
မိုလီနော့ကွင်းမှာ ၁-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်ဟာ
ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲသလို အောင်ပွဲခံခဲ့ကြောင်း
ဝုဗ်ကွင်းလယ်ရူဘင်နီဗက်စ်က ရှုတ်ချလိုက်ပါတယ်။
စက္ကန့်ပိုင်းအတွင်း ၂ ဝါ ၁ နီနဲ့ အထုတ်ခံခဲ့ရတဲ့တိုက်စစ်မှုးမာတင်နယ်လီကြောင့်
အာတီတာရဲ့အသင်းဟာ အဲဒီပွဲမှာ နောက်ဆုံးမိနစ် ၂၀ ကို
၁၀ ယောက်တည်းနဲ့ ကစားခဲ့ရတာပါ။
ဒါပေမဲ့လည်း အာဆင်နယ်ဟာ နောက်ဆုံးမှာ အမှတ်ပြည့်ယူနိုင်ခဲ့ပြီး
အဲဒီအတွက် မိုလီနော့ကွင်းမှာ အကြီးအကျယ်အောင်ပွဲခံခဲ့ပါတယ်။
ဒါပေမဲ့လည်း ဝုဗ်ကွင်းလယ်လူနီဗက်စ်အတွက်ကတော့
ဒီလိုအောင်ပွဲခံမှုဟာ အလွန်အကျွံဖြစ်နေတယ်လို့ မြင်နေတာပါ။
ပွဲအပြီးမှာ နီဗက်စ်က”ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဂိုးသွင်းနိုင်ဖို့တော့ ရုန်းကန်ခဲ့ရပြီး တည်ကန်ဘောကနေ
အခွင့်အရေးတွေပေးခဲ့ရတယ်။ သူတို့ရသွားတဲ့ဂိုးမှာဆိုရင်
အဲဒါက foul ဟုတ်၊မဟုတ် မသေချာပါဘူး။
ဒါပေမဲ့ ဒါက ဘောလုံးဖြစ်လို့ အဲဒီလိုဆုံးဖြတ်ချက်တွေနဲ့
ကျွန်တော်တို့ကျင့်သားရရမှာပါ။ ဒီနိုင်ပွဲအတွက် သူတို့အောင်ပွဲခံတဲ့ပုံစံကိုလည်း
ကျွန်တော်မြင်လိုက်ရတယ်။ အဲဒါက ကျွန်တော်တို့ရဲ့အဆင့်အတန်းကို ပြနေတာပါ။
လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အာဆင်နယ် ဒီလိုအောင်ပွဲခံတာကို
ကျွန်တော်မတွေ့ခဲ့ရဘူး။ အဲဒါက ပရီးမီးယားလိဂ်မှာ
သူတို့ဗိုလ်စွဲသလိုပါပဲ”လို့ BBC ရုပ်သံကို ပြောကြားခဲ့ပါတယ်။
ဝုဗ်နည်းပြဘရူနိုလာဂီကလည်း ဒီပွဲရလဒ်အတွက် ဒေါသထွက်နေပြီး
သူတို့ဟာ ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ကာ
တစ်မှတ်မှမယူနိုင်လို့ ကံမကောင်းကြောင်း ဆိုခဲ့ပါတယ်။
အာဆင်နယ်ဟာ ၂၀၂၂ အတွင်းမှာ သူတို့ရဲ့ပထမဆုံးနိုင်ပွဲကို ရရှိခဲ့တာဖြစ်ပါတယ်။
zawgyi
