ဗာရန်းရဲ့အတွေ့အကြုံက ယူနိုက်တက်ကို ကယ်တင်လိုက်တာပဲလို့ ရော်ဂျာ ထောက်ပြ

ယူနိုက်တက်အသင်းနောက်ခံလူ ဗာရန်းအနေနဲ့ အိုးထရက်ဖို့ဒ်မှာ

လက်စတာအသင်းရဲ့ အနိုင်ဂိုးဖြစ်လာနိုင်စေမယ့်ဂိုးကို
သူ့ရဲ့အတွေ့အကြုံသုံးပြီး ခွင့်ပြုမခံရအောင်
ပါးပါးနပ်နပ် လုပ်ဆောင်သွားတယ်လို့ လက်စတာအသင်းနည်းပြ
ဘရန်ဒန်ရော်ဂျာက ထောက်ပြပါတယ်။
လက်စတာအသင်းအတွက် မက်ဒီဆင်က ၁-၂ ဂိုးဖြစ်စေမယ့်

ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် အဲဒီဂိုးအတွက် Build-up
လုပ်ရာမှာ ယူနိုက်တက်နောက်ခံလူ ဗာရန်း ဥပဒေပ
ကစားခံရတယ်ဆိုပြီး ကွင်းလယ်ဒိုင် မာရီနာက
ကွင်းဘေးက မော်နီတာကို ကြည့်ကာ VAR ရဲ့
အကြုံပြုချက်နဲ့အတူ အဲဒီဂိုးကို ခွင့်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ အိမ်ကွင်းမှာ နောက်ကနေ
လိုက်ကစားခဲ့ရတာဖြစ်ပြီး လက်စတာတိုက်စစ်မှူး
အီဟီယာနာချိုရဲ့ဦးဆောင်ဂိုးကို ကွင်းလယ်လူဖရက်ဒ်က
ချေပခဲ့ရတာဖြစ်ကာ ရော်ဂျာက မိမိတို့အသင်းအနေနဲ့
အနိုင်ရဖို့ ထိုက်တန်ခဲ့တယ်လို့ အခိုင်အမာပြောပါတယ်။

”ကျွန်တော်တို့အသင်း ပွဲချိန်အများစုမှာ လွှမ်းမိုးနိုင်ခဲ့တယ်လို့ထင်ပါတယ်။
ကစားပုံကောင်းကောင်းနဲ့ စတင်နိုင်ခဲ့တယ်၊ ပြီးတော့
နေရာယူမှုတွေနဲ့ ရွေ့လျားမှုတွေလည်း ကောင်းမွန်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာဆိုရင် အခွင့်အရေးအများအပြားရခဲ့ပြီး
သူတို့ရဲ့ဂိုးသမားက ကြီးကျယ်တဲ့ကာကွယ်မှု ပြုလုပ်သွားခဲ့ရသလို

အနိုင်ဂိုးမရခဲ့လို့လည်း ကျွန်တော်တို့ စိတ်ပျက်ရပါတယ်။
မက်ဒီဆင်သွင်းသွားတဲ့ဂိုးနဲ့ပတ်သက်လို့ ဗာရန်းက
သူ့အတွေ့အကြုံကို ကောင်းကောင်းအသုံးချသွားတာပါ။
ဗာရန်းက အတွေ့အကြုံရင့်ကစားသမားတစ်ဦးဖြစ်ပြီး
အီဟီယာနာချိုနဲ့ရင်ဆိုင်အတွေ့မှာ လူချင်းထိအောင်

လုပ်ရင်း မြက်ခင်းပေါ် လှဲချလိုက်ပါတယ်။
ဒါပေမဲ့ အဲဒီဖြစ်ရပ်က မက်ဒီဆင်ရဲ့သွင်းဂိုးမှာ အဓိကမကျခဲ့ပါဘူး။
သူတို့အနေနဲ့ ရှင်းထုတ်ဖို့ အခွင့်အရေးရခဲ့ပါတယ်။
ကျွန်တော်တို့အသင်း အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်။
ဂိုးမပေးခဲ့တဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့လည်း ကျွန်တော်တို့ စိတ်ပျက်မိပါတယ်”လို့

ပွဲအပြီးမှာ ရော်ဂျာက ပြောသွားပါတယ်။
အဲဒီပွဲမှာ နောက်ထပ်အငြင်းပွားစရာအဖြစ် မက်ဒီဆင်ကို
ယူနိုက်တက်ကွင်းလယ်လူ မက်တိုမီနေး
ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့ပေမယ့် အဝါကတ်ပဲ
ပြသခံခဲ့ရတာဖြစ်ပြီး ရော်ဂျာက မက်တိုမီနေးအနေနဲ့

ဒီထက်ပြင်းတဲ့ အရေးယူမှုနဲ့ ထိုက်တန်တယ်လို့ ပြောပါတယ်။

Zawgyi

ဗာရန္းရဲ႕အေတြ႕အႀကံဳက ယူႏုိက္တက္ကို ကယ္တင္လုိက္တာပဲလို႔ ေရာ္ဂ်ာ ေထာက္ျပ

ယူႏုိက္တက္အသင္းေနာက္ခံလူ ဗာရန္းအေနနဲ႔ အိုးထရက္ဖို႔ဒ္မွာ
လက္စတာအသင္းရဲ႕ အႏုိင္ဂိုးျဖစ္လာႏိုင္ေစမယ့္ဂိုးကို
သူ႕ရဲ႕အေတြ႕အႀကံဳသုံးၿပီး ခြင့္ျပဳမခံရေအာင္
ပါးပါးနပ္နပ္ လုပ္ေဆာင္သြားတယ္လုိ႔ လက္စတာအသင္းနည္းျပ
ဘရန္ဒန္ေရာ္ဂ်ာက ေထာက္ျပပါတယ္။

