
နယူးကာဆယ်နဲ့ရင်ဆိုင်ခဲ့တဲ့ ဗိုလ်လုပွဲကိုကြည့်ရှုခဲ့ပြီးနောက် တန်ဟတ်ကို





ယူနိုက်တက်နည်းပြအဖြစ်ကနှုတ်ထွက်တော့လို့ ကွင်းလယ်လူဟောင်း
ရွိုင်ကိန်းက ပြောဆိုလိုက်ပါတယ်။ ကက်စ်မီရိုရဲ့ဂိုးနဲ့ ဘော့မန်းရဲ့ OG က





ယူနိုက်တက်ကိုချန်ပီယံဖြစ်ဖို့လုံလောက်စေခဲ့သလို ဆုဖလားတစ်လုံးအတွက်
၆ နှစ်နီးပါးစောင့်ဆိုင်းခဲ့ရတဲ့ သရဲနီတွေအတွက် အမှတ်တရညနေခင်းဖြစ်ခဲ့တာပါ။
တန်ဟတ်ဟာ ယူနိုက်တက်နည်းပြဘဝမှာ ပထမဆုံးရရှိခဲ့တဲ့ ဆုဖလားကို





ကိုင်မြှောက်လိုက်ချိန်မှာတော့ သရဲနီပရိသတ်တွေက တခဲနက်အားပေးသွားခဲ့ကြပါတယ်။
ဒါ့အပြင် သူ့ရဲ့အေဂျက်သားပေါက်လေးနှစ်ကောင်ဖြစ်တဲ့ မာတီနက်ဇ်၊





အန်တိုနီတို့နဲ့ဖန်တီးခဲ့တဲ့ ၃ ပွင့်ဆိုင်အက ကိုလည်း သရဲနီပရိသတ်တွေ
အတော်လေးသဘောကျခဲ့တာဖြစ်တယ်။ ကခုန်ခြင်းတွေနဲ့ပက်သတ်လို့
အမြဲတမ်းမပျော်ရွှင်တတ်သူကတော့ ရွိုင်ကိန်းဖြစ်ပြီး ပွဲအပြီးမှာကပြခဲ့တဲ့





တန်ဟတ်ကို အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာဖို့ ပြောဆိုခဲ့ပါတယ်။
Sky Sports ရုပ်သံကတစ်ဆင့် ရွိုင်ကိန်းက “အဲ့ဒါပြီးရင်နှုတ်ထွက်သင့်တယ်။
ဘယ်တော့မှ…ဘယ်တော့မှ…ဘယ်တော့မှ” လို့ပြောဆိုလိုက်ချိန်မှာတော့
တန်ဟတ်က “အရင်က ငါဒါမျိုး(အက)လုပ်ခဲ့ပြီးပြီ ငါတို့ထပ်လုပ်နိုင်မယ်လို့
မျှော်လင့်တယ်” လို့ ဆိုခဲ့တဲ့နောက် စပါးကွင်းလယ်လူဟောင်း ဒေးဗစ်ဂျီနိုလာက
“အဲဒါ ရွိုင်ကိန်းပဲ၊ စိတ်မပူပါနဲ့” လို့ အကနဲ့ပက်သတ်လို့





ဝင်ရောက်ကာကွယ်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အစီအစဉ်တင်ဆက်သူအဖြစ်
ပါဝင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်-B အသင်းနည်းပြဟောင်း မာ့ခ်ချပ်မန်းက





“ကစားသမားတွေရဲ့တုံ့ပြန်ပုံနဲ့ ပရိသတ်တွေကိုကြည့်ပါ။ သူတို့အောင်မြင်မှုအတွက်
စိတ်အားထက်သန်နေကြတယ်။ တည်ဆောက်မှုတွေအားလုံးက နယူးကာဆယ်ရဲ့
စောင့်ဆိုင်းရတဲ့အကြောင်းအရင်းတွေဖြစ်ပေမယ့် ယူနိုက်တက်အတွက်ကလည်း





၅ နှစ်၊ ၆ နှစ်လောက်ကြာမြင့်ပုံပေါ်ပါတယ်။ သူတို့နိုင်ပွဲနဲ့ထိုက်တန်တယ်။
သူတို့ဟာ ထိရောက်ကောင်းမွန်တဲ့သွင်းဂိုး ၂ ဂိုး ရခဲ့တယ်။





ယူနိုက်တက်ဟာ ကောင်းမွန်တဲ့နေ့ရက်တွေဆီပြန်လာဖို့
အစပြုနိုင်မယ်လို့ မျှော်လင့်တယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။
zawgyi





ဗိုလ္လုပြဲအၿပီးမွာ ေအဂ်က္သားေပါက္ေဟာင္းႏွစ္ေယာက္နဲ႔ ၃ ပြင့္ဆိုင္ကျပေနတဲ့ တန္ဟတ္ကို ရာထူးကႏႈတ္ထြက္ေတာ့လို႔ ႐ြိဳင္ကိန္း ေျပာဆို
နယူးကာဆယ္နဲ႔ရင္ဆိုင္ခဲ့တဲ့ ဗိုလ္လုပြဲကိုၾကည့္ရႈခဲ့ၿပီးေနာက္ တန္ဟတ္ကို





