ဗီလာကို ကြည်ကြည်သာသာနဲ့ လက်ခံဖို့ မရှိတဲ့ ပိုချက်တီနို

နည်းပြရာထူးနေရာ လစ်လပ်သွားပြီဖြစ်တဲ့ အက်စ်တွန်ဗီလာအသင်းဟာ စပါးနဲ့ ပီအက်စ်ဂျီနည်းပြဟောင်း ပိုချက်တီနိုကို ခေါ်ယူဖို့ ကြိုးစားနေပြီဖြစ်ပေမဲ့ လက်တွေ့မှာတော့ မလွယ်ကူနိုင်ဘူးလို့ သတင်းထွက်လာပါတယ်။

ကြာသပတေးည ကစားခဲ့တဲ့ပွဲစဉ်မှာ ဗီလာဟာ ဖူလ်ဟမ်ကို ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် နည်းပြ ဂျရတ်နဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ လစ်လပ်သွားပြီဖြစ်တဲ့ နည်းပြရာထူးနေရာအတွက် ဥရောပအဆင့်မီ အတွေ့အကြုံရင့် နည်းပြတစ်ယောက်ကို ဗီလာတို့ ရေးကြီး သုတ်ပြာနဲ့ ရှာဖွေနေပြီဖြစ်ပါတယ်။

ဒီအတွက် ပရီးမီးယားလိဂ်မှာ စပါးနဲ့အတူ အတွေ့အကြုံအများကြီး ရှိထားတဲ့ ပိုချက်တီနိုကို ခန့်အပ်နိုင်ရေး ကြိုးစားလုပ်ဆောင်နေပြီဖြစ်တယ်လို့ insidefootball.com သတင်းဝက်ဘ် ဆိုက်က ရေးသားဖော်ပြထားပါတယ်။

ဒါပေမဲ့ ဗီလာနည်းပြ ရာထူးနဲ့ပတ်သက်ပြီး ကာယကံရှင်ဖြစ်တဲ့ ပိုချက်တီနိုရဲ့ စိတ်ခံစားမှုကသာ အဓိကကျနေ ပြီး သူကိုယ်တိုင်က လိုလိုလားလားရှိမှသာ နည်းပြရာထူးခန့်အပ်နိုင်ရေး အထမြောက်မှာ ဖြစ်တယ်လို့ ဗီလာဘက်က နားလည်ထားပါတယ်။

လက်ရှိမှာ ဗီလာဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၇ နေရာကို ရောက်နေပြီး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဖြစ်လို့ ပိုချက်တီနို ရောက်လာခဲ့ရင် နဖူးတွေ့ ဒူးတွေ့ ကြုံဆုံရမယ့် ကိစ္စတွေက အတော်လေး များနေပါတယ်။

ပိုချက်တီနိုဆိုတာက ပြီးခဲ့တဲ့ နွေရာသီမှာ မန်ယူကို အဲရစ်တန်ဟတ်မရောက်ခင် အိုးလ်ထရက်ဖို့ဒ်ကလပ်နဲ့ သတင်းထွက်ခဲ့တဲ့ နာမည်ကျော် နည်းပြတစ်ယောက်ပါ။

ဒီအာဂျင်တီးနားသားဟာ ပုံမှန်အားဖြင့် ချန်ပီ ယံလိဂ် ကစားခွင့်ရတဲ့ အသင်းမျိုးကိုသာ ကိုင်တွယ်လေ့ရှိပြီး ဆုဖလားတွေ ကိုသာ စိန်ခေါ်ချင်တဲ့ ဗီဇမျိုးရှိနေတော့ တန်းဆင်းဇုန်မှာ တိုက်ပွဲဝင်ရမယ့် ဗီလာကို ကြည်ကြည်သာသာနဲ့ လက်ခံပါ့မလားဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။

(Zawgyi)

