ဗာရာနီရဲ့ ဒဏ်ရာဟာ အများထင်ထားသလို မပြင်းထန်ဘူး

ချဲလ်ဆီးနဲ့ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရသွားခဲ့တဲ့ ဗာရာနီဟာ လက်ရှိ အချိန်မှာ နောက်ဆုံးအဆင့် ရောဂါရှာဖွေ စစ်ဆေးမှုတွေ ပြုလုပ်နေပြီး ကနဦး စစ်ဆေးချက်တွေအရဆိုရင်တော့ အစောပိုင်းက မျှော်လင့်ထားသလိုမျိုး မ စိုးရိမ်ရဘူးလို့ သိရပါတယ်။

ဒါကြောင့် သူဟာ ကာတာနိုင်ငံကို သွားရောက် ကစားမယ့် ပြင်သစ်လက်ရွေးစင်အသင်းမှာ ပါဝင်လာနိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ဗာရာနီဟာ ပြိုင်ဘက်ကစားသမား အူဘာမီယန်းကို တားဆီးရင်းနဲ့ အရှိန်များပြီး တံကောက်ကြောဒဏ်ရာ ရသွားခဲ့တာပဲ ဖြစ်ပါတယ်။

ကွင်းထဲမှာ လဲကျသွားတဲ့ ပုံစံအရ ဒီပြင်သစ်သားဟာ ဒဏ်ရာပြင်းထန်ပုံရခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို တောင် လွဲချော်သွားနိုင်တဲ့ အခြေအနေမျိုးရှိတယ်လို့ အများစုက သုံးသပ်ခဲ့ကြတာပါ။

လက်ရှိမှာတော့ မန်ယူရော ပြင်သစ်လက်ရွေးစင် အသင်းကပါ ကစားသမားရဲ့ ဒဏ်ရာ အတိမ်အနက်ကို အသေးစိတ် စောင့်ကြည့်နေပြီး ကနဦး စစ်ဆေးမှုတွေအရတော့ မပြင်းထန်ဘူးလို့ သိထားရတာဖြစ်ပါတယ်။

ကနဦးဆေးစစ်ချက်တွေအရ ဗာရာနီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်မယ့် အချိန် ရောက်ရင် ဒဏ်ရာလုံးဝကင်းစင်ပြီး ရာနှုန်းပြည့် ကြံ့ခိုင်မှု ပြန်ရလာနိုင်တဲ့

အနေအထားမျိုးရှိနေတယ်လို့  ဖော်ပြနေတာမျိုး ရှိပါတယ်။ ဒါပေမဲ့ ပြင်သစ်နည်းပြ ဒက်စ်ချမ့်ကတော့ သူ့ရဲ့ ကစားသမား ၂၆ ဦးပါ ပြင်သစ်လက်ရွေးစင်အသင်းမှာ ဗာရာနီကို ထည့်ထားမှာလား၊

မထည့် ဘူးလားဆိုတာကတော့ အတိအကျ မသိရသေးပါဘူး။

ဒက်စ်ချမ့်ဟာ ကမ္ဘာ့ ဖလားပြိုင်ပွဲ မတိုင်ခင်မှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ဒဏ်ရာ ပြဿနာတွေနဲ့ပတ်သက်လို့

ခေါင်းခဲနေရတဲ့ နည်းပြဖြစ်ပြီး ကွင်းလယ်လူ ကန်တီ၊ ကာမာရာ၊ ပေါ့ဘာ၊ ဒစ်ဂ်နီနဲ့ လူးကပ်စ်ဟာနန်ဒက်ဇ်တို့ကို ဆုံးရှုံး ထားရပြီဖြစ်ပါတယ်။

(Zawgyi)

