို ထုတ်ပယ်လိုက်ပြီးတဲ့နောက် ချက်ချင်းဆိုသလိုပဲ အတွေ့အကြုံရင့် နည်းပြတစ်ယောက်ဖြစ်တဲ့

အမ်မရီကို အစားထိုးခဲ့ပါတယ်။ ဒါကြောင့် စပိန် သားနည်းပြ စတင်ကိုင်တွယ်ခွင့်ရခဲ့တဲ့ မန်ယူနဲ့ပွဲစဉ်မှာ ဗီလာဟာ ထူးခြား တဲ့အပြောင်းအလဲတွေ အများကြီး ရှိလာခဲ့ပြီး

အထူးသဖြင့် တိုက်စစ်ပိုင်းမှာ သွက်သွက်ကလေး ကစားသွားနိုင်ခဲ့တာကို တွေ့ရပါတယ်။ မန်ယူအသင်း အပေါ် တစ်ဦးချင်းမှာလည်း အသာစီးရခဲ့သလို အသင်းလိုက်

ကစားအားလည်း ကောင်းတာကြောင့် အခုလို ဂိုးပြတ်နိုင်ပွဲကို ရခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီလို အသာစီးရနိုင်ဖို့အတွက် ဗီလာဟာ မန်ယူအသင်းရဲ့ အားနည်းချက်ဖြစ်တဲ့

နေရာလွတ်တွေကို ပစ်မှတ်ထားပြီး ကစားခဲ့တာဖြစ်တယ်လို့ အမ်မရီက ဆိုပါတယ်။ ‘’ကစားသမားတွေဟာ နိုင်လိုစိတ် ဆာလောင်မှု ပြင်းထန်နေ တယ်လို့ ကျွန်တော်ထင်တယ်။

သူတို့ စိတ်အကြည်ဓာတ်လေးလည်း ရနေခဲ့ ပြီး လေ့ကျင့်ကွင်းမှာလည်း ဒီနေ့ ပွဲအကြောင်း စဉ်းစားခဲ့ကြတယ်။ သူတို့ အရမ်းကောင်းတဲ့ ပွဲတစ်ပွဲကို လုပ်ပြခဲ့တာပါ။

ကစားသမားတွေဟာ နေရာတ ကျရှိနေပြီး သူတို့ရဲ့ ကျွမ်းကျင်မှု ပုံစံကောင်းတွေနဲ့အတူ ကစားစေဖို့ ကျွန် တော် အလိုရှိခဲ့တာပါ။ ကျွန်တော့်ရဲ့ သြဇာလွှမ်းမိုးမှုက အရေးမကြီးပါဘူး။

ဒါပေမဲ့ မန်ယူက ကျွန်တော်တို့ အလုပ်လုပ်ဖို့အတွက် နေရာလွတ်တွေ ပေး လာတဲ့အခါ အသုံးချဖို့ ကျွန်တော်တို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ အိမ်ကွင်းမှာဆိုတော့

ပရိသတ်တွေကလည်း အများကြီး ကူညီပေးနိုင်ခဲ့ကြတယ်။ အဲဒီ စွမ်းပကားက တကယ့်ကို အံ့အားသင့်စရာပဲ။ အဲဒီစွမ်းအားက ကျွန်တော်တို့ ဆီ ကူးစက်လာပြီးတဲ့နောက်

တုံ့ပြန်မှုကတော့ ကောင်းကောင်း ကစားနိုင်ခဲ့ ကြတာပဲ ဖြစ်ပါတယ်။ ကစားသမားတွေရဲ့ စိတ်တွေ ကြည်လင်နေတယ်လို့ ကျွန်တော်ထင်ပြီး အဲဒါကို

ရလဒ်ကောင်းအဖြစ် ပြောင်းလဲနိုင်အောင် အသုံး ချချင်ခဲ့တာပဲ ဖြစ်ပါတယ်’’ လို့ အမ်မရီက ပြောဆိုခဲ့ပါတယ်။ ဗီလာနဲ့ မန်ယူ တို့ဟာ လာမယ့် ကြာသပတေးနေမှာတော့

ခါရာဘောင် ဖလားပွဲစဉ်အဖြစ် ဆုံတွေ့ရဦးမှာ ဖြစ်ပါတယ်။

(Zawgyi)

ဗီလာကို မန္ယူဘာလို႔ ရႈံးသလဲဆိုတာ ႂကြယ္ျပလိုက္တဲ့ နည္းျပ အမ္မရီ

တနဂၤေႏြညက ကစားခဲ့တဲ့ ဗီလာပါ့ခ္ ပြဲစဥ္မွာ မန္ယူဟာ အိမ္ရွင္အသင္းကို ဘာအတြက္ေၾကာင့္ ေျချပတ္၊ ဂိုးျပတ္ ရႈံးခဲ့ရသလဲဆိုတဲ့ အေၾကာင္းကို ဗီလာ နည္းျပသစ္

