ဗာရန်းကို ဂရုတစိုက် စီမံခန့်ခွဲပြီး အလျင်စလို အသုံးမပြုဖို့ လိုအပ်

ဗာရန်းဟာ နိုဝင်ဘာလ ( ၂ ) ရက်နေ့က အတ္တလန္တာနဲ့

( ၂-၂ ) သရေကျခဲ့တဲ့ ပွဲစဉ် ကတည်းက ဒဏ်ရာပြဿနာကြောင့်

အနားယူနေခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ အိုးထရတ်ဖို့ဒ်ကို ရောက်ရှိလာပြီး

နောက်ဒုတိယအကြိမ် ရရှိတဲ့ဒဏ်ရာဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်က လာမယ့် ဒီဇင်ဘာ ( ၁၄ ) ရက် ၊

ဘရန့်ဖို့ဒ်နဲ့အဝေးကွင်းပွဲစဉ်မှာ ရာဖေးလ် ဗာရန်း ပြန်လည်ပါဝင်နိုင်လိမ့်မယ်လို့

မျှော်လင့်ထားပါတယ်။ တကယ်လို့ အခြေအနေကောင်းပါက

အဆိုပါနေ့ထက်( ၃ ) ရက်စောပြီး နော်ဝှစ်အသင်းနဲ့ပွဲစဉ်မှာ အရံကစားသမားအနေနဲ့

ပါဝင်လာနိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပထမအကြိမ်က ဒဏ်ရာအခြေအနေကို

သင်ခန်းစာယူပြီး အလျင်စလို ကစားခိုင်းတာမျိုးကိုတော့ ဆင်ခြင်သင့်ပါတယ်။

ဗာရန်းကို ဂရုတစိုက် စီမံခန့်ခွဲပြီး အလျင်စလို အသုံးမပြုဖို့ လိုအပ်ပါတယ်။

ယခင် အိုလေ ဂန်းနား ဆိုးလ်ရှားလက်ထက်မှာ ဒဏ်ရာရကစားသမားတွေကို

လုံးဝ ကြံ့ခိုင်မှု ပြည့်ဝခြင်း မရှိသေးပဲ အလျင်စလို

ပြန်လည်အသုံးပြုခဲ့တာတွေ့ရပါတယ်။ ရန်းနစ်ခ်က အလားတူ

လုပ်ရပ်တွေကို ရှောင်ရှားမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဗာရန်းက ” ပရီးမီးယား လိဂ်ဆိုတာ တခြားဘောလုံးလိဂ်တွေ နဲ့

ကွဲပြားတယ် ဆိုတော့ ကျွန်တော် အသားကျအောင်တော့ ကြိုးစားနေတယ်။

ဘောလုံးသမားတွေဆိုတာက F1 (ဖော်မြူလာဝမ်း) ကားတွေလိုပဲ၊

တစ်ခါတစ်ရံမှာ အရင်ထက်ပိုမြန်အောင် လုပ်ဖို့အတွက်

ကားအင်ဂျင်မော်တာတွေ ပြောင်းလဲတပ်ဆင်ရသလိုပဲ။

အခု ကျွန်တော်ရောက်နေတဲ့ လိဂ်က ပရီးမီးယားလိဂ်ဆိုတော့

တခြားလိဂ်တွေနဲ့မတူပဲ ပြိုင်ဆိုင်မှုပိုကြီးမားတယ်။အပြောင်းအလဲတွေလည်း

အများကြီးရှိတယ်။ဒီအတွက်လည်း ကျွန်တော့်ကို

ကျွန်တော်အနည်းငယ်ပြောင်းလဲနိုင်ဖို့ကြိုးစားရပါလိမ့်မယ် ”

“ကျွန်တော်တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတယ်။

အသင်းအတွက် အသင့်အနေအထားဖြစ်အောင်လည်း

အမြဲ ပြင်ဆင်ထားပါတယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ တိုးတက်မှု တွေ

