ဗန်ပါစီရဲ့ခြေရာ လိုက်နင်းမယ့် သားဖြစ်သူ ရှာကွီရယ်ဗန်ပါစီ

သတင်းတွေရဲ့ဖော်ပြချက်အရ ရော်ဘင်ဗန်ပါစီရဲ့

သားဖြစ်သူဟာ ဖီယင်နုအသင်းနဲ့ ၃ နှစ်စာချုပ်
ချုပ်ဆိုတော့မှာဖြစ်ကြောင်း သိရပါတယ်။
အသက် ၁၅ နှစ်အရွယ်ရှိ ရှာကွီရယ်ဗန်ပါစီဟာ
ဖီယင်နုလူငယ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက်
လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း

အသင်းနဲ့ စာချုပ်ချုပ်ဆိုတော့မယ်လို့ နယ်သာလန်မီဒီယာတွေက
ရေးသားဖော်ပြပါတယ်။
မကြာသေးခင်က နယ်သာလန် ယူ၁၆ အသင်းနဲ့အတူ
ပထမဆုံးပွဲထွက်ခွင့်ရခဲ့တဲ့ ရှာကွီရယ်ဟာ ယူနိုက်တက်တိုက်စစ်မှူးဟောင်း
ဗန်ပါစီရဲ့ခြေရာကို လိုက်နင်းတော့မှာဖြစ်ပြီး

ဖခင်ဖြစ်သူလိုပဲ သူလည်း တိုက်စစ်မှူးအဖြစ် ကစားနေတာဖြစ်ပါတယ်။
ဗန်ပါစီဟာ ကစားသမားဘဝကို ဖီယင်နုနဲ့အတူ
စတင်ခဲ့တာဖြစ်ပြီး လူငယ်အသင်းမှာရော
အသင်းကြီးမှာပါ ကစားခဲ့တဲ့အနက် စီနီယာအသင်းအတွက်
ပွဲပေါင်း ၅၀ ကျော် ကစားပေးခဲ့ပါတယ်။

သူဟာ ဖီယင်နုကနေ အာဆင်နယ်ကို
ရောက်သွားပြီးနောက် ၈နှစ်ကြာကစားခဲ့ပြီး
အဲဒီကနေ ယူနိုက်တက်ကို ရောက်သွားခဲ့တာပါ။
ဗန်ပါစီဟာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလားနဲ့
အက်ဖ်အေဖလားတွေ ရယူနိုင်ခဲ့ပြီး

ဖီယင်နုအသင်းနဲ့အတူ ကစားသမားဘဝကို အဆုံးသတ်ခဲ့ပါတယ်။
သူဟာ ဖီယင်နုအသင်းမှာ လက်ထောက်နည်းပြအပြင်
တိုက်စစ်မှူးနည်းပြအဖြစ်ပါ တာဝန်ယူဆောင်ရွက်နေပါတယ်။

Zawgyi

ဗန္ပါစီရဲ႕ေျခရာ လုိက္နင္းမယ့္ သားျဖစ္သူ ရွာကီြရယ္ဗန္ပါစီ
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ေရာ္ဘင္ဗန္ပါစီရဲ႕
သားျဖစ္သူဟာ ဖီယင္ႏုအသင္းနဲ႔ ၃ ႏွစ္စာခ်ဳပ္
ခ်ဳပ္ဆုိေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။

အသက္ ၁၅ ႏွစ္အရြယ္ရွိ ရွာကီြရယ္ဗန္ပါစီဟာ
ဖီယင္ႏုလူငယ္အသင္းမွာ ေျခစြမ္းျပႏုိင္ခဲ့ၿပီးေနာက္
လာမယ့္ရက္သတၱပတ္အနည္းငယ္အတြင္း
အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိေတာ့မယ္လုိ႔ နယ္သာလန္မီဒီယာေတြက
ေရးသားေဖာ္ျပပါတယ္။

မၾကာေသးခင္က နယ္သာလန္ ယူ၁၆ အသင္းနဲ႔အတူ
ပထမဆုံးပြဲထြက္ခြင့္ရခဲ့တဲ့ ရွာကီြရယ္ဟာ ယူႏုိက္တက္တုိက္စစ္မွဴးေဟာင္း
ဗန္ပါစီရဲ႕ေျခရာကို လုိက္နင္းေတာ့မွာျဖစ္ၿပီး
ဖခင္ျဖစ္သူလုိပဲ သူလည္း တုိက္စစ္မွဴးအျဖစ္ ကစားေနတာျဖစ္ပါတယ္။
ဗန္ပါစီဟာ ကစားသမားဘ၀ကို ဖီယင္ႏုနဲ႔အတူ

စတင္ခဲ့တာျဖစ္ၿပီး လူငယ္အသင္းမွာေရာ
အသင္းႀကီးမွာပါ ကစားခဲ့တဲ့အနက္ စီနီယာအသင္းအတြက္
ပြဲေပါင္း ၅၀ ေက်ာ္ ကစားေပးခဲ့ပါတယ္။
သူဟာ ဖီယင္ႏုကေန အာဆင္နယ္ကို
ေရာက္သြားၿပီးေနာက္ ၈ႏွစ္ၾကာကစားခဲ့ၿပီး

အဲဒီကေန ယူႏုိက္တက္ကို ေရာက္သြားခ့ဲတာပါ။
ဗန္ပါစီဟာ ယူႏုိက္တက္နဲ႔အတူ ပရီးမီးယားလိဂ္ဖလားနဲ႔
အက္ဖ္ေအဖလားေတြ ရယူႏုိင္ခဲ့ၿပီး
ဖီယင္ႏုအသင္းနဲ႔အတူ ကစားသမားဘ၀ကို အဆုံးသတ္ခဲ့ပါတယ္။
သူဟာ ဖီယင္ႏုအသင္းမွာ လက္ေထာက္နည္းျပအျပင္

တုိက္စစ္မွဴးနည္းျပအျဖစ္ပါ တာ၀န္ယူေဆာင္ရြက္ေနပါတယ္။