ဗီဇာစည်းမျဉ်းသတ်မှတ်ချက်ပြောင်းပြီးတဲ့နောက် အလုပ်လက်မဲ့ဖြစ်နေတဲ့ တူချယ် အင်္ဂလန်ကနေ မောင်းထုတ်ခံရနိုင်

ချဲလ်ဆီးနည်းပြဟောင်းတူချယ်ဟာ လာမယ့်လအတွင်းအင်္ဂလန်နိုင်ငံကထွက်ခွာဖို့ ဖိအားပေးခံနေရပြီဖြစ်တယ်။ ရာသီအစမှာ ချဲလ်ဆီးနဲ့ အတူရလဒ်တွေညံ့ဖျင်းခဲ့တာကြောင့်

လန်ဒန်ကလပ်ဟာ တူချယ်ကိုထုတ်ပယ်ပြီး ဂရေဟမ်ပေါ်တာနဲ့ အစားထိုးခဲ့တာဖြစ်တယ်။ The Telegraph သတင်းစာရဲ့ဖော်ပြချက်အရတော့ အလုပ်လက်မဲ့ဖြစ်နေတဲ့

ဂျာမန်သားဟာ ဗီဇာစည်းမျဉ်းသတ်မှတ်ချက်အသစ်အရ ဒီဇင်ဘာမှာ အင်္ဂလန်ကနေထွက်ခွာရတော့မယ်လို့ သိခဲ့ရတာဖြစ်တယ်။ ၂၀၂၁ ဇန်နဝါရီမှာ ချဲလ်ဆီးကိုစတင်ကိုင်တွယ်ခဲ့တဲ့

တူချယ်ဟာ Brexit အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထောက်ခံချက်ဗီဇာနဲ့ အင်္ဂလန်ကိုရောက်လာတာဖြစ်တယ်။ စည်းမျဉ်းသစ်အပြောင်းအလဲတွေရှိလာတဲ့နောက်

တူချယ်နဲ့ သူ့ရဲ့နောက်ကွယ်ကဝန်ထမ်းတွေကို နိုင်ငံအတွင်းဝင်ရောက်ခွင့်ပြုဖို့အတွက် ချဲလ်ဆီးအသင်းကအထူးလျှောက်လွှာတင်ပေးရမယ်လို့ ဖိအားပေးတောင်းဆိုမှုတွေရှိလာခဲ့တာပါ။

ချဲလ်ဆီးနည်းပြရာထူးကို စွန့်လွှတ်ခဲ့ရပြီးနောက် အကောင်းဆုံးအဖြေတစ်ခု ရှာနိုင်မယ်လို့ တူချယ်ကယူဆခဲ့ပေမဲ့ အလုပ်သစ်အကောင်အထည်မပေါ်ခဲ့တာကြောင့် ပထမဆုံးအကြိမ်အဖြစ်

ထိပ်တန်းနည်းပြတစ်ယောက် ဗြိတိန်ကနေမောင်းထုတ်ခံရနိုင်တဲ့အရေးနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်။ တူချယ်ဟာ UK မှာပျော်ရွှင်ပြီးသက်သောင့်သက်သာရှိနေသလို

သမီးနှစ်ယောက်ကျောင်းတက်နေတဲ့ ဆာရေးမှာနေထိုင်လျက်ရှိနေတာပါ။ တူချယ်ဟာ မိသားစုနဲ့အတူ အချိန်တန်ရင်မြူးနစ်ကိုပြန်ဖို့ရည်ရွယ်ထားပေမဲ့

လန်ဒန်မှာအချိန်တစ်ခုအထိထပ်နေဖို့စဉ်းစားထားတာဖြစ်တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဆောက်ဂိတ် အင်္ဂလန်အသင်းကိုစွန့်ခွာခဲ့ရင်

တူချယ်ကအစားထိုးဝင်ရောက်ဖို့ မျှော်လင့်ထားပါတယ်။ ဒီလိုမှဖြစ်မလာခဲ့ရင်တော့ ဂျာမန်သားဟာ အင်္ဂလန်မှာ ဆက်နေဖို့အတွက် ပရီးမီးယားလိဂ်တစ်သင်းကို ကိုင်တွယ်ရဖို့ရှိနေပါတယ်။

(Zawgyi)

ဗီဇာစည္းမ်ဥ္းသတ္မွတ္ခ်က္ေျပာင္းၿပီးတဲ့ေနာက အလုပ္လက္မဲ့ျဖစ္ေနတဲ့ တူခ်ယ္ အဂၤလန္ကေန ေမာင္းထုတ္ခံရႏိုင္