အများကြီးရှိလာအောင် ရောပေါ့ ၊ ယူနိုက်တက် အတွက် ပြန်ကစားပေးပြီး

အသင်းကို ကူညီဖို့အတွက်မစောင့်နိုင်တော့ပါဘူး။” ဆိုပြီး ပြောထားပါတယ်။

zawgyi

ဗာရန္းကို ဂ႐ုတစိုက္ စီမံခန႔္ခြဲၿပီး အလ်င္စလို အသုံးမျပဳဖို႔ လိုအပ္

ဗာရန္းဟာ ႏိုဝင္ဘာလ ( ၂ ) ရက္ေန႔က အတၱလႏၲာနဲ႔

( ၂-၂ ) သေရက်ခဲ့တဲ့ ပြဲစဥ္ ကတည္းက ဒဏ္ရာျပႆနာေၾကာင့္

အနားယူေနခဲ့ရတာျဖစ္ပါတယ္။ ဒါဟာ အိုးထရတ္ဖို႔ဒ္ကို ေရာက္ရွိလာၿပီး

ေနာက္ဒုတိယအႀကိမ္ ရရွိတဲ့ဒဏ္ရာျဖစ္ပါတယ္။

ဒါေပမယ့္ ယူႏိုက္တက္က လာမယ့္ ဒီဇင္ဘာ ( ၁၄ ) ရက္ ၊

ဘရန႔္ဖို႔ဒ္နဲ႔အေဝးကြင္းပြဲစဥ္မွာ ရာေဖးလ္ ဗာရန္း ျပန္လည္ပါဝင္ႏိုင္လိမ့္မယ္လို႔

ေမွ်ာ္လင့္ထားပါတယ္။ တကယ္လို႔ အေျခအေနေကာင္းပါက

အဆိုပါေန႔ထက္( ၃ ) ရက္ေစာၿပီး ေနာ္ဝွစ္အသင္းနဲ႔ပြဲစဥ္မွာ အရံကစားသမားအေနနဲ႔

ပါဝင္လာႏိုင္ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ပထမအႀကိမ္က ဒဏ္ရာအေျခအေနကို

သင္ခန္းစာယူၿပီး အလ်င္စလို ကစားခိုင္းတာမ်ိဳးကိုေတာ့ ဆင္ျခင္သင့္ပါတယ္။

ဗာရန္းကို ဂ႐ုတစိုက္ စီမံခန႔္ခြဲၿပီး အလ်င္စလို အသုံးမျပဳဖို႔ လိုအပ္ပါတယ္။

ယခင္ အိုေလ ဂန္းနား ဆိုးလ္ရွားလက္ထက္မွာ ဒဏ္ရာရကစားသမားေတြကို

လုံးဝ ႀကံ့ခိုင္မႈ ျပည့္ဝျခင္း မရွိေသးပဲ အလ်င္စလို

ျပန္လည္အသုံးျပဳခဲ့တာေတြ႕ရပါတယ္။ ရန္းနစ္ခ္က အလားတူ

လုပ္ရပ္ေတြကို ေရွာင္ရွားမလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ဗာရန္းက ” ပရီးမီးယား လိဂ္ဆိုတာ တျခားေဘာလုံးလိဂ္ေတြ နဲ႔

ကြဲျပားတယ္ ဆိုေတာ့ ကြၽန္ေတာ္ အသားက်ေအာင္ေတာ့ ႀကိဳးစားေနတယ္။

ေဘာလုံးသမားေတြဆိုတာက F1 (ေဖာ္ျမဴလာဝမ္း) ကားေတြလိုပဲ၊

တစ္ခါတစ္ရံမွာ အရင္ထက္ပိုျမန္ေအာင္ လုပ္ဖို႔အတြက္

ကားအင္ဂ်င္ေမာ္တာေတြ ေျပာင္းလဲတပ္ဆင္ရသလိုပဲ။

အခု ကြၽန္ေတာ္ေရာက္ေနတဲ့ လိဂ္က ပရီးမီးယားလိဂ္ဆိုေတာ့

တျခားလိဂ္ေတြနဲ႔မတူပဲ ၿပိဳင္ဆိုင္မႈပိုႀကီးမားတယ္။အေျပာင္းအလဲေတြလည္း

အမ်ားႀကီးရွိတယ္။ဒီအတြက္လည္း ကြၽန္ေတာ့္ကို

ကြၽန္ေတာ္အနည္းငယ္ေျပာင္းလဲႏိုင္ဖို႔ႀကိဳးစားရပါလိမ့္မယ္ ”

“ကြၽန္ေတာ္တတ္ႏိုင္သေလာက္ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားေနတယ္။

အသင္းအတြက္ အသင့္အေနအထားျဖစ္ေအာင္လည္း

အၿမဲ ျပင္ဆင္ထားပါတယ္လို႔ ယုံၾကည္ပါတယ္။ ၿပီးေတာ့ တိုးတက္မႈ ေတြ

အမ်ားႀကီးရွိလာေအာင္ ေရာေပါ့ ၊ ယူႏိုက္တက္ အတြက္ ျပန္ကစားေပးၿပီး

အသင္းကို ကူညီဖို႔အတြက္မေစာင့္ႏိုင္ေတာ့ပါဘူး။” ဆိုၿပီး ေျပာထားပါတယ္။