ယူနိုက်တက်ဟာ ရီးရဲလ်ကစားသမားနှစ်ယောက်ဖြစ်တဲ့ ဗာရန်းနဲ့
ကက်စ်မီရိုအတွက် ပေါင် ၁၀၄ သန်းအကုန်အကျခံခဲ့သလို
သူတို့နှစ်ယောက်စလုံးဟာ နည်းပြတန်ဟတ်ရဲ့ကျောရိုး
အသစ်အဖြစ်တောက်ပနေခဲ့ပါတယ်။ ဒီကစားသမား
နှစ်ယောက်စလုံးကွင်းထဲအတူရှိနေခဲ့တဲ့ ၄၈၇ မိနစ်မှာ
ယူနိုက်တက်အသင်းပေးဂိုးလုံးဝမရှိသေးပါဘူး။
တန်ဟတ်ရဲ့ ထိပ်ဆုံး ၄သင်း စာရင်းဝင်ပစ်မှတ်အတွက်
ရီးရဲလ်ကစားသမားဟောင်းနှစ်ယောက်ရဲ့ စွမ်းဆောင်ရည်က
အဓိကကျနိုင်တယ်လို့ ဆိုရမှာပါ။ နောက်ဆုံးကစားခဲ့တဲ့
ဝုဗ်နဲ့ပွဲစဉ်မှာ ယူနိုက်တက်က ရက်ရှ်ဖို့ဒ်ရဲ့တစ်လုံးတည်းသော
ဂိုးနဲ့အနိုင်ရခဲ့သလို ဗာရန်းနဲ့ ကက်စ်မီရိုတို့ မိနစ် ၉၀ ပြည့်
အတူကစားခဲ့ပြီး clean sheet ယူနိုင်ခဲ့တာဖြစ်တယ်။
အချက်အလက်တွေအရတော့ တန်ဟတ်အနေနဲ့
ဒီကစားသမားနှစ်ယောက်ကို ပွဲတိုင်းမှာအတူတွဲဖက်ရမယ့်
အနေအထားဖြစ်လာပါတယ်။ သူတို့နှစ်ယောက်ဟာ
ဒီရာသီမှာ ယူနိုက်တက်အတွက် ၁၀ပွဲ အထိအတူပါဝင်ကစားခဲ့ပြီး
မိနစ်ပေါင်း ၄၈၇ အထိဂိုးလုံးဝမပေးခဲ့ရတာကထူးခြားချက်လို
ဖြစ်နေတာပါ။ ကံကြမ္မာမျက်လှည့်စရာရဲ့ အဆုံးအဖြတ်ကြောင့်လားတော့
မသိပါဘူး၊ တန်ဟတ်လက်အောက်မှာ မန်စီးတီးကို ၆-၃ နဲ့
ရှုံးတဲ့ပွဲစဉ်နဲ့ ဗီလာကို ၁-၃ နဲ့အရေးနိမ့်တဲ့ပွဲစဉ်တွေမှာ
သူတို့နှစ်ယောက်အတူပါဝင်ကစားခဲ့တာမရှိပါဘူး။
ဒီရာသီပွဲစဉ်အားလုံးကို ခြုံကြည့်ရင်တော့ ဗာရန်းနဲ့
ကက်စ်မီရိုတို့ ယူနိုက်တက်အတွက်အတူတွဲကစားခဲ့တဲ့
အခိုက်အတန့်တွေမှာ သရဲနီတွေပေးဂိုးလုံးဝမရှိခဲ့ဘူးဆိုတဲ့
အချက်က စိတ်ဝင်စားဖို့အလွန်ကောင်းနေပါတယ်။
zawgyi
ဗာရန်းနဲ့ ကက်စ်မီရိုတို့နှစ်ဦးစလုံးကွင်းထဲရှိနေချိန်မှာ ယူနိုက်တက် ပေးဂိုးလုံးဝမရှိသေး
အနေအထားဖြစ်လာပါတယ်။ သူတို့နှစ်ယောက်ဟာ