ဗာရာနီသဘောအကျဆုံးဂိုးသမားကိုခေါ်ယူဖို့ ယူနိုက်တက် ပြင်ဆင်နေပြီ

မန်ယူအသင်းဟာ အေစီမီလန်ဂိုးသမား မိုက်မိုင်နန်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာပါတယ်။

ပြင်သစ်သားဂိုးသမားဟာ လက်ရှိသရဲနီကစားသမားတစ်ယောက်ဆီက ထောက်ခံချက်ရရှိပြီးသားဖြစ်သလို နောက်ခံလူဗာရာနီဟာ မိုင်နန်ရဲ့အမာခံပရိသတ်တစ်ယောက် ဖြစ်နေပါတယ်။

မိုင်နန်ဟာ ၂၀၂၁ နွေစျေးကွက်မှာ ပီအက်စ်ဂျီကိုပြောင်းရွှေ့ခဲ့တဲ့ ဒွန်နာရမ်မာ နေရာကို အစားထိုးဝင်ရောက်ခဲ့သူဖြစ်ပြီး အေစီမီလန်အသင်းဟာ သူ့ကိုလိုင်လီကနေ ယူရို ၁၅သန်းနဲ့ခေါ်ယူခဲ့တာဖြစ်တယ်။

အီတလီမြေမှာ ချက်ချင်းအထိုင်ကျခဲ့တဲ့ မိုင်နန်ဟာ သူ့ရဲ့အေစီမီလန်ကစားသမားဘ၀ ပထမဆုံးရာသီမှာ Clean Sheets ၁၇ပွဲ ရခဲ့ပြီး ၂၀၁၁ခုနှစ်နောက်ပိုင်း စကူဒက်တိုဖလားကို ပထမဆုံးအကြိမ်ပြန်ရ အောင်ကူညီပေးနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ မိုင်နန်ကိုခေါ်ယူဖို့အတွက် စျေးကွက်ထဲမှာ စပါးနဲ့အပြိုင်လုရဖို့ရှိနေပါတယ်။ စပါးအသင်းဟာ အသက် ၃၆နှစ်ထဲဝင်လာတဲ့ လိုရစ်နေရာအတွက် မိုင်နန်ကို ပစ်မှတ်ထားနေတာဖြစ်တယ်။

“မိုင်နန်ဟာတည်ငြိမ်မှုတွေကိုယူဆောင်ပေးတဲ့ ဂိုးသမားတစ်ယောက်ဖြစ်တယ်။

သူကအေးဆေးတည်ငြိမ်ပြီး အားသာချက်တွေကိုအသေအချာသိသလို ခံစစ်မှူးတစ် ယောက်နောက်မှာသူရှိနေတာကိုက ယုံကြည်မှုရစေပါတယ်” လို့ ဗာရာနီက ချီးကျူးထားပါတယ်။

အိုးလ်ထရက်ဖို့ဒ်ကို မိုင်နန်ရောက်လာမယ်ဆိုရင်တော့ ပရိသတ်တစ်ယောက်ဖြစ်တဲ့ ဗာရာနီဟာ ကလပ်အသင်းမှာရော၊ နိုင်ငံအသင်းမှာပါ သူနဲ့တွဲကစားခွင့်ရတော့မှာပါ။

(Zawgyi)

ဗာရာနီသေဘာအက်ဆုံးဂိုးသမားကိုေခၚယူဖို႔ ယူႏိုက္တက္ ျပင္ဆင္ေနၿပီ

မန္ယူအသင္းဟာ ေအစီမီလန္ဂိုးသမားမိုက္မိုင္နန္ကိုေခၚယူဖို႔စိတ္ဝင္စားေနတယ္လို႔ သတင္းထြက္လာပါတယ္။

ျပင္သစ္သားဂိုးသမားဟာ လက္ရွိသရဲနီကစားသမားတစ္ေယာက္ဆီကေထာက္ခံခ်က္ရရွိၿပီးသားျဖစ္သလို ေနာက္ခံလူဗာရာနီဟာ မိုင္နန္ရဲ႕အမာခံပရိသတ္တစ္ေယာက္ျဖစ္ေနပါတယ္။

မိုင္နန္ဟာ ၂၀၂၁ ေႏြေစ်းကြက္မွာ ပီအက္စ္ဂ်ီကိုေျပာင္းေ႐ႊ႕ခဲ့တဲ့ ဒြန္နာရမ္မာ ေနရာကိုအစားထိုးဝင္ေရာက္ခဲ့သူျဖစ္ၿပီး ေအစီမီလန္အသင္းဟာ သူ႔ကိုလိုင္လီကေန ယူ႐ို ၁၅သန္းနဲ႔ေခၚယူခဲ့တာျဖစ္တယ္။

အီတလီေျမမွာခ်က္ခ်င္းအထိုင္က်ခဲ့တဲ့ မိုင္နန္ဟာ သူ႔ရဲ႕ေအစီမီလန္ကစားသမားဘ၀ ပထမဆုံးရာသီမွာ Clean Sheets ၁၇ပြဲ ရခဲ့ၿပီး ၂၀၁၁ခုႏွစ္ေနာက္ပိုင္း စကူဒက္တိုဖလားကို ပထမဆုံးအႀကိမ္ျပန္ရ ေအာင္ကူညီေပးႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္ဟာ မိုင္နန္ကိုေခၚယူဖို႔အတြက္ ေစ်းကြက္ထဲမွာ စပါးနဲ႔အၿပိဳင္လုရဖို႔ရွိေနပါတယ္။

စပါးအသင္းဟာ အသက္ ၃၆ႏွစ္ထဲဝင္လာတဲ့ လိုရစ္ေနရာအတြက္ မိုင္နန္ကို ပစ္မွတ္ထားေနတာျဖစ္တယ္။

“မိုင္နန္ဟာတည္ၿငိမ္မႈေတြကိုယူေဆာင္ေပးတဲ့ ဂိုးသမားတစ္ေယာက္ျဖစ္တယ္။ သူကေအးေဆးတည္ၿငိမ္ၿပီး အားသာခ်က္ေတြကိုအေသအခ်ာသိသလို ခံစစ္မႉးတစ္ ေယာက္ေနာက္မွာသူရွိေနတာကိုက ယုံၾကည္မႈရေစပါတယ္” လို႔ ဗာရာနီက ခ်ီးက်ဴးထားပါတယ္။

အိုးလ္ထရက္ဖို႔ဒ္ကို မိုင္နန္ေရာက္လာမယ္ဆိုရင္ေတာ့ ပရိသတ္တစ္ေယာက္ျဖစ္တဲ့ ဗာရာနီဟာ ကလပ္အသင္းမွာေရာ၊ ႏိုင္ငံအသင္းမွာပါ သူနဲ႔တြဲကစားခြင့္ရေတာ့မွာပါ။