ဗီလာကို တောင့်တင်းတဲ့လူစာရင်းနဲ့ရင်ဆိုင်သွားမယ်ဆိုတဲ့ ရန်နစ်ခ်

မန်ချက်စတာယူနိုက်တက်ယာယီနည်းပြရန်နစ်ခ်က

FA ဖလားတတိယအဆင့်ပွဲစဉ်ဖြစ်တဲ့ ဗီလာနဲ့ပွဲမှာ

လူငယ်ကစားသမားတွေကို အရဲစွန့်ပွဲထုတ်တာမျိုးမလုပ်တော့ဘဲ

အတောင့်တင်းဆုံးလူစာရင်းနဲ့ရင်ဆိုင်ကစားသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

ရန်နစ်ခ်ဟာ ယူနိုက်တက်အသင်းနည်းပြအဖြစ်ဆောင်ရွက်ခဲ့တဲ့ကာလအတွင်း

လူငယ်တွေကို ရဲရဲဝံ့ဝံ့နေရာပေးအသုံးပြုတတ်သူဖြစ်ပြီး

ဒီဇင်ဘာအတွင်း ချန်ပီယံလိဂ်အုပ်စုပွဲဖြစ်တဲ့ ယန်းဘွိုင်းစ်နဲ့ပွဲမှာ

တစ်သင်းလုံးအပြောင်းအလဲလုပ်ခဲ့သလို အီလန်ဂါ၊ ဒီယာလိုစတဲ့

လူငယ်ကစားသမားတွေကို ပွဲထွက်အဖြစ်အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ လိဂ်ဖလားပြိုင်ပွဲကနေ

တတိယအဆင့်ကနေပဲ စောစောစီးစီးထွက်ခဲ့ရတဲ့အပြင်

ပရီးမီးယားလိဂ်ချန်ပီယံဆုမျှော်လင့်ချက်က ရာသီဝက်မတိုင်ခင်မှာကတည်းက

အဆုံးသတ်ခဲ့ရပြီး ဆုဖလားမျှော်လင့်ချက်ဆိုလို့

FA ဖလားနဲ့ ချန်ပီယံလိဂ်ပဲကျန်ပါတော့တယ်။

ယူနိုက်တက်ရဲ့လက်ရှိအနေအထားအရ ချန်ပီယံလိဂ်မှာ

ဗိုလ်စွဲဖိုဆိုတာက ၁၀၀ ပုံ/ ၁ ပုံတောင်မရှိတဲ့အတွက် ဖြစ်နိုင်ခြေအရှိဆုံးကတော့

FA ဖလားမှာ ဗိုလ်စွဲဖို့ပါပဲ။ အဲဒါကြောင့် ရန်နစ်ခ်အနေနဲ့

အိမ်ကွင်းမှာ ပရီးမီးယားလိဂ်အလယ်အလတ်အသင်း ဗီလာကို

လက်ခံကစားရမှာဖြစ်ပေမယ့် လူငယ်တွေကို အသုံးပြုမှာမဟုတ်ဘဲ

တောင့်တင်းတဲ့လူစာရင်းနဲ့ရင်ဆိုင်သွားမှာဖြစ်ပါတယ်။

ရန်နစ်ခ်က “ဗီလာနဲ့ပွဲမှာ ကစားသမား(၈)ဦး၊ (၉)ဦးလောက်

အပြောင်းအလဲလုပ်တာမျိုး ဒါမှမဟုတ် ယန်းဘွိုင်းစ်နဲ့ပွဲတုန်းကလို

ပွဲထွက်စာရင်းကနေ တစ်သင်းလုံးအပြောင်းအလဲလုပ်ခဲ့တာမျိုးတွေ

ကျွန်တော် ပြုလုပ်သွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ အတောင့်တင်းဆုံး၊