ယူႏိုက္တက္နည္းျပအျဖစ္ကႏႈတ္ထြက္ေတာ့လို႔ ကြင္းလယ္လူေဟာင္း
႐ြိဳင္ကိန္းက ေျပာဆိုလိုက္ပါတယ္။ ကက္စ္မီ႐ိုရဲ႕ဂိုးနဲ႔ ေဘာ့မန္းရဲ႕ OG က
ယူႏိုက္တက္ကိုခ်န္ပီယံျဖစ္ဖို႔လုံေလာက္ေစခဲ့သလို ဆုဖလားတစ္လုံးအတြက္





၆ ႏွစ္နီးပါးေစာင့္ဆိုင္းခဲ့ရတဲ့ သရဲနီေတြအတြက္ အမွတ္တရညေနခင္းျဖစ္ခဲ့တာပါ။
တန္ဟတ္ဟာ ယူႏိုက္တက္နည္းျပဘဝမွာ ပထမဆုံးရရွိခဲ့တဲ့ ဆုဖလားကို





ကိုင္ေျမႇာက္လိုက္ခ်ိန္မွာေတာ့ သရဲနီပရိသတ္ေတြက တခဲနက္အားေပးသြားခဲ့ၾကပါတယ္။
ဒါ့အျပင္ သူ႔ရဲ႕ေအဂ်က္သားေပါက္ေလးႏွစ္ေကာင္ျဖစ္တဲ့ မာတီနက္ဇ္၊
အန္တိုနီတို႔နဲ႔ဖန္တီးခဲ့တဲ့ ၃ ပြင့္ဆိုင္အက ကိုလည္း သရဲနီပရိသတ္ေတြ





အေတာ္ေလးသေဘာက်ခဲ့တာျဖစ္တယ္။ ကခုန္ျခင္းေတြနဲ႔ပက္သတ္လို႔
အၿမဲတမ္းမေပ်ာ္႐ႊင္တတ္သူကေတာ့ ႐ြိဳင္ကိန္းျဖစ္ၿပီး ပြဲအၿပီးမွာကျပခဲ့တဲ့





တန္ဟတ္ကို အိုးလ္ထရက္ဖို႔ဒ္ကေနထြက္ခြာဖို႔ ေျပာဆိုခဲ့ပါတယ္။
Sky Sports ႐ုပ္သံကတစ္ဆင့္ ႐ြိဳင္ကိန္းက “အဲ့ဒါၿပီးရင္ႏႈတ္ထြက္သင့္တယ္။
ဘယ္ေတာ့မွ…ဘယ္ေတာ့မွ…ဘယ္ေတာ့မွ” လို႔ေျပာဆိုလိုက္ခ်ိန္မွာေတာ့
တန္ဟတ္က “အရင္က ငါဒါမ်ိဳး(အက)လုပ္ခဲ့ၿပီးၿပီ ငါတို႔ထပ္လုပ္ႏိုင္မယ္လို႔
ေမွ်ာ္လင့္တယ္” လို႔ ဆိုခဲ့တဲ့ေနာက္ စပါးကြင္းလယ္လူေဟာင္း ေဒးဗစ္ဂ်ီႏိုလာက
“အဲဒါ ႐ြိဳင္ကိန္းပဲ၊ စိတ္မပူပါနဲ႔” လို႔ အကနဲ႔ပက္သတ္လို႔





ဝင္ေရာက္ကာကြယ္ေပးခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အစီအစဥ္တင္ဆက္သူအျဖစ္
ပါဝင္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္-B အသင္းနည္းျပေဟာင္း မာ့ခ္ခ်ပ္မန္းက
“ကစားသမားေတြရဲ႕တုံ႔ျပန္ပုံနဲ႔ ပရိသတ္ေတြကိုၾကည့္ပါ။ သူတို႔ေအာင္ျမင္မႈအတြက္





စိတ္အားထက္သန္ေနၾကတယ္။ တည္ေဆာက္မႈေတြအားလုံးက နယူးကာဆယ္ရဲ႕
ေစာင့္ဆိုင္းရတဲ့အေၾကာင္းအရင္းေတြျဖစ္ေပမယ့္ ယူႏိုက္တက္အတြက္ကလည္း





၅ ႏွစ္၊ ၆ ႏွစ္ေလာက္ၾကာျမင့္ပုံေပၚပါတယ္။ သူတို႔ႏိုင္ပြဲနဲ႔ထိုက္တန္တယ္။
သူတို႔ဟာ ထိေရာက္ေကာင္းမြန္တဲ့သြင္းဂိုး ၂ ဂိုး ရခဲ့တယ္။
ယူႏိုက္တက္ဟာ ေကာင္းမြန္တဲ့ေန႔ရက္ေတြဆီျပန္လာဖို႔





အစျပဳႏိုင္မယ္လို႔ ေမွ်ာ္လင့္တယ္” လို႔ ေျပာဆိုသြားခဲ့ပါတယ္။