ဗီလာကို ၾကည္ၾကည္သာသာနဲ႔ လက္ခံဖို႔ မရွိတဲ့ ပိုခ်က္တီႏို
==============================
နည္းျပရာထူးေနရာ လစ္လပ္သြားၿပီျဖစ္တဲ့ အက္စ္တြန္ဗီလာအသင္းဟာ စပါးနဲ႔ ပီအက္စ္ဂ်ီနည္းျပေဟာင္း ပိုခ်က္တီႏိုကို ေခၚယူဖို႔ ႀကိဳးစားေနၿပီျဖစ္ ေပမဲ့ လက္ေတြ႕မွာေတာ့ မလြယ္ကူႏိုင္ဘူးလို႔ သတင္းထြက္လာပါတယ္။

ၾကာသပေတးည ကစားခဲ့တဲ့ ပြဲစဥ္မွာ ဗီလာဟာ ဖူလ္ဟမ္ကို ၃-၀ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ နည္းျပ ဂ်ရတ္နဲ႔ လမ္းခြဲလိုက္ၿပီ ျဖစ္ပါတယ္။

ဒါေၾကာင့္ လက္ရွိမွာ လစ္လပ္သြားၿပီျဖစ္တဲ့ နည္းျပရာထူးေနရာ အတြက္ ဥေရာပအဆင့္မီ အေတြ႕အႀကဳံရင့္ နည္းျပတစ္ေယာက္ကို ဗီလာတို႔ ေရးႀကီး သုတ္ျပာနဲ႔ ရွာေဖြေနၿပီျဖစ္ပါတယ္။

ဒီအတြက္ ပရီးမီးယားလိဂ္မွာ စပါးနဲ႔အတူ အေတြ႕အႀကဳံအမ်ားႀကီး ရွိထားတဲ့ ပိုခ်က္တီႏိုကို ခန႔္အပ္ႏိုင္ေရး ႀကိဳးစားလုပ္ေဆာင္ေနၿပီျဖစ္တယ္လို႔ insidefootball.com သတင္းဝက္ဘ္ ဆိုက္က ေရးသားေဖာ္ျပထားပါတယ္။

ဒါေပမဲ့ ဗီလာနည္းျပ ရာထူးနဲ႔ပတ္ သက္ၿပီး ကာယကံရွင္ျဖစ္တဲ့ ပိုခ်က္တီႏိုရဲ႕ စိတ္ခံစားမႈကသာ အဓိကက်ေန ၿပီး သူကိုယ္တိုင္က လိုလိုလားလားရွိမွသာ နည္းျပ ရာထူးခန႔္အပ္ႏိုင္ေရး အထေျမာက္မွာ ျဖစ္တယ္လို႔ ဗီလာဘက္က နားလည္ထားပါတယ္။

လက္ရွိ မွာ ဗီလာဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၇ ေနရာကို ေရာက္ေနၿပီး အက်ပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္လို႔ ပိုခ်က္တီႏို ေရာက္လာခဲ့ရင္ နဖူးေတြ႕ ဒူးေတြ႕ ႀကဳံဆုံရမယ့္ ကိစၥေတြက အေတာ္ေလး မ်ားေနပါတယ္။

ပိုခ်က္တီႏိုဆိုတာက ၿပီးခဲ့တဲ့ ေႏြရာသီမွာ မန္ယူကို အဲရစ္ တန္ဟတ္မေရာက္ခင္ အိုးလ္ထရက္ဖို႔ဒ္ကလပ္နဲ႔ သတင္းထြက္ခဲ့တဲ့ နာမည္ ေက်ာ္ နည္းျပတစ္ေယာက္ပါ။

ဒီအာဂ်င္တီးနားသားဟာ ပုံမွန္အားျဖင့္ ခ်န္ပီ ယံလိဂ္ ကစားခြင့္ရတဲ့ အသင္းမ်ိဳးကိုသာ ကိုင္တြယ္ေလ့ရွိၿပီး ဆုဖလားေတြ ကိုသာ စိန္ေခၚခ်င္တဲ့ ဗီဇမ်ိဳး ရွိေနေတာ့ တန္းဆင္းဇုန္မွာ တိုက္ပြဲဝင္ရမယ့္

ဗီလာကို ၾကည္ၾကည္သာသာနဲ႔ လက္ခံပါ့မလားဆိုတာ စဥ္းစားစရာျဖစ္ေနပါ တယ္။