
ဖီအိုရင်တီးနားတိုက်စစ်မှူး ဒူဆန်ဗလာဟိုဗစ် ဟာဂျူဗင်တပ်အသင်းမှာ
ဆေးစစ်မှုခံယူဖို့အတွက် တူရင်မြို့ကိုဒီကနေ့မှာရောက် ရှိလာတယ်လို့
အီတလီသတင်းတွေမှာဖော်ပြပါတယ်။ ဂျူဗင်တပ်ဟာ
ဗလာဟိုဗစ်အတွက်ပေါင် ၆၂ သန်းပေးဖို့သဘောတူခဲ့ ပြီးနောက်
ကစားသမားကသူ့လက်ရှိကလပ် ဖီအိုရင်တီးနားရဲ့ခွင့်ပြုချက်နဲ့
ဆေးစစ်ဖို့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဆားဘီး ယားလက်ရွေးစင်ဖြစ်တဲ့
ဗလာဟိုဗစ် ကို အူဘာမီယန်းနေရာအစားထိုးချင်နေတဲ့
အာဆင်နယ်အသင်းကခေါ်ယူဖို့ကြိုးစားခဲ့ သေးပေမယ့်
သူကငြင်းပယ်ပြီး ဂျူဗင်တပ်ကိုသာရွေးချယ်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာအသက် ၂၁ နှစ်သာရှိသေးတဲ့ ဗလာဟိုဗစ် အတွက်
များပြားတဲ့လစာနဲ့ အခြားခံစားခွင့်တွေပေးဖို့ကမ်းလှမ်းခဲ့သေးတာပါ။
ဂျူဗင်တပ်ဟာ အဲဒီဆားဘီးယား သားအတွက်ပေါင် ၆၂ သန်းအပြင်
သွင်းဂိုးနဲ့ ပွဲအရေအတွက်ပေါ်မူတည်ပြီးနောက်ထပ်
ပေါင် ၆ သန်းထပ်ပေးရဦးမှာဖြစ်ပါတယ်။
သူဟာဒီရာသီမှာ ဖီအိုရင်တီးနားအတွက် ၂၄ ပွဲကစားပြီး
ဂိုး ၂၀ အထိသွင်းခဲ့သူဖြစ်ပြီး လက်ရှိတိုက်စစ်မှူးတွေထဲမှာ
အကောင်း ဆုံးစာရင်းဝင်တစ်ဦးလည်းအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။
လီဝန်ဒေါစကီးလက်သစ်လို့ တင်စားခံထားရတဲ့ ဗလာဟိုဗစ် ဟာ
ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက ဂျူဗင်တပ်နဲ့
ပုဂ္ဂိုလ်ရေးသ ဘောတူညီချက်ရယူနိုင်ခဲ့တာပါ။
သူဟာဂျူဗင်တပ်မှာတစ်နှစ်လစာပေါင် ၅.၈ သန်းအထိ
ရရှိလိမ့်မယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ဖီအိုရင်တီးနားဟာ ဗလာဟိုဗစ်ကို ဆက်ထိန်းလိုပေမယ့်
ကစားသမားရဲ့စာချုပ်က ၁၈ လသာကျန်ရှိတော့ လို့
အကျိုးအမြတ်အများဆုံးရတဲ့ကမ်းလှမ်းမှုရှိချိန်မှာ
ရောင်းချ ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
သူ့နေရာမှာအစားထိုးဖို့အ တွက် ဘေဆယ် အသင်းက
အာသာကာဘရယ် ကိုခေါ်ယူဖို့ ဖီအိုရင်တီးနားကပစ်မှတ်ထားနေပါတယ်။
ဆောင်းရာသီဈေးကွက် ဟာ လာမယ့်တနင်္လာနေ့မှာအဆုံးသတ်မှာဖြစ်ပြီး
အဲဒီမတိုင်ခင်ကလပ်အသီးသီးဟာသူတို့လိုချင်တဲ့သူတွေကို
ရရှိဖို့ အပြင်းအ ထန်ကြိုးစားနေကြပါတယ်။