လက္စတာအသင္းအတြက္ မက္ဒီဆင္က ၁-၂ ဂိုးျဖစ္ေစမယ့္
ဂိုး သြင္းယူႏုိင္ခဲ့ေပမယ့္ အဲဒီဂိုးအတြက္ Build-up
လုပ္ရာမွာ ယူႏုိက္တက္ေနာက္ခံလူ ဗာရန္း ဥပေဒပ
ကစားခံရတယ္ဆုိၿပီး ကြင္းလယ္ဒိုင္ မာရီနာက
ကြင္းေဘးက ေမာ္နီတာကို ၾကည့္ကာ VAR ရဲ႕

အႀကံဳျပဳခ်က္နဲ႔အတူ အဲဒီဂိုးကို ခြင့္ျပဳဖို႔ ျငင္းဆန္ခဲ့ပါတယ္။
ယူႏုိက္တက္ဟာ အိမ္ကြင္းမွာ ေနာက္ကေန
လိုက္ကစားခဲ့ရတာျဖစ္ၿပီး လက္စတာတုိက္စစ္မွဴး
အီဟီယာနာခ်ိဳရဲ႕ဦးေဆာင္ဂိုးကို ကြင္းလယ္လူဖရက္ဒ္က
ေခ်ပခဲ့ရတာျဖစ္ကာ ေရာ္ဂ်ာက မိမိတို႔အသင္းအေနနဲ႔

အႏိုင္ရဖို႔ ထိုက္တန္ခဲ့တယ္လုိ႔ အခိုင္အမာေျပာပါတယ္။
”ကၽြန္ေတာ္တုိ႔အသင္း ပြဲခ်ိန္အမ်ားစုမွာ လႊမ္းမုိးႏုိင္ခဲ့တယ္လုိ႔ထင္ပါတယ္။
ကစားပုံေကာင္းေကာင္းနဲ႔ စတင္ႏိုင္ခဲ့တယ္၊ ၿပီးေတာ့
ေနရာယူမႈေတြနဲ႔ ေရြ႕လ်ားမႈေတြလည္း ေကာင္းမြန္ခဲ့ပါတယ္။
ဒုတိယပိုင္းမွာဆုိရင္ အခြင့္အေရးအမ်ားအျပားရခဲ့ၿပီး

သူတုိ႔ရဲ႕ဂိုးသမားက ႀကီးက်ယ္တဲ့ကာကြယ္မႈ ျပဳလုပ္သြားခဲ့ရသလို
အႏိုင္ဂိုးမရခဲ့လို႔လည္း ကၽြန္ေတာ္တုိ႔ စိတ္ပ်က္ရပါတယ္။
မက္ဒီဆင္သြင္းသြားတဲ့ဂိုးနဲ႔ပတ္သက္လုိ႔ ဗာရန္းက
သူ႕အေတြ႕အႀကံဳကို ေကာင္းေကာင္းအသုံးခ်သြားတာပါ။
ဗာရန္းက အေတြ႕အႀကံဳရင့္ကစားသမားတစ္ဦးျဖစ္ၿပီး

အီဟီယာနာခ်ိဳနဲ႔ရင္ဆုိင္အေတြ႕မွာ လူခ်င္းထိေအာင္
လုပ္ရင္း ျမက္ခင္းေပၚ လွဲခ်လုိက္ပါတယ္။
ဒါေပမဲ့ အဲဒီျဖစ္ရပ္က မက္ဒီဆင္ရဲ႕သြင္းဂိုးမွာ အဓိကမက်ခဲ့ပါဘူး။
သူတုိ႔အေနနဲ႔ ရွင္းထုတ္ဖို႔ အခြင့္အေရးရခဲ့ပါတယ္။
ကၽြန္ေတာ္တုိ႔အသင္း အႏိုင္ရဖို႔ ထုိက္တန္ခဲ့ပါတယ္။

ဂိုးမေပးခဲ့တဲ့ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္လုိ႔လည္း ကၽြန္ေတာ္တုိ႔ စိတ္ပ်က္မိပါတယ္”လုိ႔
ပြဲအၿပီးမွာ ေရာ္ဂ်ာက ေျပာသြားပါတယ္။
အဲဒီပြဲမွာ ေနာက္ထပ္အျငင္းပြားစရာအျဖစ္ မက္ဒီဆင္ကို
ယူႏိုက္တက္ကြင္းလယ္လူ မက္တိုမီေနး
ၾကမ္းတမ္းစြာဖ်က္ထုတ္ခဲ့ေပမယ့္ အ၀ါကတ္ပဲ

ျပသခံခဲ့ရတာျဖစ္ၿပီး ေရာ္ဂ်ာက မက္တိုမီေနးအေနနဲ႔
ဒီထက္ျပင္းတဲ့ အေရးယူမႈနဲ႔ ထိုက္တန္တယ္လုိ႔ ေျပာပါတယ္။