ဗိုလ္စြဲသလို ေအာင္ပြဲခံခဲ့တဲ့ အာဆင္နယ္ကို ဝုဗ္ကြင္းလယ္လူနီဗက္စ္ ရႈတ္ခ်
မိုလီေနာ့ကြင္းမွာ ၁-၀ နဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ အာဆင္နယ္ဟာ
ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲသလို ေအာင္ပြဲခံခဲ့ေၾကာင္း
ဝုဗ္ကြင္းလယ္႐ူဘင္နီဗက္စ္က ရႈတ္ခ်လိုက္ပါတယ္။
စကၠန႔္ပိုင္းအတြင္း ၂ ဝါ ၁ နီနဲ႔ အထုတ္ခံခဲ့ရတဲ့တိုက္စစ္မႈးမာတင္နယ္လီေၾကာင့္
အာတီတာရဲ႕အသင္းဟာ အဲဒီပြဲမွာ ေနာက္ဆုံးမိနစ္ ၂၀ ကို
၁၀ ေယာက္တည္းနဲ႔ ကစားခဲ့ရတာပါ။
ဒါေပမဲ့လည္း အာဆင္နယ္ဟာ ေနာက္ဆုံးမွာ အမွတ္ျပည့္ယူႏိုင္ခဲ့ၿပီး
အဲဒီအတြက္ မိုလီေနာ့ကြင္းမွာ အႀကီးအက်ယ္ေအာင္ပြဲခံခဲ့ပါတယ္။
ဒါေပမဲ့လည္း ဝုဗ္ကြင္းလယ္လူနီဗက္စ္အတြက္ကေတာ့
ဒီလိုေအာင္ပြဲခံမႈဟာ အလြန္အကြၽံျဖစ္ေနတယ္လို႔ ျမင္ေနတာပါ။
ပြဲအၿပီးမွာ နီဗက္စ္က”ကြၽန္ေတာ္တို႔ ေကာင္းေကာင္းလုပ္ႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ ဂိုးသြင္းႏိုင္ဖို႔ေတာ့ ႐ုန္းကန္ခဲ့ရၿပီး တည္ကန္ေဘာကေန
အခြင့္အေရးေတြေပးခဲ့ရတယ္။ သူတို႔ရသြားတဲ့ဂိုးမွာဆိုရင္
အဲဒါက foul ဟုတ္၊မဟုတ္ မေသခ်ာပါဘူး။
ဒါေပမဲ့ ဒါက ေဘာလုံးျဖစ္လို႔ အဲဒီလိုဆုံးျဖတ္ခ်က္ေတြနဲ႔
ကြၽန္ေတာ္တို႔က်င့္သားရရမွာပါ။ ဒီႏိုင္ပြဲအတြက္ သူတို႔ေအာင္ပြဲခံတဲ့ပုံစံကိုလည္း
ကြၽန္ေတာ္ျမင္လိုက္ရတယ္။ အဲဒါက ကြၽန္ေတာ္တို႔ရဲ႕အဆင့္အတန္းကို ျပေနတာပါ။
လြန္ခဲ့တဲ့ ၁၀ ႏွစ္အတြင္းမွာ အာဆင္နယ္ ဒီလိုေအာင္ပြဲခံတာကို
ကြၽန္ေတာ္မေတြ႕ခဲ့ရဘူး။ အဲဒါက ပရီးမီးယားလိဂ္မွာ
သူတို႔ဗိုလ္စြဲသလိုပါပဲ”လို႔ BBC ႐ုပ္သံကို ေျပာၾကားခဲ့ပါတယ္။
ဝုဗ္နည္းျပဘ႐ူႏိုလာဂီကလည္း ဒီပြဲရလဒ္အတြက္ ေဒါသထြက္ေနၿပီး
သူတို႔ဟာ ပိုေကာင္းတဲ့အသင္းျဖစ္ခဲ့ကာ
တစ္မွတ္မွမယူႏိုင္လို႔ ကံမေကာင္းေၾကာင္း ဆိုခဲ့ပါတယ္။
အာဆင္နယ္ဟာ ၂၀၂၂ အတြင္းမွာ သူတို႔ရဲ႕ပထမဆုံးႏိုင္ပြဲကို ရရွိခဲ့တာျဖစ္ပါတယ္။