
မန်ယူမှာ အကောင်းဆုံးဗဟိုခံစစ်အတွဲအဖက်က မက်ဂွိုင်းယားနဲ့
လင်ဒီလော့ဖ်တို့အတွဲသာဖြစ်ပြီး ပြင်သစ်နောက်ခံလူ ဗာရန်းကို
အသုံးမပြုသင့်ဘူးလို့ တင်မ်ရှားဝုဒ်ကပြောကြားလိုက်ပါတယ်။
ဘလက်ဘန်း၊ စပါးအပါအဝင်ပရီးမီးယားလိဂ်ကလပ်များစွာမှာ
ကစားခဲ့ဖူးသလို စပါး၊ ဘလက်ဘန်းတို့ကို နည်းပြခဲ့ဖူးတဲ့ ရှားဝုဒ်က
စကိုင်းစပေါ့ရုပ်သံမှာ သုံးသပ်ပြောကြားလိုက်တာပါ။
ဗာရန်းဟာ ရီးရဲလ်ကနေ မန်ယူကိုရောက်လာကတည်းက
ဒဏ်ရာတွေပုံမှန်ရခဲ့သလို သူ ဝင်ကစားချိန်မှာလည်း
မန်ယူခံစစ်က ရုန်းကန်နေရတာသာများတယ်လို့
ရှားဝုဒ်က သုံးသပ်ပြောဆိုပါတယ်။
မန်ယူခံစစ်မှာ ဘယ်သူတွေကစားသင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး
မန်ယူနောက်ခံလူဟောင်းတွေအကြားမှာတောင် အမြင်မတူကြပါဘူး။
မန်ယူဗဟိုခံစစ်မှာ နာမည်ကြီးခဲ့တဲ့ ဖာဒီနန်ဆိုရင် မက်ဂွိုင်းယားရဲ့
ဒီရာသီခြေစွမ်းကို သိပ်အားမရသူပါ။
ရှားဝုဒ်ကတော့ – “ကျွန်တော်တို့ ဗာရန်းအကြောင်း အတော်ပြောကြတယ်။
ဒါပေမယ့်သူက မန်ယူရောက်ကတည်းက ရုန်းကန်နေရတယ်။
မက်ဂွိုင်းယားဆိုရင် ကွင်းလယ်စည်းအနားထိတက်ပြီး
ခံစစ်ကို ကစားပေးလေ့ရှိတယ်။ ဗာရန်းကတော့ အဲ့ဒိလို မဟုတ်ဘူး။”
“မက်ဂွိုင်းယားက လင်ဒီလော့ဖ်နဲ့တွဲကစားတဲ့အခါ ပိုကောင်းတယ်။
သူတို့ ၂ ဦးက မန်ယူရဲ့ အကောင်းဆုံးခံစစ်အတွဲလို့ပဲ ထင်တယ်” လို့
မှတ်ချက်ချ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဗာရန်းဟာ လိဒ်စ်ကို ၂-၄ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲပြီးခါနီး ၅ မိနစ်အလိုရောက်မှ
လူစားဝင်ကစားခဲ့ရပါတယ်။ သူဟာ ဒီရာသီ မန်ယူအတွက်
ပရိီးမီးယားလိဂ် ၁၅ ပွဲ၊ ချန်ပီယံလိဂ် ၃ ပွဲ၊ အက်ဖ်အေ ၂ ပွဲ
ကစားထားကာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ထားပါတယ်။
zawgyi
ဗာရန္းကို မန္ယူခံစစ္မွာ အသုံးမျပဳသင့္ဘူးလို႔ တင္မ္ရွားဝုဒ္ ေျပာၾကား
မန္ယူမွာ အေကာင္းဆုံးဗဟိုခံစစ္အတြဲအဖက္က မက္ဂြိဳင္းယားနဲ႔
လင္ဒီေလာ့ဖ္တို႔အတြဲသာျဖစ္ၿပီး ျပင္သစ္ေနာက္ခံလူ ဗာရန္းကို
အသုံးမျပဳသင့္ဘူးလို႔ တင္မ္ရွားဝုဒ္ကေျပာၾကားလိုက္ပါတယ္။
ဘလက္ဘန္း၊ စပါးအပါအဝင္ပရီးမီးယားလိဂ္ကလပ္မ်ားစြာမွာ
ကစားခဲ့ဖူးသလို စပါး၊ ဘလက္ဘန္းတို႔ကို နည္းျပခဲ့ဖူးတဲ့ ရွားဝုဒ္က
စကိုင္းစေပါ့႐ုပ္သံမွာ သုံးသပ္ေျပာၾကားလိုက္တာပါ။
ဗာရန္းဟာ ရီးရဲလ္ကေန မန္ယူကိုေရာက္လာကတည္းက
ဒဏ္ရာေတြပုံမွန္ရခဲ့သလို သူ ဝင္ကစားခ်ိန္မွာလည္း
မန္ယူခံစစ္က ႐ုန္းကန္ေနရတာသာမ်ားတယ္လို႔
ရွားဝုဒ္က သုံးသပ္ေျပာဆိုပါတယ္။
မန္ယူခံစစ္မွာ ဘယ္သူေတြကစားသင့္တယ္ဆိုတာနဲ႔ ပတ္သက္ၿပီး
မန္ယူေနာက္ခံလူေဟာင္းေတြအၾကားမွာေတာင္ အျမင္မတူၾကပါဘူး။
မန္ယူဗဟိုခံစစ္မွာ နာမည္ႀကီးခဲ့တဲ့ ဖာဒီနန္ဆိုရင္ မက္ဂြိဳင္းယားရဲ႕
ဒီရာသီေျခစြမ္းကို သိပ္အားမရသူပါ။
ရွားဝုဒ္ကေတာ့ – “ကြၽန္ေတာ္တို႔ ဗာရန္းအေၾကာင္း အေတာ္ေျပာၾကတယ္။
ဒါေပမယ့္သူက မန္ယူေရာက္ကတည္းက ႐ုန္းကန္ေနရတယ္။
မက္ဂြိဳင္းယားဆိုရင္ ကြင္းလယ္စည္းအနားထိတက္ၿပီး
ခံစစ္ကို ကစားေပးေလ့ရွိတယ္။ ဗာရန္းကေတာ့ အဲ့ဒိလို မဟုတ္ဘူး။”
“မက္ဂြိဳင္းယားက လင္ဒီေလာ့ဖ္နဲ႔တြဲကစားတဲ့အခါ ပိုေကာင္းတယ္။
သူတို႔ ၂ ဦးက မန္ယူရဲ႕ အေကာင္းဆုံးခံစစ္အတြဲလို႔ပဲ ထင္တယ္” လို႔
မွတ္ခ်က္ခ် ေျပာၾကားခဲ့တာျဖစ္ပါတယ္။
ဗာရန္းဟာ လိဒ္စ္ကို ၂-၄ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ပြဲၿပီးခါနီး ၅ မိနစ္အလိုေရာက္မွ
လူစားဝင္ကစားခဲ့ရပါတယ္။ သူဟာ ဒီရာသီ မန္ယူအတြက္
ပရိီးမီးယားလိဂ္ ၁၅ ပြဲ၊ ခ်န္ပီယံလိဂ္ ၃ ပြဲ၊ အက္ဖ္ေအ ၂ ပြဲ
ကစားထားကာ ပရီးမီးယားလိဂ္မွာ ဂိုးဖန္တီးမႈ ၁ ႀကိမ္ျပဳလုပ္ထားပါတယ္။