





ပြင်သစ်ကစားသမားတွေဖြစ်တဲ့ ရာဘီရော့နဲ့ အူပါမီကာနိုတို့ဟာ
အဖျားရောဂါကြောင့် မော်ရိုကိုနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကိုလွဲချော်ခဲ့ပြီး





နည်းပြဒက်ချမ့်စ်က ပွဲထွက်လူစာရင်းကိုအနည်းငယ်အပြောင်းအလဲ
လုပ်ခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ အသင်းသားတွေကြား ဗိုင်းရပ်စ်ပျံ့နှံ့မှုကို
ဂရုတစိုက်ထိန်းချုပ်သွားမယ်လို့ ဒက်ချမ့်စ်က အသိပေးခဲ့ပါတယ်။





ဒါပေမဲ့ အာဂျင်တီးနားနဲ့ဖိုင်နယ်ပွဲမတိုင်ခင် တစ်ရက်အလိုမှာ
ပြင်သစ်ကြယ်ပွင့်တွေကြား တုပ်ကွေးဗိုင်းရပ်စ်က ဆက်လက်





ပျံ့နှံ့နေဆဲဖြစ်ပြီး နောက်ခံလူတွေဖြစ်တဲ့ ဗာရန်းနဲ့ ကိုနာတေးတို့
ဖျားနေကြတယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကအတည်ပြုထားပါတယ်။
မော်ရိုကိုဘက်ကို ဒုတိယအနိုင်ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူးမူရာနီက





ပွဲပြီးအင်တာဗျူးမှာ ဒီကိစ္စကိုထည့်သွင်းပြောဆိုခဲ့ပေမဲ့ သူဟာ
ဆရာဝန်တစ်ယောက်မဟုတ်လို့ ဒီအကြောင်းကိုနောက်မှ





ဆက်ပြောမယ်လို့ ပြင်သစ်သတင်းဌာနရဲ့တာဝန်ရှိသူတစ်ယောက်က
ဝင်ရောက်ပြောဆိုခဲ့ပါတယ်။ တောင်ပံတိုက်စစ်ကစားသမား
ဒမ်ဘီလီကတော့ ရာဘီရော့နဲ့ အူပါမီကာနိုတို့ရဲ့အခြေအနေက





ဂျင်းပြုတ်ရည်သောက်သောက်လိုက်ရုံလောက်နဲ့အဆင်ပြေတယ်လို့
ဖွင့်ဟခဲ့ပြီး အာဂျင်တီးနားနဲ့ပွဲမှာ လူစုံတက်စုံကစားနိုင်မယ်လို့





ဖွင့်ဟလိုက်ပါတယ်။ နည်းပြ ဒက်ချမ့်စ်ကလည်း မော်ရိုကိုနဲ့
ပွဲစဉ်လွဲချော်ခဲ့တဲ့ အဓိက ကစားသမားနှစ်ယောက်စလုံးဖိုင်နယ်မှာ
ပြန်ကစားနိုင်မယ်လို့ အခိုင်အမာယုံကြည်နေပါတယ်။





zawgyi





ဗိုလ္လုပြဲမတိုင္တစ္ရက္အလိုမွာ ျပင္သစ္ၾကယ္ပြင့္ေတြၾကား တုပ္ေကြးဗိုင္းရပ္စ္ ဆက္လက္ပ်ံ႕ႏွံ႔ေန
ျပင္သစ္ကစားသမားေတြျဖစ္တဲ့ ရာဘီေရာ့နဲ႔ အူပါမီကာႏိုတို႔ဟာ
အဖ်ားေရာဂါေၾကာင့္ ေမာ္႐ိုကိုနဲ႔ ဆီမီးဖိုင္နယ္ပြဲစဥ္ကိုလြဲေခ်ာ္ခဲ့ၿပီး





နည္းျပဒက္ခ်မ့္စ္က ပြဲထြက္လူစာရင္းကိုအနည္းငယ္အေျပာင္းအလဲ
လုပ္ခဲ့ရပါတယ္။ ပြဲအၿပီးမွာေတာ့ အသင္းသားေတြၾကား ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကို





ဂ႐ုတစိုက္ထိန္းခ်ဳပ္သြားမယ္လို႔ ဒက္ခ်မ့္စ္က အသိေပးခဲ့ပါတယ္။
ဒါေပမဲ့ အာဂ်င္တီးနားနဲ႔ဖိုင္နယ္ပြဲမတိုင္ခင္ တစ္ရက္အလိုမွာ
ျပင္သစ္ၾကယ္ပြင့္ေတြၾကား တုပ္ေကြးဗိုင္းရပ္စ္က ဆက္လက္





ပ်ံ႕ႏွံ႔ေနဆဲျဖစ္ၿပီး ေနာက္ခံလူေတြျဖစ္တဲ့ ဗာရန္းနဲ႔ ကိုနာေတးတို႔
ဖ်ားေနၾကတယ္လို႔ ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ကအတည္ျပဳထားပါတယ္။





ေမာ္႐ိုကိုဘက္ကို ဒုတိယအႏိုင္ဂိုးသြင္းခဲ့တဲ့ တိုက္စစ္မႉးမူရာနီက
ပြဲၿပီးအင္တာဗ်ဴးမွာ ဒီကိစၥကိုထည့္သြင္းေျပာဆိုခဲ့ေပမဲ့ သူဟာ
ဆရာဝန္တစ္ေယာက္မဟုတ္လို႔ ဒီအေၾကာင္းကိုေနာက္မွ





ဆက္ေျပာမယ္လို႔ ျပင္သစ္သတင္းဌာနရဲ႕တာဝန္ရွိသူတစ္ေယာက္က
ဝင္ေရာက္ေျပာဆိုခဲ့ပါတယ္။ ေတာင္ပံတိုက္စစ္ကစားသမား





ဒမ္ဘီလီကေတာ့ ရာဘီေရာ့နဲ႔ အူပါမီကာႏိုတို႔ရဲ႕အေျခအေနက
ဂ်င္းျပဳတ္ရည္ေသာက္ေသာက္လိုက္႐ုံေလာက္နဲ႔အဆင္ေျပတယ္လို႔
ဖြင့္ဟခဲ့ၿပီး အာဂ်င္တီးနားနဲ႔ပြဲမွာ လူစုံတက္စုံကစားႏိုင္မယ္လို႔





ဖြင့္ဟလိုက္ပါတယ္။ နည္းျပ ဒက္ခ်မ့္စ္ကလည္း ေမာ္႐ိုကိုနဲ႔
ပြဲစဥ္လြဲေခ်ာ္ခဲ့တဲ့ အဓိက ကစားသမားႏွစ္ေယာက္စလုံးဖိုင္နယ္မွာ





ျပန္ကစားႏိုင္မယ္လို႔ အခိုင္အမာယုံၾကည္ေနပါတယ္။