zawgyi
ဗလာဟိုဗစ္ ဂ်ဴဗင္တပ္အသင္းမွာ ေဆးစစ္မႈခံယူဖို႔ တူရင္ၿမိဳ႕ကိုေရာက္ရွိ
ဖီအိုရင္တီးနားတိုက္စစ္မႉး ဒူဆန္ဗလာဟိုဗစ္ ဟာဂ်ဴဗင္တပ္အသင္းမွာ
ေဆးစစ္မႈခံယူဖို႔အတြက္ တူရင္ၿမိဳ႕ကိုဒီကေန႔မွာေရာက္ ရွိလာတယ္လို႔
အီတလီသတင္းေတြမွာေဖာ္ျပပါတယ္။ ဂ်ဴဗင္တပ္ဟာ
ဗလာဟိုဗစ္အတြက္ေပါင္ ၆၂ သန္းေပးဖို႔သေဘာတူခဲ့ ၿပီးေနာက္
ကစားသမားကသူ႔လက္ရွိကလပ္ ဖီအိုရင္တီးနားရဲ႕ခြင့္ျပဳခ်က္နဲ႔
ေဆးစစ္ဖို႔ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ ဆားဘီး ယားလက္ေ႐ြးစင္ျဖစ္တဲ့
ဗလာဟိုဗစ္ ကို အူဘာမီယန္းေနရာအစားထိုးခ်င္ေနတဲ့
အာဆင္နယ္အသင္းကေခၚယူဖို႔ႀကိဳးစားခဲ့ ေသးေပမယ့္
သူကျငင္းပယ္ၿပီး ဂ်ဴဗင္တပ္ကိုသာေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ဟာအသက္ ၂၁ ႏွစ္သာရွိေသးတဲ့ ဗလာဟိုဗစ္ အတြက္
မ်ားျပားတဲ့လစာနဲ႔ အျခားခံစားခြင့္ေတြေပးဖို႔ကမ္းလွမ္းခဲ့ေသးတာပါ။
ဂ်ဴဗင္တပ္ဟာ အဲဒီဆားဘီးယား သားအတြက္ေပါင္ ၆၂ သန္းအျပင္
သြင္းဂိုးနဲ႔ ပြဲအေရအတြက္ေပၚမူတည္ၿပီးေနာက္ထပ္
ေပါင္ ၆ သန္းထပ္ေပးရဦးမွာျဖစ္ပါတယ္။
သူဟာဒီရာသီမွာ ဖီအိုရင္တီးနားအတြက္ ၂၄ ပြဲကစားၿပီး
ဂိုး ၂၀ အထိသြင္းခဲ့သူျဖစ္ၿပီး လက္ရွိတိုက္စစ္မႉးေတြထဲမွာ
အေကာင္း ဆုံးစာရင္းဝင္တစ္ဦးလည္းအျဖစ္လည္း သတ္မွတ္ခံခဲ့ရပါတယ္။
လီဝန္ေဒါစကီးလက္သစ္လို႔ တင္စားခံထားရတဲ့ ဗလာဟိုဗစ္ ဟာ
ၿပီးခဲ့တဲ့သီတင္းပတ္ကတည္းက ဂ်ဴဗင္တပ္နဲ႔
ပုဂၢိဳလ္ေရးသ ေဘာတူညီခ်က္ရယူႏိုင္ခဲ့တာပါ။
သူဟာဂ်ဴဗင္တပ္မွာတစ္ႏွစ္လစာေပါင္ ၅.၈ သန္းအထိ
ရရွိလိမ့္မယ္လို႔လည္း သတင္းမွာ ေဖာ္ျပပါတယ္။
ဖီအိုရင္တီးနားဟာ ဗလာဟိုဗစ္ကို ဆက္ထိန္းလိုေပမယ့္
ကစားသမားရဲ႕စာခ်ဳပ္က ၁၈ လသာက်န္ရွိေတာ့ လို႔
အက်ိဳးအျမတ္အမ်ားဆုံးရတဲ့ကမ္းလွမ္းမႈရွိခ်ိန္မွာ
ေရာင္းခ် ဖို႔ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။
သူ႔ေနရာမွာအစားထိုးဖို႔အ တြက္ ေဘဆယ္ အသင္းက
အာသာကာဘရယ္ ကိုေခၚယူဖို႔ ဖီအိုရင္တီးနားကပစ္မွတ္ထားေနပါတယ္။
ေဆာင္းရာသီေဈးကြက္ ဟာ လာမယ့္တနလၤာေန႔မွာအဆုံးသတ္မွာျဖစ္ၿပီး
အဲဒီမတိုင္ခင္ကလပ္အသီးသီးဟာသူတို႔လိုခ်င္တဲ့သူေတြကို
ရရွိဖို႔ အျပင္းအ ထန္ႀကိဳးစားေနၾကပါတယ္။