
ဗီလာကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲမှာ
ဗန်ဒီဘိခ် ဝင်လာပြီးမှ ပြိုင်ဘက်ကိုထိန်းချုပ်နိုင်ခဲ့တယ်လို့
မန်ယူနည်းပြ ရန်းနစ်ခ်က ဝန်ခံလိုက်တာကြောင့်
လာမယ့်ပွဲတွေမှာသူ့ကိုဦးစားပေးစာရင်းကနေ ထည့်သွင်းကစားဖို့
ပရိသတ်တွေကတောင်းဆိုနေကြပါတယ်။
၂၀၂၀ နွေရာသီက အေဂျက်ဇ်ကနေပေါင်သန်း ၄၀ နဲ့ပြောင်းလာတဲ့
ဗန်ဒီဘိခ်ဟာ မန်ယူအသင်းမှာအရန်အဖြစ်သာရှိနေသူအဖြစ် လူသိများတဲ့သူပါ။
ဒါပေမယ့် ဗီလာနဲ့အက်ဖ်အေဖလားပွဲမှာ ၇၂ မိနစ်မှာ ကာဗာနီအစား
လူစားဝင်ကစားခဲ့သူဖြစ်ပါတယ်။
အဲဒီအချိန်မှာ မန်ယူက ၁-၀ နဲ့နိုင်နေပေမယ့် ပြိုင်ဘက်က
ဖိအားပေးနေတာကြောင့် ရုန်းကန်နေရတဲ့အချိန်ဖြစ်ပါတယ်။
ဒါပေမယ့်သူဝင်လာပြီးနောက်မှာတော့ မန်ယူဟာကစားပုံပြန်လည်ကောင်းမွန်ခဲ့ပြီး
ဖိအားတွေအောက်ကနေရုန်းထွက်နိုင်ခဲ့ကာ
ပွဲကိုလည်းပြန်ပြီးထိန်းချုပ်လာနိုင်ခဲ့တာပါ။
ဒါကြောင့်လည်းမန်ယူပရိသတ်တွေက အသက်၂၄ နှစ်ရှိပြီဖြစ်တဲ့
အဲဒီနယ်သာလန်သားကို ဘာကြောင့်ပွဲထွက်လူစာရင်းကနေ
ပိုပြီးမသုံးရသလဲဆိုတာကို မေးခွန်းထုတ်လာကြတာပါ။
ဒီပွဲအပြီးမှာ ရန်းနစ်ခ်က” ဒွန်နီ(ဗန်ဒီဘိခ်)ဝင်လာပြီးနောက်
ကွင်းလယ်စိန်ပွင့်ပုံစံပြောင်းလိုက်တဲ့အခိုက်အတန့်ကစပြီး
ကျွန်တော်တို့ဟာပွဲကိုထိန်းချုပ်နိုင်ခဲ့သလို တန်ပြန်တိုက်စစ်တွေလည်း
ပြန်ဆင်နိုင်ခဲ့ပါတယ်” လို့ပြောသွားပါတယ်။
ဒါကြောင့်လည်းပရိသတ်တစ်ဦးက ရန်းနစ်ခ်အနေနဲ့အဲဒီလိုသိနေရင်
ဒွန်နီ ကိုဘာကြောင့်ပွဲထွက်ခွင့်ပိုမပေးရသလဲလို့ မေးခွန်းထုတ်ပါတယ်။
နောက်တစ်ယောက်ကလည်း” ဒီလိုစိတ်ကူးရှိမှတော့
ပေးကစားလိုက်တော့ပေါ့’ လို့ပြောခဲ့သလို
နောက်တစ်ယောက်ကလည်း ‘ နောက်ပွဲမှာ ဗန်ဒီဘိခ်တစ်ယောက်
ပွဲထွက်စာရင်းကနေမပါဘူးဆိုရင် ရန်းနစ်ခ်ထွက်ဖို့ဘဲတောင်းဆိုတော့မယ်။
ပွဲပြီးမှအခုလိုတွေပြောပြီး အရန်ခုံမှာဒီအတိုင်းထားလို့တော့မရဘူး” လို့ဆိုခဲ့ပါတယ်။
နောက်ထပ်တစ်ယောက်ကတော့” ဘယ်နည်းနဲ့မဆိုဗန်ဒီဘိခ်တစ်ယောက်
နောက်တစ်ပွဲမှာလည်းအရန်ခုံမှာရှိနေဦးမှာဘဲ” လို့ပြောသွားပါတယ်။
တိုက်ဆိုင်တာကတော့ မန်ယူရဲ့လာမယ့်ပရီးမီးယားလိဂ်ပွဲစဥ်ဟာ
ဗီလာနဲ့ဘဲဖြစ်ပြီး အဝေးကွင်းကစားရမှာဖြစ်လို့
ဗန်ဒီဘိခ် တစ်ယောက်ပွဲထွက်လာမလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။
zawgyi
ဗန္ဒီဘိခ္ ဝင္လာၿပီးမွ ၿပိဳင္ဘက္ကိုထိန္းခ်ဳပ္ႏိုင္ခဲ့တယ္လို႔ ရန္းနစ္ခ္ ဝန္ခံ
