ဗာနာ၊ မာစီယယ်နဲ့ ဂျေးဆူတို့ကိုပါ ပစ်မှတ်ထားနေတဲ့ ဒေါ့မွန်

ဒေါ့မွန်အသင်းဟာ လိုက်ပ်ဇစ်တိုက်စစ်မှူး အဒီယီမီကို

ခေါ်ယူပြီးရင် တိုက်စစ်ပိုင်အတွက် ပရီးမီးယားလိဂ်ဘက်ကို
မြားဦးလှည့်ဖွယ်ရှိနေကြောင်း သိရပါတယ်။
ဒေါ့မွန်ဟာ လူငယ်ကြယ်ပွင့် အဒီယီမီကို ခေါ်ယူနိုင်လိမ့်မယ်လို့
ယုံကြည်နေဆဲဖြစ်ပြီး တိုက်စစ်ပိုင်းအင်အား ဆက်လက်ဖြည့်တင်းဖို့
ပြင်ဆင်နေကြောင်း သိရပါတယ်။

ဒေါ့မွန်ဟာ အသက် ၂၀ အရွယ်ရှိ အဒီယီမီကို
ထိပ်တန်းပစ်မှတ်အဖြစ် ခေါ်ယူဖို့
ကြိုးစားနေတာဖြစ်ပြီး ပြည်တွင်းပြိုင်ဘက်
ဘိုင်ယန်ကို ကျော်ဖြတ်ကာ ဂျာမနီလက်ရွေးစင်ကို
ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။

ဒေါ့မွန်ဟာ အသင်းရဲ့အဓိကတိုက်စစ်မှူး ဟာလန်းကို
လာမယ့်နွေရာသီအတွင်း ဆုံးရှုံးရဖွယ်ရှိနေလို့ အခုကတည်းက
ကြိုတင်ပြင်ဆင်နေတာဖြစ်ပြီး အဒီယီမီကို
ခေါ်ယူခဲ့ပြီးပါကလည်း တိုက်စစ်ပိုင်းကို ဆက်လက်အင်အားဖြည့်တင်းလိုနေပါတယ်။
ဒေါ့မွန်ဟာ ပရီးမီးယားလိဂ်တိုက်စစ်မှူးတွေဖြစ်တဲ့ ဗာနာနဲ့ မာစီယယ်တို့ကို

ခေါ်ယူဖို့ အဓိကပစ်မှတ်တွေအဖြစ် ထားရှိထားပြီး
ဂျေးဆူရဲ့အနေအထားကို စောင့်ကြည့်နေပါတယ်။
ဂျာမနီလက်ရွေးစင် ဗာနာဟာ ချဲလ်ဆီးမှာ ပုံမှန်ခြေစွမ်းရဖို့
ရုန်းကန်နေရတာကြောင့် ဘွန်ဒက်စ်လီဂါကို
ပြန်လည်ပြောင်းရွှေ့လိုနေပါတယ်။

ပြင်သစ်နိုင်ငံသား မာစီယယ်ကလည်း ယူနိုက်တက်မှာ
ပွဲထွက်ခွင့်ပျောက်ဆုံးနေလို့ ဆီဗီလာကို
အငှားထွက်ကစားနေပေမယ့် စပိန်မှာလည်း ပွဲထွက်ခွင့်
ဆုံးရှုံးနေရပြီး အငှားသက်တမ်းကုန်ဆုံးမယ့်
နွေရာသီမှာ မိခင်ကလပ်နဲ့ ပြန်လည်ပူးပေါင်းမှာဖြစ်ပါတယ်။

ဘရာဇီးလက်ရွေးစင် ဂျေးဆူကလည်း မန်စီးတီးမှာ
အခုနောက်ပိုင်း ပွဲထွက်ခွင့်ပိုမိုဆုံးရှုံးလာရပြီး
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် သူ့ရဲ့
အနာဂတ်ကို ပြန်လည်စဉ်းစားဖွယ်ရှိနေပါတယ်။

