ဗန်ဟားလ်ကြောင့် ကြာသပတေးနေ့တိုင်းကို အမြဲအမှတ်ရနေမိတယ်လို့ ရက်ရှ်ဖို့ဒ် ဖွင့်ဟလာ

ယူနိုက်တက်အသင်းမှာ နည်းပြအဖြစ်ဗန်ဟားလ်ရှိခဲ့စဉ်က ညှိနှိုင်းလို့မရတဲ့

ပြဿနာကြောင့် အပတ်စဉ်ကြာသပတေးနေ့တိုင်းဒဏ်ရိုက်ခံခဲ့ရတယ်လို့

ရက်ရှ်ဖို့ဒ်က ရင်ဖွင့်လိုက်ပါတယ်။ အင်္ဂလန်ကြယ်ပွင့်ဟာ ဗန်ဟားလ်လက်ထက်

၂၀၁၆ ခုနှစ်မှာ အကယ်ဒမီကနေ စီနီယာအသင်းကိုထိုးဖောက်ဝင်ရောက်လာခဲ့သူဖြစ်တယ်။

စီနီယာအသင်းနဲ့အတူ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်လိုမတူညီတဲ့ပြိုင်ပွဲနှစ်ရပ်မှာ

ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ နာမည်တစ်လုံးစရခဲ့တာပါ။

ဒါပေမယ့် ရက်ရှ်ဖို့ဒ်ရဲ့တောက်ပလာတဲ့ခြေစွမ်းက ဗန်ဟားလ်ရဲ့တောင်းဆိုချက်တွေကနေ

ကင်းလွတ်ခွင့်တော့မရခဲ့ပါဘူး။ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ

ကြာသပတေးနေ့တိုင်းမှာလေ့ကျင့်ရေးနောက်ကျခဲ့တာကြောင့် ဗန်ဟားလ်ရဲ့

အပတ်စဉ်ဒဏ်တပ်ခြင်းခံခဲ့ရတာဖြစ်တယ်။ ကာရာဘောင်းဖလားဗိုလ်လုပွဲအပြီး

Sky Sports ရုပ်သံနဲ့တွေ့ဆုံမှုမှာ ရက်ရှ်ဖို့ဒ်က “ကြာသပတေးနေ့တွေကို

အမြဲတမ်းသတိရမိတယ်။ ကျွန်တော် ကြာသပတေးနေ့တိုင်းဒဏ်ရိုက်ခံရဖူးတယ်

(ဒါပေမယ့်) ကျွန်တော့်ဘက်က မထိန်းချုပ်နိုင်ပေမယ့် ဗန်ဟားလ်က အဲ့လိုလူအမျိုးအစားပါ။

ကောလိပ်ကအလုပ်တွေကိုပြီးအောင်လုပ်ရမယ်လို့ သူပြောဖူးတယ်၊

ဒါကိုညှိနှိုင်းလို့မရဘူး၊ ဒါပေမယ့် လေ့ကျင့်ရေးအတွက်တော့ နောက်ကျလို့မရဘူး၊

ဒီအတွက်ညှိနှိုင်းလို့လည်းမရပါဘူး။ ကျွန်တော် ကောလိပ်ကနေ လေ့ကျင့်ရေးကို

အမီလာဖို့ ၁၂ မိနစ်ပဲအချိန်ရပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။

လက်ရှိမှာ အသက် ၇၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဗန်ဟားလ်ဟာ ယူနိုက်တက်နဲ့အတူ

