ဗာရက်တီကို ဖင်နှိုက်သလိုဖြစ်ခဲ့တဲ့ မက်ဆီကြောင့် အန်တိုနယ်လာကို သစ္စာဖောက်ပြီလားလို့ ပရိသတ်တွေနောက်ပြောင်နေကြ

တူးလော့စ်နဲ့ပွဲမတိုင်ခင် မက်ဆီနဲ့ဗာရက်တီတို့ဖြစ်ရပ်ကြောင့် ပရိသတ်တွေ ပွဲကျနေကြပါတယ်။

ပွဲစတော့မှာကြောင့် ဥမင်ထဲကနေတန်းစီထွက်ဖို့ အဆင်သင့်ဖြစ်နေချိန်မှာ မက်ဆီက အသင်းဖော်ဗာရက်တီရဲ့ဖင်ကို အသေအချာကိုင်နေတဲ့ပုံစံဖြစ်ခဲ့တာပါ။

တကယ်တော့ ဗာရက်တီကိုယ်တိုင် သူ့ဘောင်းဘီမှာ တစ်ခုခုဖြစ်ပြီး အဆင်မပြေဖြစ်နေတာကြောင့် အာဂျင်တီးနားတိုက်စစ်မှူးကို အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။

မက်ဆီကလည်း ချက်ချင်းပဲ စစ်ဆေးပေးခဲ့ပြီး အတွင်းဘက်ကိုလှန်ကြည့်လိုက်ရာမှာတော့ တံဆိပ်ကြောင့် ခိုးလိုးခုလုဖြစ်နေတယ်ဆိုတာ အဖြေရှာပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ မြင်ကွင်းက မတင့်တယ်သလို အထူးအဆန်းလည်းဖြစ်နေတာကြောင့်

“ မက်ဆီက ဘာလို့ ဗာရက်တီဖင်ကို စစ်ဆေးနေတာလဲ ” ဆိုတဲ့ မေးခွန်းတွေထွက်လာခဲ့တာပါ။

အဖြစ်မှန်ကို သိသွားချိန်မှာလည်း ပရိသတ်တွေဟာ မက်ဆီကို ဆက်ပြီး စနောက်ခဲ့ကြပါတယ်။

“ သူက သူ့ဘဝရဲ့အချိန်တွေကို ရှင်းရှင်းလင်းလင်းချပြလိုက်တာပါ။

ဗာရက်တီအတွက်လည်း ပိုကောင်းတဲ့အချိန်တွေဖြစ်သွားမှာ သေချာပါတယ် ” လို့ ပရိသတ်တစ်ယောက်က နောက်ပြောင်ထားပါတယ်။

ဒါ့အပြင် “ အကို .. အန်တိုနယ်လာကို သစ္စာဖောက်တယ် ” ဆိုတဲ့ မှတ်ချက်မျိုးတွေလည်း ရှိခဲ့တာပါ။

ပီအက်စ်ဂျီက ၃-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ဒီပွဲမှာ မက်ဆီဟာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် နေမာနဲ့ အမ်ဘာပီတို့သွင်းဂိုးတွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

တနည်းအားဖြင့် ရွှေဘောလုံးစံချိန်ရှင်ဟာ လီဂူး-၁ ဒီရာသီ ၅ ပွဲမှာ ၄ ဂိုးဖန်တီးပေးထားသလို ၃ ဂိုး သွင်းထားတာပါ။

zawgyi

ဗာရက္တီကို ဖင္ႏႈိက္သလိုျဖစ္ခဲ့တဲ့ မက္ဆီေၾကာင့္ အန္တိုနယ္လာကို သစၥာေဖာက္ၿပီလားလို႔ ပရိသတ္ေတြေနာက္ေျပာင္ေနၾက

တူးေလာ့စ္နဲ႔ပြဲမတိုင္ခင္ မက္ဆီနဲ႔ဗာရက္တီတို႔ျဖစ္ရပ္ေၾကာင့္ ပရိသတ္ေတြ ပြဲက်ေနၾကပါတယ္။

ပြဲစေတာ့မွာေၾကာင့္ ဥမင္ထဲကေနတန္းစီထြက္ဖို႔ အဆင္သင့္ျဖစ္ေနခ်ိန္မွာ မက္ဆီက အသင္းေဖာ္ဗာရက္တီရဲ႕ဖင္ကို အေသအခ်ာကိုင္ေနတဲ့ပုံစံျဖစ္ခဲ့တာပါ။

တကယ္ေတာ့ ဗာရက္တီကိုယ္တိုင္ သူ႔ေဘာင္းဘီမွာ တစ္ခုခုျဖစ္ၿပီး အဆင္မေျပျဖစ္ေနတာေၾကာင့္ အာဂ်င္တီးနားတိုက္စစ္မႉးကို အကူအညီေတာင္းခဲ့တာျဖစ္ပါတယ္။

မက္ဆီကလည္း ခ်က္ခ်င္းပဲ စစ္ေဆးေပးခဲ့ၿပီး အတြင္းဘက္ကိုလွန္ၾကည့္လိုက္ရာမွာေတာ့ တံဆိပ္ေၾကာင့္ ခိုးလိုးခုလုျဖစ္ေနတယ္ဆိုတာ အေျဖရွာေပးႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ ျမင္ကြင္းက မတင့္တယ္သလို အထူးအဆန္းလည္းျဖစ္ေနတာေၾကာင့္

“ မက္ဆီက ဘာလို႔ ဗာရက္တီဖင္ကို စစ္ေဆးေနတာလဲ ” ဆိုတဲ့ ေမးခြန္းေတြထြက္လာခဲ့တာပါ။

အျဖစ္မွန္ကို သိသြားခ်ိန္မွာလည္း ပရိသတ္ေတြဟာ မက္ဆီကို ဆက္ၿပီး စေနာက္ခဲ့ၾကပါတယ္။

“ သူက သူ႔ဘဝရဲ႕အခ်ိန္ေတြကို ရွင္းရွင္းလင္းလင္းခ်ျပလိုက္တာပါ။

ဗာရက္တီအတြက္လည္း ပိုေကာင္းတဲ့အခ်ိန္ေတြျဖစ္သြားမွာ ေသခ်ာပါတယ္ ” လို႔ ပရိသတ္တစ္ေယာက္က ေနာက္ေျပာင္ထားပါတယ္။

ဒါ့အျပင္ “ အကို .. အန္တိုနယ္လာကို သစၥာေဖာက္တယ္ ” ဆိုတဲ့ မွတ္ခ်က္မ်ိဳးေတြလည္း ရွိခဲ့တာပါ။

ပီအက္စ္ဂ်ီက ၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ဒီပြဲမွာ မက္ဆီဟာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ ေနမာနဲ႔ အမ္ဘာပီတို႔သြင္းဂိုးေတြကို ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

တနည္းအားျဖင့္ ေ႐ႊေဘာလုံးစံခ်ိန္ရွင္ဟာ လီဂူး-၁ ဒီရာသီ ၅ ပြဲမွာ ၄ ဂိုးဖန္တီးေပးထားသလို ၃ ဂိုး သြင္းထားတာပါ။