Zawgyi

ဗာနာ၊ မာစီယယ္နဲ႔ ေဂ်းွဆူတုိ႔ကိုပါ ပစ္မွတ္ထားေနတဲ့ ေဒါ့မြန္
ေဒါ့မြန္အသင္းဟာ လုိက္ပ္ဇစ္တုိက္စစ္မွဴး အဒီယီမီကို
ေခၚယူၿပီးရင္ တုိက္စစ္ပိုင္အတြက္ ပရီးမီးယားလိဂ္ဘက္ကို

ျမားဦးလွည့္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။
ေဒါ့မြန္ဟာ လူငယ္ၾကယ္ပြင့္ အဒီယီမီကို ေခၚယူႏုိင္လိမ့္မယ္လုိ႔
ယုံၾကည္ေနဆဲျဖစ္ၿပီး တိုက္စစ္ပိုင္းအင္အား ဆက္လက္ျဖည့္တင္းဖို႔
ျပင္ဆင္ေနေၾကာင္း သိရပါတယ္။
ေဒါ့မြန္ဟာ အသက္ ၂၀ အရြယ္ရွိ အဒီယီမီကို

ထိပ္တန္းပစ္မွတ္အျဖစ္ ေခၚယူဖုိ႔
ႀကိဳးစားေနတာျဖစ္ၿပီး ျပည္တြင္းၿပိဳင္ဘက္
ဘုိင္ယန္ကို ေက်ာ္ျဖတ္ကာ ဂ်ာမနီလက္ေရြးစင္ကို
ေခၚယူႏိုင္ေတာ့မွာျဖစ္ပါတယ္။
ေဒါ့မြန္ဟာ အသင္းရဲ႕အဓိကတုိက္စစ္မွဴး ဟာလန္းကို

လာမယ့္ေႏြရာသီအတြင္း ဆုံးရံႈးရဖြယ္ရွိေနလုိ႔ အခုကတည္းက
ႀကိဳတင္ျပင္ဆင္ေနတာျဖစ္ၿပီး အဒီယီမီကို
ေခၚယူခဲ့ၿပီးပါကလည္း တုိုက္စစ္ပိုင္းကို ဆက္လက္အင္အားျဖည့္တင္းလုိေနပါတယ္။
ေဒါ့မြန္ဟာ ပရီးမီးယားလိဂ္တုိက္စစ္မွဴးေတြျဖစ္တ့ဲ ဗာနာနဲ႔ မာစီယယ္တို႔ကို
ေခၚယူဖို႔ အဓိကပစ္မွတ္ေတြအျဖစ္ ထားရွိထားၿပီး

ေဂ်းဆူရဲ႕အေနအထားကို ေစာင့္ၾကည့္ေနပါတယ္။
ဂ်ာမနီလက္ေရြးစင္ ဗာနာဟာ ခ်ဲလ္ဆီးမွာ ပုံမွန္ေျခစြမ္းရဖို႔
ရုန္းကန္ေနရတာေၾကာင့္ ဘြန္ဒက္စ္လီဂါကို
ျပန္လည္ေျပာင္းေရႊ႕လုိေနပါတယ္။
ျပင္သစ္ႏိုင္ငံသား မာစီယယ္ကလည္း ယူႏုိက္တက္မွာ

ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနလုိ႔ ဆီဗီလာကို
အငွားထြက္ကစားေနေပမယ့္ စပိန္မွာလည္း ပြဲထြက္ခြင့္
ဆုံးရံႈးေနရၿပီး အငွားသက္တမ္းကုန္ဆုံးမယ့္
ေႏြရာသီမွာ မိခင္ကလပ္နဲ႔ ျပန္လည္ပူးေပါင္းမွာျဖစ္ပါတယ္။
ဘရာဇီးလက္ေရြးစင္ ေဂ်းဆူကလည္း မန္စီးတီးမွာ

အခုေနာက္ပိုင္း ပဲြထြက္ခြင့္ပိုမိုဆုံးရံႈးလာရၿပီး
၂၀၂၂ ကမၻာ့ဖလားၿပိဳင္ပြဲမတိုင္ခင္ သူ႕ရဲ႕
အနာဂတ္ကို ျပန္လည္စဥ္းစားဖြယ္ရွိေနပါတယ္။