ဗိုလ်လုပွဲအတွက်အခမဲ့လက်မှတ်လာတောင်းတဲ့ ရွိုင်ကိန်းကို ‘ကိစ္စမရှိပါဘူး’လို့ တန်ဟတ် တုံ့ပြန်

ကာရာဘောင်းဖလားဗိုလ်လုပွဲကြည့်ဖို့အတွက် အခမဲ့လက်မှတ်

လာတောင်းတဲ့ ရွိုင်ကိန်းအတွက် တန်ဟတ်ဘက်က အဖိုးမဖြတ်နိုင်တဲ့

တုံ့ပြန်မှုတစ်ခုရှိနေပါတယ်။ ယူနိုက်တက်ဟာ ဆီမီးဖိုင်နယ်

ဒုတိယအကျော့မှာ နော်တင်ဟမ်ကို ၂ဂိုးပြတ်အနိုင်တဲ့နောက်

နှစ်ကျော့ပေါင်းရလဒ် ၅-၀ နဲ့ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာဖြစ်တယ်။

သရဲနီတွေဟာ ဒီရာသီ ပထမဆုံးဆုဖလားအတွက် ဖေဖော်ဝါရီ

၂၆ ရက်နေ့ ဝင်ဘလေကွင်းထဲမှာ အက်ဒီဟိုဝီရဲ့ နယူးကာဆယ်နဲ့

ရင်ဆိုင်သွားရမှာပါ။ ရွိုင်ကိန်းကတော့ အခုလိုပွဲကြီးမျိုးအတွက်

လန်ဒန်မှာရှိနေဖို့စိတ်အားထက်သန်ပုံပေါ်ပါတယ်။

နော်တင်ဟမ်နဲ့ပွဲပြီး အင်တာဗျူးမှာတော့ ရွိုင်ကိန်းက

ရယ်ရယ်မောမောနဲ့ တန်ဟတ်ဆီကိုလက်မှတ်တောင်းနေတာ

တွေ့ရပါတယ်။ နယ်သာလန်သားနည်းပြက ယူနိုက်တက်

အသင်းခေါင်းဆောင်ဟောင်းကို ‘ကိစ္စမရှိပါဘူး’ လို့ ရယ်မောရင်း

တုံ့ပြန်သွားတာဖြစ်တယ်။ Sky Sports ရုပ်သံတင်ဆက်သူ

မာ့ခ်ချပ်မန်းကတော့ ရယ်စရာကောင်းတဲ့အခိုက်အတန့်အတွက်

ရွိုင်ကိန်းကိုယ်စား တန်ဟတ်ကိုတောင်းပန်သွားခဲ့တာတွေ့ရပါတယ်။

အင်တာဗျူးကိုဆက်လုပ်ပြုလုပ်ရာမှာတော့ တန်ဟတ်က

နော်တင်ဟမ်နဲ့ပွဲမှာ သူ့အသင်းရဲ့ပထမပိုင်းကစားပုံငြီးငွေ့စရာဖြစ်ပေမဲ့

ဒုတိယပိုင်းစွမ်းဆောင်ရည်ကိုတော့ ချီးကျူးသွားခဲ့ပါတယ်။

“ဟုတ်ပါတယ်၊ ဆီမီးဖိုင်နယ်ကိုကျော်ဖြတ်နိုင်တဲ့အတွက်

အဆင်ပြေပါတယ်။ ရိုးရိုးသားသားပြောရရင် ပထမပိုင်းက

အဆင်မပြေပါဘူး။ ဒါက ပရော်ဖက်ရှင်နယ်ကျတယ်လို့

ကျွန်တော်ထင်ပေမဲ့ ကစားပုံနှေးလွန်းသလို အခွင့်အရေး

အများကြီးမဖန်တီးနိုင်ခဲ့ပါဘူး” လို့ ပွဲပြီးအင်တာဗျူးမှာ တန်ဟတ်က ပြောဆိုခဲ့ပါတယ်။

zawgyi

ဗိုလ္လုပြဲအတြက္အခမဲ့လက္မွတ္လာေတာင္းတဲ့ ႐ြိဳင္ကိန္းကို ‘ကိစၥမရွိပါဘူး’လို႔ တန္ဟတ္ တုံ႔ျပန္