အူႏိုင္းအမ္မရီက ဂုဏ္ဆာလိုက္ပါတယ္။ ဗီလာဟာ နည္းျပ ဂ် ရတ္ကို ထုတ္ပယ္လိုက္ၿပီးတဲ့ေနာက္ ခ်က္ခ်င္းဆိုသလိုပဲ အေတြ႕အႀကဳံရင့္ နည္းျပတစ္ေယာက္ျဖစ္တဲ့ အမ္မရီကို အစားထိုးခဲ့ပါတယ္။

ဒါေၾကာင့္ စပိန္ သားနည္းျပ စတင္ ကိုင္တြယ္ခြင့္ရခဲ့တဲ့ မန္ယူနဲ႔ပြဲစဥ္မွာ ဗီလာဟာ ထူးျခား တဲ့အေျပာင္းအလဲေတြ အမ်ားႀကီး ရွိလာခဲ့ၿပီး အထူးသျဖင့္ တိုက္စစ္ပိုင္းမွာ သြက္သြက္ကေလး

ကစားသြားႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။ မန္ယူအသင္း အေပၚ တစ္ဦးခ်င္းမွာလည္း အသာစီးရခဲ့သလို အသင္းလိုက္ ကစားအား လည္း ေကာင္းတာေၾကာင့္ အခုလို ဂိုးျပတ္ႏိုင္ပြဲကို ရခဲ့တာပဲ

ျဖစ္ပါတယ္။ အဲ ဒီလို အသာစီးရႏိုင္ဖို႔အတြက္ ဗီလာဟာ မန္ယူူအသင္းရဲ႕ အားနည္းခ်က္ျဖစ္ တဲ့ ေနရာလြတ္ေတြကို ပစ္မွတ္ထားၿပီး ကစားခဲ့တာျဖစ္တယ္လို႔ အမ္မရီက ဆိုပါတယ္။

‘’ကစားသမားေတြဟာ ႏိုင္လိုစိတ္ ဆာေလာင္မႈ ျပင္းထန္ေန တယ္လို႔ ကြၽန္ေတာ္ထင္တယ္။ သူတို႔ စိတ္အၾကည္ဓာတ္ေလးလည္း ရေနခဲ့ ၿပီး ေလ့က်င့္ကြင္းမွာလည္း

ဒီေန႔ ပြဲအေၾကာင္း စဥ္းစားခဲ့ၾကတယ္။ သူတို႔ အရမ္းေကာင္းတဲ့ ပြဲတစ္ပြဲကို လုပ္ျပခဲ့တာပါ။ ကစားသမားေတြဟာ ေနရာတ က်ရွိေနၿပီး

သူတို႔ရဲ႕ ကြၽမ္းက်င္မႈ ပုံစံေကာင္းေတြနဲ႔အတူ ကစားေစဖို႔ ကြၽန္ ေတာ္ အလိုရွိခဲ့တာပါ။ ကြၽန္ေတာ့္ရဲ႕ ၾသဇာလႊမ္းမိုးမႈက အေရးမႀကီးပါဘူး။

ဒါေပမဲ့ မန္ယူက ကြၽန္ေတာ္တို႔ အလုပ္လုပ္ဖို႔အတြက္ ေနရာလြတ္ေတြ ေပး လာတဲ့အခါ အသုံးခ်ဖို႔ ကြၽန္ေတာ္တို႔ ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။ အိမ္ကြင္းမွာ

ဆိုေတာ့ ပရိသတ္ေတြကလည္း အမ်ားႀကီး ကူညီေပးႏိုင္ခဲ့ၾကတယ္။ အဲဒီ စြမ္းပကားက တကယ့္ကို အံ့အားသင့္စရာပဲ။ အဲဒီစြမ္းအားက ကြၽန္ေတာ္တို႔ ဆီ

ကူးစက္လာၿပီးတဲ့ေနာက္ တုံ႔ျပန္မႈကေတာ့ ေကာင္းေကာင္း ကစားႏိုင္ခဲ့ ၾကတာပဲ ျဖစ္ပါတယ္။ ကစားသမားေတြရဲ႕ စိတ္ေတြ ၾကည္လင္ေနတယ္လို႔ ကြၽန္ေတာ္ထင္ၿပီး

အဲဒါကို ရလဒ္ေကာင္းအျဖစ္ ေျပာင္းလဲႏိုင္ေအာင္ အသုံး ခ်ခ်င္ခဲ့တာပဲ ျဖစ္ပါတယ္’’ လို႔ အမ္မရီက ေျပာဆိုခဲ့ပါတယ္။ ဗီလာနဲ႔ မန္ယူ တို႔ဟာ လာမယ့္ ၾကာသပေတးေနမွာေတာ့

ခါရာေဘာင္ ဖလားပြဲစဥ္အျဖစ္ ဆုံေတြ႕ရဦးမွာ ျဖစ္ပါတယ္။