ဗီလာကို ၁-၀ နဲ႔အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလား တတိယအဆင့္ပြဲမွာ
ဗန္ဒီဘိခ္ ဝင္လာၿပီးမွ ၿပိဳင္ဘက္ကိုထိန္းခ်ဳပ္ႏိုင္ခဲ့တယ္လို႔
မန္ယူနည္းျပ ရန္းနစ္ခ္က ဝန္ခံလိုက္တာေၾကာင့္
လာမယ့္ပြဲေတြမွာသူ႔ကိုဦးစားေပးစာရင္းကေန ထည့္သြင္းကစားဖို႔
ပရိသတ္ေတြကေတာင္းဆိုေနၾကပါတယ္။
၂၀၂၀ ေႏြရာသီက ေအဂ်က္ဇ္ကေနေပါင္သန္း ၄၀ နဲ႔ေျပာင္းလာတဲ့
ဗန္ဒီဘိခ္ဟာ မန္ယူအသင္းမွာအရန္အျဖစ္သာရွိေနသူအျဖစ္ လူသိမ်ားတဲ့သူပါ။
ဒါေပမယ့္ ဗီလာနဲ႔အက္ဖ္ေအဖလားပြဲမွာ ၇၂ မိနစ္မွာ ကာဗာနီအစား
လူစားဝင္ကစားခဲ့သူျဖစ္ပါတယ္။
အဲဒီအခ်ိန္မွာ မန္ယူက ၁-၀ နဲ႔ႏိုင္ေနေပမယ့္ ၿပိဳင္ဘက္က
ဖိအားေပးေနတာေၾကာင့္ ႐ုန္းကန္ေနရတဲ့အခ်ိန္ျဖစ္ပါတယ္။
ဒါေပမယ့္သူဝင္လာၿပီးေနာက္မွာေတာ့ မန္ယူဟာကစားပုံျပန္လည္ေကာင္းမြန္ခဲ့ၿပီး
ဖိအားေတြေအာက္ကေန႐ုန္းထြက္ႏိုင္ခဲ့ကာ
ပြဲကိုလည္းျပန္ၿပီးထိန္းခ်ဳပ္လာႏိုင္ခဲ့တာပါ။
ဒါေၾကာင့္လည္းမန္ယူပရိသတ္ေတြက အသက္၂၄ ႏွစ္ရွိၿပီျဖစ္တဲ့
အဲဒီနယ္သာလန္သားကို ဘာေၾကာင့္ပြဲထြက္လူစာရင္းကေန
ပိုၿပီးမသုံးရသလဲဆိုတာကို ေမးခြန္းထုတ္လာၾကတာပါ။
ဒီပြဲအၿပီးမွာ ရန္းနစ္ခ္က” ဒြန္နီ(ဗန္ဒီဘိခ္)ဝင္လာၿပီးေနာက္
ကြင္းလယ္စိန္ပြင့္ပုံစံေျပာင္းလိုက္တဲ့အခိုက္အတန႔္ကစၿပီး
ကြၽန္ေတာ္တို႔ဟာပြဲကိုထိန္းခ်ဳပ္ႏိုင္ခဲ့သလို တန္ျပန္တိုက္စစ္ေတြလည္း
ျပန္ဆင္ႏိုင္ခဲ့ပါတယ္” လို႔ေျပာသြားပါတယ္။
ဒါေၾကာင့္လည္းပရိသတ္တစ္ဦးက ရန္းနစ္ခ္အေနနဲ႔အဲဒီလိုသိေနရင္
ဒြန္နီ ကိုဘာေၾကာင့္ပြဲထြက္ခြင့္ပိုမေပးရသလဲလို႔ ေမးခြန္းထုတ္ပါတယ္။
ေနာက္တစ္ေယာက္ကလည္း” ဒီလိုစိတ္ကူးရွိမွေတာ့
ေပးကစားလိုက္ေတာ့ေပါ့’ လို႔ေျပာခဲ့သလို
ေနာက္တစ္ေယာက္ကလည္း ‘ ေနာက္ပြဲမွာ ဗန္ဒီဘိခ္တစ္ေယာက္
ပြဲထြက္စာရင္းကေနမပါဘူးဆိုရင္ ရန္းနစ္ခ္ထြက္ဖို႔ဘဲေတာင္းဆိုေတာ့မယ္။
ပြဲၿပီးမွအခုလိုေတြေျပာၿပီး အရန္ခုံမွာဒီအတိုင္းထားလို႔ေတာ့မရဘူး” လို႔ဆိုခဲ့ပါတယ္။
ေနာက္ထပ္တစ္ေယာက္ကေတာ့” ဘယ္နည္းနဲ႔မဆိုဗန္ဒီဘိခ္တစ္ေယာက္
ေနာက္တစ္ပြဲမွာလည္းအရန္ခုံမွာရွိေနဦးမွာဘဲ” လို႔ေျပာသြားပါတယ္။
တိုက္ဆိုင္တာကေတာ့ မန္ယူရဲ႕လာမယ့္ပရီးမီးယားလိဂ္ပြဲစဥ္ဟာ
ဗီလာနဲ႔ဘဲျဖစ္ၿပီး အေဝးကြင္းကစားရမွာျဖစ္လို႔
ဗန္ဒီဘိခ္ တစ္ေယာက္ပြဲထြက္လာမလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။