အကောင်းဆုံးဖြစ်မယ့်အသင်းနဲ့ ဗီလာကို ရင်ဆိုင်ကစားသွားမှာဖြစ်ပါတယ်။

ပွဲထွက်ကစားသမားအပြောင်းအလဲတချို့လုပ်ဖို့ရှိပေမယ့်

အပြီးသတ်လူစာရင်းကိုတော့ ကျွန်တော်မရွေးရသေးပါဘူး။

ဒီပွဲကို FA ဖလားပွဲလို့ သဘောထားမှာမဟုတ်ဘဲ ပရီးမီးယားလိဂ်

ဒါမှမဟုတ် ချန်ပီယံလိဂ်ပွဲလိုသဘောထား

ကစားသွားမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

zawgyi

ဗီလာကို ေတာင့္တင္းတဲ့လူစာရင္းနဲ႔ရင္ဆိုင္သြားမယ္ဆိုတဲ့ ရန္နစ္ခ္

မန္ခ်က္စတာယူႏိုက္တက္ယာယီနည္းျပရန္နစ္ခ္က

FA ဖလားတတိယအဆင့္ပြဲစဥ္ျဖစ္တဲ့ ဗီလာနဲ႔ပြဲမွာ

လူငယ္ကစားသမားေတြကို အရဲစြန႔္ပြဲထုတ္တာမ်ိဳးမလုပ္ေတာ့ဘဲ

အေတာင့္တင္းဆုံးလူစာရင္းနဲ႔ရင္ဆိုင္ကစားသြားမယ္လို႔ အတည္ျပဳခဲ့ပါတယ္။

ရန္နစ္ခ္ဟာ ယူႏိုက္တက္အသင္းနည္းျပအျဖစ္ေဆာင္႐ြက္ခဲ့တဲ့ကာလအတြင္း

လူငယ္ေတြကို ရဲရဲဝံ့ဝံ့ေနရာေပးအသုံးျပဳတတ္သူျဖစ္ၿပီး

ဒီဇင္ဘာအတြင္း ခ်န္ပီယံလိဂ္အုပ္စုပြဲျဖစ္တဲ့ ယန္းဘြိဳင္းစ္နဲ႔ပြဲမွာ

တစ္သင္းလုံးအေျပာင္းအလဲလုပ္ခဲ့သလို အီလန္ဂါ၊ ဒီယာလိုစတဲ့

လူငယ္ကစားသမားေတြကို ပြဲထြက္အျဖစ္အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့လည္း ယူႏိုက္တက္အသင္းဟာ ဒီရာသီမွာ လိဂ္ဖလားၿပိဳင္ပြဲကေန

တတိယအဆင့္ကေနပဲ ေစာေစာစီးစီးထြက္ခဲ့ရတဲ့အျပင္

ပရီးမီးယားလိဂ္ခ်န္ပီယံဆုေမွ်ာ္လင့္ခ်က္က ရာသီဝက္မတိုင္ခင္မွာကတည္းက

အဆုံးသတ္ခဲ့ရၿပီး ဆုဖလားေမွ်ာ္လင့္ခ်က္ဆိုလို႔

FA ဖလားနဲ႔ ခ်န္ပီယံလိဂ္ပဲက်န္ပါေတာ့တယ္။

ယူႏိုက္တက္ရဲ႕လက္ရွိအေနအထားအရ ခ်န္ပီယံလိဂ္မွာ

ဗိုလ္စြဲဖိုဆိုတာက ၁၀၀ ပုံ/ ၁ ပုံေတာင္မရွိတဲ့အတြက္ ျဖစ္ႏိုင္ေျခအရွိဆုံးကေတာ့

FA ဖလားမွာ ဗိုလ္စြဲဖို႔ပါပဲ။ အဲဒါေၾကာင့္ ရန္နစ္ခ္အေနနဲ႔

အိမ္ကြင္းမွာ ပရီးမီးယားလိဂ္အလယ္အလတ္အသင္း ဗီလာကို

လက္ခံကစားရမွာျဖစ္ေပမယ့္ လူငယ္ေတြကို အသုံးျပဳမွာမဟုတ္ဘဲ

ေတာင့္တင္းတဲ့လူစာရင္းနဲ႔ရင္ဆိုင္သြားမွာျဖစ္ပါတယ္။

ရန္နစ္ခ္က “ဗီလာနဲ႔ပြဲမွာ ကစားသမား(၈)ဦး၊ (၉)ဦးေလာက္

အေျပာင္းအလဲလုပ္တာမ်ိဳး ဒါမွမဟုတ္ ယန္းဘြိဳင္းစ္နဲ႔ပြဲတုန္းကလို

ပြဲထြက္စာရင္းကေန တစ္သင္းလုံးအေျပာင္းအလဲလုပ္ခဲ့တာမ်ိဳးေတြ

ကြၽန္ေတာ္ ျပဳလုပ္သြားမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ဟာ အေတာင့္တင္းဆုံး၊

အေကာင္းဆုံးျဖစ္မယ့္အသင္းနဲ႔ ဗီလာကို ရင္ဆိုင္ကစားသြားမွာျဖစ္ပါတယ္။

ပြဲထြက္ကစားသမားအေျပာင္းအလဲတခ်ိဳ႕လုပ္ဖို႔ရွိေပမယ့္

အၿပီးသတ္လူစာရင္းကိုေတာ့ ကြၽန္ေတာ္မေ႐ြးရေသးပါဘူး။

ဒီပြဲကို FA ဖလားပြဲလို႔ သေဘာထားမွာမဟုတ္ဘဲ ပရီးမီးယားလိဂ္

ဒါမွမဟုတ္ ခ်န္ပီယံလိဂ္ပြဲလိုသေဘာထား

ကစားသြားမွာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။