ဗာရာနီရဲ႕ ဒဏ္ရာဟာ အမ်ားထင္ထားသလို မျပင္းထန္ဘူး

ခ်ဲလ္ဆီးနဲ႔ ပြဲစဥ္မွာ တံေကာက္ေၾကာဒဏ္ရာရသြားခဲ့တဲ့ ဗာရာနီဟာ လက္ရွိ အခ်ိန္မွာ ေနာက္ဆုံးအဆင့္ ေရာဂါရွာေဖြ စစ္ေဆးမႈေတြ ျပဳလုပ္ေနၿပီး ကနဦး စစ္ေဆးခ်က္ေတြအရဆိုရင္ေတာ့ အေစာပိုင္းက ေမွ်ာ္လင့္ထားသလိုမ်ိဳး မ စိုးရိမ္ရဘူးလို႔ သိရပါတယ္။ ဒါေၾကာင့္

သူဟာ ကာတာႏိုင္ငံကို သြားေရာက္ ကစားမယ့္ ျပင္သစ္လက္ေ႐ြးစင္အသင္းမွာ ပါဝင္လာႏိုင္ဖို႔ ရွိေနတယ္လို႔ သိရပါတယ္။

စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္မွာ ဗာရာနီဟာ ၿပိဳင္ဘက္ကစားသမား အူဘာမီယန္းကို တားဆီးရင္းနဲ႔ အရွိန္မ်ားၿပီး တံ ေကာက္ေၾကာဒဏ္ရာ ရသြားခဲ့တာပဲ ျဖစ္ပါတယ္။

ကြင္းထဲမွာ လဲက်သြားတဲ့ ပုံစံအရ ဒီျပင္သစ္သားဟာ ဒဏ္ရာျပင္းထန္ပုံရခဲ့ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲကို ေတာင္ လြဲေခ်ာ္သြားႏိုင္တဲ့ အေျခအေနမ်ိဳးရွိတယ္လို႔ အမ်ားစုက သုံးသပ္ခဲ့ ၾကတာပါ။

လက္ရွိမွာေတာ့ မန္ယူေရာ ျပင္သစ္လက္ေ႐ြးစင္ အသင္းကပါ ကစားသမားရဲ႕ ဒဏ္ရာ အတိမ္အနက္ကို အေသးစိတ္ ေစာင့္ၾကည့္ေနၿပီး ကနဦး စစ္ေဆးမႈေတြအရေတာ့ မျပင္းထန္ဘူးလို႔ သိထားရတာျဖစ္ပါတယ္။

ကနဦးေဆးစစ္ခ်က္ေတြအရ ဗာရာနီဟာ ကမာၻ႔ဖလားၿပိဳင္ပြဲစတင္မယ့္ အခ်ိန္ ေရာက္ရင္ ဒဏ္ရာလုံးဝကင္းစင္ၿပီး ရာႏႈန္းျပည့္ ႀကံ့ခိုင္မႈ ျပန္ရလာႏိုင္တဲ့ အေနအထားမ်ိဳးရွိေနတယ္လို႔ ကနဦး ေဆးစစ္ခ်က္ေတြက ေဖာ္ျပေနတာမ်ိဳး ရွိပါတယ္။

ဒါေပမဲ့ ျပင္သစ္နည္းျပ ဒက္စ္ခ်မ့္ကေတာ့ သူ႔ရဲ႕ ကစားသမား ၂၆ ဦးပါ ျပင္သစ္လက္ေ႐ြးစင္အသင္းမွာ ဗာရာနီကို ထည့္ထားမွာလား၊ မထည့္ ဘူးလားဆိုတာကေတာ့

အတိအက် မသိရေသးပါဘူး။ ဒက္စ္ခ်မ့္ဟာ ကမာၻ႔ ဖလားၿပိဳင္ပြဲ မတိုင္ခင္မွာ ျပင္သစ္လက္ေ႐ြးစင္အသင္းအတြက္ ဒဏ္ရာ ျပႆနာေတြနဲ႔ပတ္သက္လို႔ ေခါင္းခဲေနရတဲ့ နည္းျပျဖစ္ၿပီး ကြင္းလယ္လူ ကန္တီ၊ ကာမာရာ၊ ေပါ့ဘာ၊ ဒစ္ဂ္နီနဲ႔ လူးကပ္စ္ဟာနန္ဒက္ဇ္တို႔ကို ဆုံးရႈံး ထားရၿပီျဖစ္ပါတယ္။