





လာမယ့်တနင်္ဂနွေမှာယှဉ်ပြိုင်ကစားမယ့် ဗိုလ်လုပွဲအတွက်တော့
ရော်နယ်ဒိုတို့မိသားစုဝင်တွေအားလုံးဟာ မက်ဆီရဲ့အာဂျင်တီးနား





အသင်းကိုထောက်ခံအားပေးသွားကြပါလိမ့်မယ်။ ၂၀၂၂ ခုနှစ်ဟာ
ပေါ်တူဂီကြယ်ပွင့်အတွက် စိတ်ထိခိုက်စရာနဲ့ အဆိုးရွားဆုံးလို့ဆိုရင်
မှားမယ်မထင်ပါဘူး။ မျိုးဆက်သစ်ဖြစ်လာမယ့်ရင်သွေးတစ်ယောက်ကို





ဆုံးရှုံးခဲ့ရတယ်၊ ယူနိုက်တက်မှာ အရန်ခုံထိုင်ခဲ့ရတယ်၊ ပြီးတော့ သရဲနီတွေနဲ့
စာချုပ်ဖျက်သိမ်းလိုက်ရတယ်၊ ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှာ





အရန်ခုံထိုင်ခဲ့ရတယ်၊ ကမ္ဘာ့ဖလားအိပ်မက်တွေအဆုံးသတ်ခဲ့ရတယ်ဆိုတဲ့
စိတ်ညစ်စရာတွေအောက်မှာလုံးပန်းခဲ့ရတာဖြစ်တယ်။
ဒါ့အပြင် ကမ္ဘာ့ဖလား ၅ကြိမ်မှာ ရော်နယ်ဒိုက ဂိုးပါဝင်ပတ်သတ်မှု(၁၀ကြိမ်)ကို





၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုတည်းနဲ့ ၈ကြိမ်လုပ်ပြထားတဲ့
မက်ဆီအနေနဲ့ဗိုလ်လုပွဲမှာစံချိန်တူအနေအထားလုပ်ပြဖို့





အခွင့်အရေးရှိနေပါတယ်။ ဖိုင်နယ်ပွဲအတွက် ဗိုလ်စွဲနိုင်ခြေမှာမှာတော့
အာဂျင်တီးနားက ၅၃ ရာခိုင်နှုန်းရှိနေပြီး ပြင်သစ်ကတော့
၄၇ ရာခိုင်နှုန်းသာရှိနေတာဖြစ်တယ်။ ဒီလိုအချိန်မှာ တစ်မိသားစုလုံးက





မက်ဆီကိုထောက်ခံအားပေးသွားမယ်လို့ ရော်နယ်ဒိုက
အတည်ပြုလိုက်ပါတယ်။ “ကျွန်တော့်သားက မက်ဆီဖန်တစ်ယောက်ပါ။





ကျွန်တော့်ဇနီးဟာ အာဂျင်တီးနားမျိုးရိုးကဆင်းသက်လာပါတယ်။
ကျွန်တော်ကလည်း မက်ဆီပရိသတ်ပါ။ ဒါကြောင့် ကျွန်တော်တို့
တစ်မိသားစုလုံး ၂၀၂၂ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားကို





အားပေးသွားပါမယ်” လို့ ရော်နယ်ဒိုက လူမူကွန်ယက်မှာအသိပေးထားပါတယ်။





zawgyi
ဗိုလ္လုပြဲမွာ ေရာ္နယ္ဒိုတို႔တစ္မိသားစုလုံးက မက္ဆီနဲ႔ အာဂ်င္တီးနားကို အားေပးသြားဖို႔ရွိတယ္
လာမယ့္တနဂၤေႏြမွာယွဥ္ၿပိဳင္ကစားမယ့္ ဗိုလ္လုပြဲအတြက္ေတာ့





ေရာ္နယ္ဒိုတို႔မိသားစုဝင္ေတြအားလုံးဟာ မက္ဆီရဲ႕အာဂ်င္တီးနား
အသင္းကိုေထာက္ခံအားေပးသြားၾကပါလိမ့္မယ္။ ၂၀၂၂ ခုႏွစ္ဟာ





ေပၚတူဂီၾကယ္ပြင့္အတြက္ စိတ္ထိခိုက္စရာနဲ႔ အဆိုး႐ြားဆုံးလို႔ဆိုရင္
မွားမယ္မထင္ပါဘူး။ မ်ိဳးဆက္သစ္ျဖစ္လာမယ့္ရင္ေသြးတစ္ေယာက္ကို
ဆုံးရႈံးခဲ့ရတယ္၊ ယူႏိုက္တက္မွာ အရန္ခုံထိုင္ခဲ့ရတယ္၊ ၿပီးေတာ့ သရဲနီေတြနဲ႔





စာခ်ဳပ္ဖ်က္သိမ္းလိုက္ရတယ္၊ ကမာၻ႔ဖလားရႈံးထြက္အဆင့္မွာ
အရန္ခုံထိုင္ခဲ့ရတယ္၊ ကမာၻ႔ဖလားအိပ္မက္ေတြအဆုံးသတ္ခဲ့ရတယ္ဆိုတဲ့





စိတ္ညစ္စရာေတြေအာက္မွာလုံးပန္းခဲ့ရတာျဖစ္တယ္။
ဒါ့အျပင္ ကမာၻ႔ဖလား ၅ႀကိမ္မွာ ေရာ္နယ္ဒိုက ဂိုးပါဝင္ပတ္သတ္မႈ(၁၀ႀကိမ္)ကို
၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲတစ္ခုတည္းနဲ႔ ၈ႀကိမ္လုပ္ျပထားတဲ့





မက္ဆီအေနနဲ႔ဗိုလ္လုပြဲမွာစံခ်ိန္တူအေနအထားလုပ္ျပဖို႔
အခြင့္အေရးရွိေနပါတယ္။ ဖိုင္နယ္ပြဲအတြက္ ဗိုလ္စြဲႏိုင္ေျခမွာမွာေတာ့





အာဂ်င္တီးနားက ၅၃ ရာခိုင္ႏႈန္းရွိေနၿပီး ျပင္သစ္ကေတာ့
၄၇ ရာခိုင္ႏႈန္းသာရွိေနတာျဖစ္တယ္။ ဒီလိုအခ်ိန္မွာ တစ္မိသားစုလုံးက
မက္ဆီကိုေထာက္ခံအားေပးသြားမယ္လို႔ ေရာ္နယ္ဒိုက





အတည္ျပဳလိုက္ပါတယ္။ “ကြၽန္ေတာ့္သားက မက္ဆီဖန္တစ္ေယာက္ပါ။
ကြၽန္ေတာ့္ဇနီးဟာ အာဂ်င္တီးနားမ်ိဳး႐ိုးကဆင္းသက္လာပါတယ္။





ကြၽန္ေတာ္ကလည္း မက္ဆီပရိသတ္ပါ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔
တစ္မိသားစုလုံး ၂၀၂၂ ကမာၻ႔ဖလားမွာ အာဂ်င္တီးနားကို
အားေပးသြားပါမယ္” လို႔ ေရာ္နယ္ဒိုက လူမူကြန္ယက္မွာအသိေပးထားပါတယ္။