အက်ဖ်အေဖလားဆွတ်ခူးခဲ့ပြီးနောက် ရာသီကုန်မှာအသင်းကနေထွက်ခွာခဲ့ရသူဖြစ်တယ်။

နောက်ပိုင်းမှာတော့ ဆီးကျိတ်ကင်ဆာဝေဒနာခံစားနေရတဲ့ ဗန်ဟားလ်ကို

ရက်ရှ်ဖို့ဒ်က လေးလေးနက်နက်အသိအမှတ်ပြုဆက်ဆံပေးခဲ့ပါတယ်။

zawgyi

ဗန္ဟားလ္ေၾကာင့္ ၾကာသပေတးေန႔တိုင္းကို အၿမဲအမွတ္ရေနမိတယ္လို႔ ရက္ရွ္ဖို႔ဒ္ ဖြင့္ဟလာ

ယူႏိုက္တက္အသင္းမွာ နည္းျပအျဖစ္ဗန္ဟားလ္ရွိခဲ့စဥ္က ညႇိႏႈိင္းလို႔မရတဲ့

ျပႆနာေၾကာင့္ အပတ္စဥ္ၾကာသပေတးေန႔တိုင္းဒဏ္႐ိုက္ခံခဲ့ရတယ္လို႔

ရက္ရွ္ဖို႔ဒ္က ရင္ဖြင့္လိုက္ပါတယ္။ အဂၤလန္ၾကယ္ပြင့္ဟာ ဗန္ဟားလ္လက္ထက္

၂၀၁၆ ခုႏွစ္မွာ အကယ္ဒမီကေန စီနီယာအသင္းကိုထိုးေဖာက္ဝင္ေရာက္လာခဲ့သူျဖစ္တယ္။

စီနီယာအသင္းနဲ႔အတူ ပရီးမီးယားလိဂ္နဲ႔ ယူ႐ိုပါလိဂ္လိုမတူညီတဲ့ၿပိဳင္ပြဲႏွစ္ရပ္မွာ

ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ဟာ အိုးလ္ထရက္ဖို႔ဒ္မွာ နာမည္တစ္လုံးစရခဲ့တာပါ။

ဒါေပမယ့္ ရက္ရွ္ဖို႔ဒ္ရဲ႕ေတာက္ပလာတဲ့ေျခစြမ္းက ဗန္ဟားလ္ရဲ႕ေတာင္းဆိုခ်က္ေတြကေန

ကင္းလြတ္ခြင့္ေတာ့မရခဲ့ပါဘူး။ အသက္ ၂၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္ဟာ

ၾကာသပေတးေန႔တိုင္းမွာေလ့က်င့္ေရးေနာက္က်ခဲ့တာေၾကာင့္ ဗန္ဟားလ္ရဲ႕

အပတ္စဥ္ဒဏ္တပ္ျခင္းခံခဲ့ရတာျဖစ္တယ္။ ကာရာေဘာင္းဖလားဗိုလ္လုပြဲအၿပီး

Sky Sports ႐ုပ္သံနဲ႔ေတြ႕ဆုံမႈမွာ ရက္ရွ္ဖို႔ဒ္က “ၾကာသပေတးေန႔ေတြကို

အၿမဲတမ္းသတိရမိတယ္။ ကြၽန္ေတာ္ ၾကာသပေတးေန႔တိုင္းဒဏ္႐ိုက္ခံရဖူးတယ္

(ဒါေပမယ့္) ကြၽန္ေတာ့္ဘက္က မထိန္းခ်ဳပ္ႏိုင္ေပမယ့္ ဗန္ဟားလ္က အဲ့လိုလူအမ်ိဳးအစားပါ။

ေကာလိပ္ကအလုပ္ေတြကိုၿပီးေအာင္လုပ္ရမယ္လို႔ သူေျပာဖူးတယ္၊

ဒါကိုညႇိႏႈိင္းလို႔မရဘူး၊ ဒါေပမယ့္ ေလ့က်င့္ေရးအတြက္ေတာ့ ေနာက္က်လို႔မရဘူး၊

ဒီအတြက္ညႇိႏႈိင္းလို႔လည္းမရပါဘူး။ ကြၽန္ေတာ္ ေကာလိပ္ကေန ေလ့က်င့္ေရးကို

အမီလာဖို႔ ၁၂ မိနစ္ပဲအခ်ိန္ရပါတယ္” လို႔ ဖြင့္ဟခဲ့ပါတယ္။

လက္ရွိမွာ အသက္ ၇၁ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ဗန္ဟားလ္ဟာ ယူႏိုက္တက္နဲ႔အတူ

အက္ဖ္ေအဖလားဆြတ္ခူးခဲ့ၿပီးေနာက္ ရာသီကုန္မွာအသင္းကေနထြက္ခြာခဲ့ရသူျဖစ္တယ္။

ေနာက္ပိုင္းမွာေတာ့ ဆီးက်ိတ္ကင္ဆာေဝဒနာခံစားေနရတဲ့ ဗန္ဟားလ္ကို

ရက္ရွ္ဖို႔ဒ္က ေလးေလးနက္နက္အသိအမွတ္ျပဳဆက္ဆံေပးခဲ့ပါတယ္။