ဗိုလ်လုပွဲမှာ ဆာလာရဲ့အီဂျစ်၊ အိမ်ရှင်ကင်မရွန်း ဘယ်အသင်းနဲ့ တွေ့ချင်လဲဆိုတဲ့အမေးကို အကောင်းဆုံးဖြေသွားတဲ့ မာနေး

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ဆီနီဂေါအသင်း
နောက်ဆုံးပြိုင်ပွဲ ၂ကြိမ်ဆက် ဗိုလ်လုပွဲ
တက်နိုင်ခဲ့ပြီးနောက် အသင်ေးခါင်းဆောင် မာနေးက
အသင်းဖော်တွေရဲ့ကြိုဲးစားအားထုတ်မှုကို
အလေးအနက် ချီးကျူးသွားပါတယ်။
ဆီနီဂေါဟာ ဘာကီနာဖာဆိုအသင်းကို
၃-၁ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲမှာ
အိမ်ရှင် ကင်မရွန်း၊ ဒါမှမဟုတ် မာနေးရဲ့
လီဗာပူးအသင်းဖော် ဆာလာ ဦးဆောင်တဲ့
အီဂျစ် တစ်သင်းသင်းနဲ့ ရင်ဆိုင်ရမှာပါ။


အဲဒီပွဲမှာ ၁ဂိုးသွင်း၊ ၁ဂိုးဖန်တီးကာ ဆီနီဂေါအသင်းသမိုင်းတစ်လျှောက်
ပူးတွဲဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၂၉ဂိုးနဲ့
စံချိန်လိုက်မီနိုင်ခဲ့တဲ့ မာနေးက
”အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို
၂ကြိမ်ဆက်တက်ရောက်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။
ဒါပေမဲ့ အရေးကြီးဆုံးအရာကတော့ ချန်ပီယံဖြစ်ရေးပါပဲ။
ဘယ်အသင်းနဲ့ပဲ ကစားရ ကစားရပေါ့”လို့ ပြောပါတယ်။
ဆက်လက်ပြီး မာနေးက ဘာကီနာဖာဆိုပွဲနဲ့ပတ်သတ်လို့
”ကျွန်တော်တို့ဟာ သိပ်ကောင်းတဲ့ပြိုင်ဘက်နဲ့
ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဘာကီနာဖာဆိုအသင်းက
ပြဿနာတွေလည်း အများကြီးပေးခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ကလည်း ပျာယာခတ်မသွားဘဲ
အတည်ငြိမ်ဆုံးပုံစံနဲ့ ပြန်လည်တုံ့ပြန်နိုင်ခဲ့ပြီး
အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။


ဒီနိုင်ပွဲနဲ့ ကျွန်တော်တို့အသင်း
ထိုက်တန်တယ်လို့ထင်ပါတယ်”လို့ ပြောကြားသွားပါတယ်။
အာဖရိကတိုက်ရဲ့ ကမ္ဘာ့အဆင့်အမြင့်ဆုံးအသင်းဖြစ်တဲ့
ဆီနီဂေါအသင်းဟာ ၂၀၁၉ အာဖရိကနိုင်ငံဖလားပြိုင်ပွဲရဲ့
ဗိုလ်လုပွဲမှာ အယ်လ်ဂျီးရီးယားအသင်းကို အရေးနိမ့်ခဲ့ရပါတယ်။
ဒီညမှာ ဒုတိယမြောက်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ်
ကင်မရွန်းနဲ့ အီဂျစ်တို့ ရင်ဆိုင်ရမှာဖြစ်ပြီး
သူတို့နှစ်သင်းက အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ
အအောင်မြင်ဆုံးအသင်းတွေအဖြစ် နှစ်သင်းပေါင်း
ချန်ပီယံဆု ၁၂ကြိမ်ရထားချိန်မှာ ဆီနီဂေါကတော့
ပထမဆုံးချန်ပီယံဖြစ်ဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။
အဆုံးအဖြတ် ဗိုလ်လုပွဲမှာ
ဘယ်အသင်းနဲ့ တွေ့ချင်လဲဆိုတဲ့ မေးခွန်းကို
မာနေးက ”ကျွန်တော်ကတော့ ဘယ်အသင်းနဲ့
ပိုတွေ့ချင်လဲဆိုတာမျိုးမရှိပါဘူး”လို့ အရိုးသားဆုံးဖြေသွားပါတယ်။