ခ်ဲလ္ဆီးနည္းျပေဟာင္းတူခ်ယ္ဟာ လာမယ့္လအတြင္းအဂၤလန္ႏိုင္ငံကထြက္ခြာဖို႔ဖိအားေပးခံေနရၿပီျဖစ္တယ္။ ရာသီအစမွာ ခ်ဲလ္ဆီးနဲ႔အတူရလဒ္ေတြညံ့ဖ်င္းခဲ့တာေၾကာင့္

လန္ဒန္ကလပ္ဟာ တူခ်ယ္ကိုထုတ္ပယ္ၿပီး ဂေရဟမ္ေပၚတာနဲ႔အစားထိုးခဲ့တာျဖစ္တယ္။ The Telegraph သတင္းစာရဲ႕ေဖာ္ျပခ်က္အရေတာ့ အလုပ္လက္မဲ့ျဖစ္ေနတဲ့ ဂ်ာမန္သားဟာ

ဗီဇာစည္းမ်ဥ္းသတ္မွတ္ခ်က္အသစ္အရ ဒီဇင္ဘာမွာ အဂၤလန္ကေနထြက္ခြာရေတာ့မယ္လို႔သိခဲ့ရတာျဖစ္တယ္။ ၂၀၂၁ ဇန္နဝါရီမွာ ခ်ဲလ္ဆီးကိုစတင္ကိုင္တြယ္ခဲ့တဲ့ တူခ်ယ္ဟာ Brexit

အုပ္ခ်ဳပ္ေရးအဖြဲ႕ရဲ႕ေထာက္ခံခ်က္ဗီဇာနဲ႔ အဂၤလန္ကိုေရာက္လာတာျဖစ္တယ္။ စည္းမ်ဥ္းသစ္အေျပာင္းအလဲေတြရွိလာတဲ့ေနာက္

တူခ်ယ္နဲ႔သူ႔ရဲ႕ေနာက္ကြယ္ကဝန္ထမ္းေတြကို ႏိုင္ငံအတြင္းဝင္ေရာက္ခြင့္ျပဳဖို႔အတြက္ ခ်ဲလ္ဆီးအသင္းကအထူးေလွ်ာက္လႊာတင္ေပးရမယ္လို႔

ဖိအားေပးေတာင္းဆိုမႈေတြရွိလာခဲ့တာပါ။ ခ်ဲလ္ဆီးနည္းျပရာထူးကိုစြန႔္လႊတ္ခဲ့ရၿပီးေနာက္ အေကာင္းဆုံးအေျဖတစ္ခုရွာႏိုင္မယ္လို႔ တူခ်ယ္ကယူဆခဲ့ေပမဲ့

အလုပ္သစ္အေကာင္အထည္မေပၚခဲ့တာေၾကာင့္ ပထမဆုံးအႀကိမ္အျဖစ္ ထိပ္တန္းနည္းျပတစ္ေယာက္ ၿဗိတိန္ကေနေမာင္းထုတ္ခံရႏိုင္တဲ့အေရးနဲ႔ ရင္ဆိုင္ေနရတာျဖစ္တယ္။

တူခ်ယ္ဟာ UK မွာေပ်ာ္႐ႊင္ၿပီးသက္ေသာင့္သက္သာရွိေနသလို သမီးႏွစ္ေယာက္ေက်ာင္းတက္ေနတဲ့ ဆာေရးမွာေနထိုင္လ်က္ရွိေနတာပါ။ တူခ်ယ္ဟာ မိသားစုနဲ႔အတူ

အခ်ိန္တန္ရင္ျမဴးနစ္ကိုျပန္ဖို႔ရည္႐ြယ္ထားေပမဲ့ လန္ဒန္မွာအခ်ိန္တစ္ခုအထိထပ္ေနဖို႔စဥ္းစားထားတာျဖစ္တယ္။ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ ေဆာက္ဂိတ္အဂၤလန္အသင္းကိုစြန႔္ခြာခဲ့ရင္

တူခ်ယ္ကအစားထိုးဝင္ေရာက္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။ ဒီလိုမွျဖစ္မလာခဲ့ရင္ေတာ့ ဂ်ာမန္သားဟာအဂၤလန္မွာဆက္ေနဖို႔အတြက္ ပရီးမီးယားလိဂ္တစ္သင္းကို ကိုင္တြယ္ရဖို႔ရွိေနပါတယ္။