ဗာရန်းဟာ ဒဏ်ရာမှပြန်လည်သက်သာကာလေ့ကျင့်ခန်းပြန်ဆင်းနေ

မန်ချက်စတာယူနိုက်တက်စတားရာဖေးလ်ဗာရိန်းဟာပေါင်ခြံဒဏ်ရာမှ

ပြန်လည်သက်သာကာလေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်ကြောင်း

နည်းပြအိုလီဂန်းနားဆိုးလ်ရှားကအတည်ပြုလာပါတယ်။

ပြင်သစ်လက်ရွေးစင်နောက်ခံလူဟာယခုလအစောပိုင်းတုန်းက နေးရှင်းလိဂ်

ဗိုလ်လုပွဲမှာပြင်သစ်အတွက်ကစားစဉ်ပေါင်ခြံဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

သူဟာပေါင်ခြံဒဏ်ရာကြောင့်လက်စတာနှင့်ပရီးမီးယားလိဂ်ပွဲစဉ်နှင့်

အတ္တလန္တာနှင့်ချန်ပီယံလိဂ်ပွဲစဉ်တို့ကိုလွဲချော်ခဲ့ပါတယ်။

သူဟာယနေ့ညလီဗာပူးနှင့်ပွဲစဉ်မှာပါဝင်လာနိုင်ဦးမှာမဟုတ်သေးပေမယ့်

လာမယ့်အပတ်စပါးစ်နှင့်ပွဲစဉ်မှာပါဝင်လာနိုင်ဖို့ရှိနေပါတယ်။

ဆိုးလ်ရှားက “သူအရမ်းအလုပ်ကြိုးစားနေပါတယ်။သူဘယ်တော့

ပြန်ကစားနိုင်မလဲဆိုတာအတိအကျပြောဖို့ခက်ပေမယ့်အခုတော့

သူလေ့ကျင့်ခန်းဆင်းနိုင်ပါပြီ”လို့ပြောကြားသွားပါတယ်။

ရာဖေးလ်ဗာရိန်းဟာနွေရာသီတုန်းကနွေရာသီတုန်းကရီးရဲလ်မက်ဒရစ်မှ

ပြောင်းလာပြီးနောက်မန်ယူဗဟိုခံစစ်တွင်အသင်းခေါင်းဆောင်မက်ဂွိုင်းယားနှင့်

တွဲဖက်ကာအဓိကနောက်ခံလူအဖြစ်ကစားခွင့်ရနေသူဖြစ်ပါတယ်။

zawgyi

ဗာရန္းဟာ ဒဏ္ရာမွျပန္လည္သက္သာကာေလ့က်င့္ခန္းျပန္ဆင္းေန

မန္ခ်က္စတာယူႏိုက္တက္စတားရာေဖးလ္ဗာရိန္းဟာေပါင္ၿခံဒဏ္ရာမွ

ျပန္လည္သက္သာကာေလ့က်င့္ခန္းျပန္ဆင္းႏိုင္ၿပီျဖစ္ေၾကာင္း

နည္းျပအိုလီဂန္းနားဆိုးလ္ရွားကအတည္ျပဳလာပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ေနာက္ခံလူဟာယခုလအေစာပိုင္းတုန္းက ေနးရွင္းလိဂ္

ဗိုလ္လုပြဲမွာျပင္သစ္အတြက္ကစားစဥ္ေပါင္ၿခံဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။

သူဟာေပါင္ၿခံဒဏ္ရာေၾကာင့္လက္စတာႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္ႏွင့္

အတၱလႏၲာႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္တို႔ကိုလြဲေခ်ာ္ခဲ့ပါတယ္။

သူဟာယေန႔ညလီဗာပူးႏွင့္ပြဲစဥ္မွာပါဝင္လာႏိုင္ဦးမွာမဟုတ္ေသးေပမယ့္

လာမယ့္အပတ္စပါးစ္ႏွင့္ပြဲစဥ္မွာပါဝင္လာႏိုင္ဖို႔ရွိေနပါတယ္။

ဆိုးလ္ရွားက “သူအရမ္းအလုပ္ႀကိဳးစားေနပါတယ္။သူဘယ္ေတာ့

ျပန္ကစားႏိုင္မလဲဆိုတာအတိအက်ေျပာဖို႔ခက္ေပမယ့္အခုေတာ့

သူေလ့က်င့္ခန္းဆင္းႏိုင္ပါၿပီ”လို႔ေျပာၾကားသြားပါတယ္။

ရာေဖးလ္ဗာရိန္းဟာေႏြရာသီတုန္းကေႏြရာသီတုန္းကရီးရဲလ္မက္ဒရစ္မွ

ေျပာင္းလာၿပီးေနာက္မန္ယူဗဟိုခံစစ္တြင္အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားႏွင့္

တြဲဖက္ကာအဓိကေနာက္ခံလူအျဖစ္ကစားခြင့္ရေနသူျဖစ္ပါတယ္။