ဗာဆယ်ကိုနဲ့ တစ်ယောက်ချင်း ချဖို့ ဒဲ့စိန်ခေါ်လိုက်တဲ့ ကာဆင်

မန်စီးတီးအသင်းဂိုးသမား စကော့ကာဆင်ဟာ

ပြဿာနာတွေ အကြီးအကျယ်တက်ခဲ့တဲ့ ချန်ပီယံလိဂ်
ကွာတားဖိုင်နယ် ဒု-အကျော့အပြီးမှာ အက်သလက်နောက်ခံလူ
ဗာဆယ်ကို,ကို တစ်ယောက်ချင်း ချမလားလို့ စိန်ခေါ်လိုက်ပါတယ်။
ပွဲအပြီး ဥမင်လိုဏ်ခေါင်းအတွင်း နှစ်ဘက်အသင်းသားတွေ
အချင်းများနေစဉ် စီးတီးအရန်ဂိုးသမား ကာဆင်က

ဗာဆယ်ကို,ကို လက်ညှိုးထိုးကာ အပြင်မှာ
တစ်ယောက်ချင်း ယှဉ်ထိုးမလားဆိုတဲ့ပုံစံမျိုး လုပ်ပြခဲ့တာဖြစ်ပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်း ကာဆင်က
အသက် ၃၀ အရွယ်ရှိ ခရိုအေးရှားလက်ရွေးစင်ဆီ လက်ညှိုးထိုးကာ
အပြင်ဘက်မှာ သွားထိုးမလားပုံစံမျိုး လုပ်ပြခဲ့တာပါ။

နှစ်ဘက်အသင်းသားတွေ အချင်းများခဲ့ရာမှာ
အက်သလက်နောက်ခံလူတွေဖြစ်တဲ့ ဗာဆယ်ကိုနဲ့
ဆာဗစ်တို့က အဓိကနေရာကနေ ပါဝင်ခဲ့ကြပြီး
စီးတီးကစားသမားဟောင်း ဆာဗစ်က စတာလင်းနဲ့
ခေါင်းချင်းဆိုင် အချင်းများခဲ့သလို ပွဲအပြီးမှာလည်း

စီးတီးကြယ်ပွင့် ဂရီးလစ်ချ်နဲ့ ပြဿနာဖြစ်ခဲ့ပါတယ်။
ကာဆင်က ဗာဆယ်ကိုထံ ဒေါသတကြီးစိန်ခေါ်လိုက်တဲ့
ဖြစ်ရပ်ကို ပရိသတ်တွေလည်း သတိထားမိခဲ့ကြပြီး
တွစ်တာမှာ အဲဒီဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေခဲ့ကြပါတယ်။
အဲဒီဗီဒီယိုဖိုင်ထဲမှာ ဗာဆယ်ကိုက ကာဆင်နဲ့ အချင်းများဖို့

ကြိုးစားပြီး ဝေါ်လ်ကာနဲ့ပါ ပြဿနာဖန်တီးဖို့ ကြိုးစားတာကို
အက်သလက်အသင်းသားတွေနဲ့ ဝန်ထမ်းတွေက
တားဆီးခဲ့တာဖြစ်ပါတယ်။ စီးတီးကတော့ အဲဒီပွဲမှာ
ဂိုးမရှိသရေကစားကာ နှစ်ကျော့ပေါင်း ၁-၀ ဂိုးနဲ့
အက်သလက်ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်မှာ

နောက်ထပ် မက်ဒရစ်အခြေစိုက်အသင်းဖြစ်တဲ့
ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

