ဗာရန်းရဲ့လွှမ်းမိုးမှုကြောင့် ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ချက်ချဖွယ်ရှိနေတဲ့ အမ်ဘာပီ

ပီအက်စ်ဂျီကြယ်ပွင့်အမ်ဘာပီဟာ ပြင်သစ်အသင်းလေ့ကျင့်ရေးမှာ ယူနိုက်တက်နောက်ခံလူဗာရန်းရဲ့လွှမ်းမိုးမှုအောက်ကိုရောက်နေပြီး မန်ယူကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ချက်ချမှတ်နိုင်တယ်လို့

သတင်းထွက်လာပါတယ်။ စပိန်သတင်းစာ MARCA ရဲ့ဖော်ပြချက်အရတော့ ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပီထွက်ခွာမယ့် လမ်းကြောင်းကိုဖွင့်ပေးလိုက်ပြီလို့သိလာရတဲ့နောက်ပိုင်းမှာတော့

ပြင်သစ်သားရဲ့အပြောင်းအရွှေ့က လှုပ်ခတ်လာခဲ့တာဖြစ်တယ်။ ဒီလိုအချိန်မှာ ဗာရန်းက အမ်ဘာပီကို ယူနိုက်တက်ဆီပြောင်းရွှေ့လာဖို့ အကြံပေးထားတာဖြစ်တယ်။ ယူနိုက်တက်ဟာ

ဥရောပအင်အားကြီးတွေထဲမှာ အမ်ဘာပီရဲ့ တစ်ပတ်လုပ်ခ ပေါင် ၅သိန်း ပမာဏကို ပေးချေနိုင်တဲ့အသင်းအနည်းငယ်ထဲက တစ်သင်းအဖြစ်ရှိနေတာဖြစ်တယ်။ ၂၀၂၁ ခုနှစ်အောက်တိုဘာလအတွင်း

ကစားခဲ့တဲ့ ဘယ်လ်ဂျီယံနဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာကတည်းက ဗာရန်ဟာ အမ်ဘာပီရဲ့ အနာဂတ်နဲ့ပတ်သတ်လို့ မေးမြန်းခံခဲ့ရဖူးပါတယ်။ အဲ့ဒီအချိန်တိုန်းကတော့ အမ်ဘာပီဟာ

ဗာရန်းကစားနေတဲ့ ရီးရဲလ်အသင်းဆီပြောင်းရွှေ့ဖို့ အဓိကဦးတည်နေခဲ့တာဖြစ်တယ်။ သတင်းထောက်တွေနဲ့တွေ့ဆုံမှုမှာ ဗာရန်းက “သူပဲဆုံးဖြတ်ရမှာပါ။

သူ့မှာရင်းနှီးတဲ့အသိုင်းအဝန်းကို ရွေးဖို့အတွက်ရင့်ကျက်မှုရှိပါတယ်။ သူ့ရဲ့ပုခုံးတွေထက်မှာ ခေါင်းရှိပါတယ်။ ဘာကိုလိုချင်တယ်ဆိုတာ သူကိုယ်တိုင်သိပါတယ်။

သူ့ကိုအကြံပေးဖို့က ငါ့တာဝန်မဟုတ်ဘူး” လို့ ပြောဆိုထားခဲ့ပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရတော့ ယူနိုက်တက်အနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့မယ်ဆိုရင်

အမ်ဘာပီကိုပိုမိုဆွဲဆောင်နိုင်လိမ့်မယ်လို့ သိရပါတယ်။

(Zawgyi)

ဗာရန္းရဲ႕လႊမ္းမိုးမႈေၾကာင့္ ယူႏိုက္တက္ကိုေျပာင္းေ႐ႊ႕ဖို႔ဆုံးျဖတ္ခ်က္ခ်ဖြယ္ရွိေနတဲ့ အမ္ဘာပီ

ပီအက္စ္ဂ်ီၾကယ္ပြင့္အမ္ဘာပီဟာ ျပင္သစ္အသင္းေလ့က်င့္ေရးမွာ ယူႏိုက္တက္ေနာက္ခံလူဗာရန္းရဲ႕လႊမ္းမိုးမႈေအာက္ကိုေရာက္ေနၿပီး မန္ယူကိုေျပာင္းေ႐ႊ႕ဖို႔ဆုံးျဖတ္ခ်က္ခ်မွတ္ႏိုင္တယ္လို႔

သတင္းထြက္လာပါတယ္။ စပိန္သတင္းစာ MARCA ရဲ႕ေဖာ္ျပခ်က္အရေတာ့ ပီအက္စ္ဂ်ီအသင္းဟာ အမ္ဘာပီထြက္ခြာမယ့္ လမ္းေၾကာင္းကိုဖြင့္ေပးလိုက္ၿပီလို႔သိလာရတဲ့ေနာက္ပိုင္းမွာေတာ့

ျပင္သစ္သားရဲ႕အေျပာင္းအေ႐ႊ႕ကလႈပ္ခတ္လာခဲ့တာျဖစ္တယ္။ ဒီလိုအခ်ိန္မွာ ဗာရန္းက အမ္ဘာပီကို ယူႏိုက္တက္ဆီေျပာင္းေ႐ႊ႕လာဖို႔အႀကံေပးထားတာျဖစ္တယ္။ ယူႏိုက္တက္ဟာ

ဥေရာပအင္အားႀကီးေတြထဲမွာ အမ္ဘာပီရဲ႕ တစ္ပတ္လုပ္ခ ေပါင္ ၅သိန္း ပမာဏကိုေပးေခ်ႏိုင္တဲ့အသင္းအနည္းငယ္ထဲကတစ္သင္းအျဖစ္ရွိေနတာျဖစ္တယ္။ ၂၀၂၁ ခုႏွစ္ေအာက္တိုဘာလအတြင္းကစားခဲ့တဲ့

ဘယ္လ္ဂ်ီယံနဲ႔ ေနးရွင္းလိဂ္ပြဲစဥ္မွာကတည္းက ဗာရန္ဟာ အမ္ဘာပီရဲ႕အနာဂါတ္နဲ႔ပတ္သတ္လို႔ ေမးျမန္းခံခဲ့ရဖူးပါတယ္။ အဲ့ဒီအခ်ိန္တိုန္းကေတာ့ အမ္ဘာပီဟာ ဗာရန္းကစားေနတဲ့

ရီးရဲလ္အသင္းဆီေျပာင္းေ႐ႊ႕ဖို႔အဓိကဦးတည္ေနခဲ့တာျဖစ္တယ္။ သတင္းေထာက္ေတြနဲ႔ေတြ႕ဆုံမႈမွာ ဗာရန္းက “သူပဲဆုံးျဖတ္ရမွာပါ။ သူ႔မွာရင္းႏွီးတဲ့အသိုင္းအဝန္းကို

ေ႐ြးဖို႔အတြက္ရင့္က်က္မႈရွိပါတယ္။ သူ႔ရဲ႕ပုခုံးေတြထက္မွာ ေခါင္းရွိပါတယ္။ ဘာကိုလိုခ်င္တယ္ဆိုတာ သူကိုယ္တိုင္သိပါတယ္။ သူ႔ကိုအႀကံေပးဖို႔က

ငါ့တာဝန္မဟုတ္ဘူး” လို႔ ေျပာဆိုထားခဲ့ပါတယ္။ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရေတာ့ ယူႏိုက္တက္အေနနဲ႔ လာမယ့္ရာသီခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိခဲ့မယ္ဆိုရင္ အမ္ဘာပီကိုပိုမိုဆြဲေဆာင္ႏိုင္လိမ့္မယ္လို႔ သိရပါတယ္။