ကာရာေဘာင္းဖလားဗိုလ္လုပြဲၾကည့္ဖို႔အတြက္ အခမဲ့လက္မွတ္

လာေတာင္းတဲ့ ႐ြိဳင္ကိန္းအတြက္ တန္ဟတ္ဘက္က အဖိုးမျဖတ္ႏိုင္တဲ့

တုံ႔ျပန္မႈတစ္ခုရွိေနပါတယ္။ ယူႏိုက္တက္ဟာ ဆီမီးဖိုင္နယ္

ဒုတိယအေက်ာ့မွာ ေနာ္တင္ဟမ္ကို ၂ဂိုးျပတ္အႏိုင္တဲ့ေနာက္

ႏွစ္ေက်ာ့ေပါင္းရလဒ္ ၅-၀ နဲ႔ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့တာျဖစ္တယ္။

သရဲနီေတြဟာ ဒီရာသီ ပထမဆုံးဆုဖလားအတြက္ ေဖေဖာ္ဝါရီ

၂၆ ရက္ေန႔ ဝင္ဘေလကြင္းထဲမွာ အက္ဒီဟိုဝီရဲ႕ နယူးကာဆယ္နဲ႔

ရင္ဆိုင္သြားရမွာပါ။ ႐ြိဳင္ကိန္းကေတာ့ အခုလိုပြဲႀကီးမ်ိဳးအတြက္

လန္ဒန္မွာရွိေနဖို႔စိတ္အားထက္သန္ပုံေပၚပါတယ္။

ေနာ္တင္ဟမ္နဲ႔ပြဲၿပီး အင္တာဗ်ဴးမွာေတာ့ ႐ြိဳင္ကိန္းက

ရယ္ရယ္ေမာေမာနဲ႔ တန္ဟတ္ဆီကိုလက္မွတ္ေတာင္းေနတာ

ေတြ႕ရပါတယ္။ နယ္သာလန္သားနည္းျပက ယူႏိုက္တက္

အသင္းေခါင္းေဆာင္ေဟာင္းကို ‘ကိစၥမရွိပါဘူး’ လို႔ ရယ္ေမာရင္း

တုံ႔ျပန္သြားတာျဖစ္တယ္။ Sky Sports ႐ုပ္သံတင္ဆက္သူ

မာ့ခ္ခ်ပ္မန္းကေတာ့ ရယ္စရာေကာင္းတဲ့အခိုက္အတန႔္အတြက္

႐ြိဳင္ကိန္းကိုယ္စား တန္ဟတ္ကိုေတာင္းပန္သြားခဲ့တာေတြ႕ရပါတယ္။

အင္တာဗ်ဴးကိုဆက္လုပ္ျပဳလုပ္ရာမွာေတာ့ တန္ဟတ္က

ေနာ္တင္ဟမ္နဲ႔ပြဲမွာ သူ႔အသင္းရဲ႕ပထမပိုင္းကစားပုံၿငီးေငြ႕စရာျဖစ္ေပမဲ့

ဒုတိယပိုင္းစြမ္းေဆာင္ရည္ကိုေတာ့ ခ်ီးက်ဴးသြားခဲ့ပါတယ္။

“ဟုတ္ပါတယ္၊ ဆီမီးဖိုင္နယ္ကိုေက်ာ္ျဖတ္ႏိုင္တဲ့အတြက္

အဆင္ေျပပါတယ္။ ႐ိုး႐ိုးသားသားေျပာရရင္ ပထမပိုင္းက

အဆင္မေျပပါဘူး။ ဒါက ပေရာ္ဖက္ရွင္နယ္က်တယ္လို႔

ကြၽန္ေတာ္ထင္ေပမဲ့ ကစားပုံေႏွးလြန္းသလို အခြင့္အေရး

အမ်ားႀကီးမဖန္တီးႏိုင္ခဲ့ပါဘူး” လို႔ ပြဲၿပီးအင္တာဗ်ဴးမွာ တန္ဟတ္က ေျပာဆိုခဲ့ပါတယ္။