Zawgyi

ဗာဆယ္ကိုနဲ႔ တစ္ေယာက္ခ်င္း ခ်ဖို႔ ဒဲ့စိန္ေခၚလုိက္တဲ့ ကာဆင္
မန္စီးတီးအသင္းဂိုးသမား စေကာ့ကာဆင္ဟာ
ျပႆာနာေတြ အႀကီးအက်ယ္တက္ခဲ့တဲ့ ခ်န္ပီယံလိဂ္
ကြာတားဖုိင္နယ္ ဒု-အေက်ာ့အၿပီးမွာ အက္သလက္ေနာက္ခံလူ
ဗာဆယ္ကို,ကို တစ္ေယာက္ခ်င္း ခ်မလားလုိ႔ စိန္ေခၚလုိက္ပါတယ္။

ပြဲအၿပီး ဥမင္လိုဏ္ေခါင္းအတြင္း ႏွစ္ဘက္အသင္းသားေတြ
အခ်င္းမ်ားေနစဥ္ စီးတီးအရန္ဂိုးသမား ကာဆင္က
ဗာဆယ္ကို,ကို လက္ညွိဳးထုိးကာ အျပင္မွာ
တစ္ေယာက္ခ်င္း ယွဥ္ထိုးမလားဆုိတဲ့ပုံစံမ်ိဳး လုပ္ျပခဲ့တာျဖစ္ပါတယ္။
အသက္ ၃၆ ႏွစ္အရြယ္ရွိ အဂၤလန္လက္ေရြးစင္ေဟာင္း ကာဆင္က

အသက္ ၃၀ အရြယ္ရွိ ခရိုေအးရွားလက္ေရြးစင္ဆီ လက္ညႇိဳးထိုးကာ
အျပင္ဘက္မွာ သြားထိုးမလားပုံစံမ်ိဳး လုပ္ျပခဲ့တာပါ။
ႏွစ္ဘက္အသင္းသားေတြ အခ်င္းမ်ားခဲ့ရာမွာ
အက္သလက္ေနာက္ခံလူေတြျဖစ္တဲ့ ဗာဆယ္ကိုနဲ႔
ဆာဗစ္တုိ႔က အဓိကေနရာကေန ပါ၀င္ခဲ့ၾကၿပီး

စီးတီးကစားသမားေဟာင္း ဆာဗစ္က စတာလင္းနဲ႔
ေခါင္းခ်င္းဆုိင္ အခ်င္းမ်ားခဲ့သလုိ ပြဲအၿပီးမွာလည္း
စီးတီးၾကယ္ပြင့္ ဂရီးလစ္ခ်္နဲ႔ ျပႆနာျဖစ္ခဲ့ပါတယ္။
ကာဆင္က ဗာဆယ္ကုိထံ ေဒါသတႀကီးစိန္ေခၚလုိက္တဲ့
ျဖစ္ရပ္ကို ပရိသတ္ေတြလည္း သတိထားမိခဲ့ၾကၿပီး

တြစ္တာမွာ အဲဒီဗီဒီယိုဖိုင္ကို ျပန္လည္မွ်ေ၀ခဲ့ၾကပါတယ္။
အဲဒီဗီဒီယိုဖိုင္ထဲမွာ ဗာဆယ္ကိုက ကာဆင္နဲ႔ အခ်င္းမ်ားဖို႔
ႀကိဳးစားၿပီး ေ၀ၚလ္ကာနဲ႔ပါ ျပႆနာဖန္တီးဖို႔ ႀကိဳးစားတာကို
အက္သလက္အသင္းသားေတြနဲ႔ ၀န္ထမ္းေတြက
တားဆီးခဲ့တာျဖစ္ပါတယ္။ စီးတီးကေတာ့ အဲဒီပြဲမွာ

ဂိုးမရွိသေရကစားကာ ႏွစ္ေက်ာ့ေပါင္း ၁-၀ ဂိုးနဲ႔
အက္သလက္ကို ေက်ာ္ျဖတ္ၿပီး ဆီမီးဖိုင္နယ္မွာ
ေနာက္ထပ္ မက္ဒရစ္အေျခစုိက္အသင္းျဖစ္တဲ့
ရီးရဲလ္မက္ဒရစ္နဲ႔ ရင္ဆုိင္ရေတာ့မွာျဖစ္ပါတယ္။