
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဗန်ဒီဘိခ်ဟာ လီဗာပူးလ်နဲ့ပွဲအပြီးမှာ
တခြားကစားသမားတွေ ကိုယ့်အိမ်ကိုပြန်သွားကြပေမယ့် သူကတော့
အိုးလ်ထရက်ဖို့ဒ်ကွင်းထဲမှာ ဆက်နေပြီး တစ်ယောက်တည်းလေ့ကျင့်ခန်း
ဆက်ဆင်းခဲ့ပါတယ်။ ပြီးခဲတဲ့နှစ်၊ နွေရာသီတုန်းက အေဂျက်စ်အသင်းကနေ
ပေါင်(၃၅)သန်းနဲ့ယူနိုက်တက်အသင်းဆီရောက်ရှိခဲ့သူ ဗန်ဒီဘိခ်ဟာ
မနှစ်ကလည်း ပွဲထွက်ကစားခွင့်ရဖို့ရုန်းကန်ခဲ့ရသလို ဒီနှစ်မှာလည်း
အသင်းအတွက်ပါဝင်ကစားခွင့်မရသေးပါဘူး။
ဗန်ဒီဘိခ်ဟာ နွေရာသီကာလတုန်းက ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိလာအောင်
ကြိုးစားပြင်ဆင်ခဲ့ပြီး ယူနိုက်တက်အသင်းမှာပွဲထွက်ခွင့်တစ်နေရာရအတွက်
တိုက်ပွဲဝင်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် နည်းပြဆိုးလ်ရှားကတော့
သူ့ကို ပွဲထွက်ခွင့်မပေးသေးဘဲ ဒီရာသီပရီးမီးယားလိဂ်(၉)ပွဲကစားပြီးချိန်မှာ
စုစုပေါင်း(၆)မိနစ်သာကစားခဲ့ရသလို အရန်ခုံမှာထိုင်ခဲ့ရတာက (၈)ပွဲအထိရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီတုန်းက အဲဗာတန်အသင်းဟာ ဗန်ဒီဘိခ်ကို အငှားနဲ့ခေါ်ယူဖို့
ကြိုးပမ်းခဲ့ပေမယ့် ဆိုးလ်ရှားရဲ့တားမြစ်မှုကြောင့် အပြောင်းအရွှေ့ဖြစ်မလာခဲ့ပါဘူး။
ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ဗန်ဒီဘိခ် ပွဲထွက်ကစားခွင့်ရခဲ့တာဆိုလို့
ယန်းဘွိုင်းစ်နဲ့ချန်ပီယံလိဂ်ပွဲ၊ ဝက်စ်ဟမ်းအသင်းနဲ့ကစားခဲ့တဲ့လိဂ်ဖလားပွဲတွေသာရှိပြီး
ယန်းဘွိုင်းစ်နဲ့ပွဲမှာ ပွဲချိန်ပြည့်ကစားခွင့်မရခဲ့ဘဲ ပထမပိုင်းအပြီးမှာပဲလူစားလဲခံခဲ့ရပါတယ်။
ယူနိုက်တက်အသင်းမှာ အဆင်မပြေမှုတွေနဲ့ရင်ဆိုင်နေရပေမယ့်
ဗန်ဒီဘိခ်ကတော့ အကောင်းဆုံးဖြစ်အောင်ကြိုးစားပြင်ဆင်နေပြီး
လီဗာပူးလ်ကို(၅-ဝ)ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း
တစ်ယောက်တည်းလေ့ကျင့်ခန်းဆက်ဆင်းခဲ့တာဖြစ်သလို သူ့နဲ့အတူ
အသင်းကြံ့ခိုင်ရေးနည်းပြတစ်ဦးသာရှိနေတာဖြစ်ပါတယ်။ ဗန်ဒီဘိခ်အနေနဲ့
အသင်းမှာ ပွဲထွက်ကစားခွင့်ဆက်လက်ပျောက်ဆုံးနေဦးမယ်ဆိုရင်
လာမယ့်ဇန်နဝါရီကာလအတွင်း ယူနိုက်တက်နဲ့လမ်းခွဲဖို့ရှိနေပြီး သူ့ကို
ပရီးမီးယားလိဂ်ကလပ်တချို့ကစိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါတယ်။
zawgyi
ဗန္ဒီဘိခ္ဟာ လီဗာပူးလ္နဲ႔ပြဲအၿပီးမွာ အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲမွာ ဆက္ေနၿပီး ေလ့က်င့္ခန္းဆက္ဆင္းခဲ့
မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူဗန္ဒီဘိခ္ဟာ လီဗာပူးလ္နဲ႔ပြဲအၿပီးမွ
ာ တျခားကစားသမားေတြ ကိုယ့္အိမ္ကိုျပန္သြားၾကေပမယ့္ သူကေတာ့
အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲမွာ ဆက္ေနၿပီး တစ္ေယာက္တည္းေလ့က်င့္ခန္း
ဆက္ဆင္းခဲ့ပါတယ္။ ၿပီးခဲတဲ့ႏွစ္၊ ေႏြရာသီတုန္းက ေအဂ်က္စ္အသင္းကေန
ေပါင္(၃၅)သန္းနဲ႔ယူႏိုက္တက္အသင္းဆီေရာက္ရွိခဲ့သူ ဗန္ဒီဘိခ္ဟာ
မႏွစ္ကလည္း ပြဲထြက္ကစားခြင့္ရဖို႔႐ုန္းကန္ခဲ့ရသလို ဒီႏွစ္မွာလည္း
အသင္းအတြက္ပါဝင္ကစားခြင့္မရေသးပါဘူး။
ဗန္ဒီဘိခ္ဟာ ေႏြရာသီကာလတုန္းက ခႏၶာကိုယ္ႀကံ့ခိုင္မႈရွိလာေအာင္
ႀကိဳးစားျပင္ဆင္ခဲ့ၿပီး ယူႏိုက္တက္အသင္းမွာပြဲထြက္ခြင့္တစ္ေနရာရအတြက္
တိုက္ပြဲဝင္ဖို႔ဆုံးျဖတ္ခဲ့ေပမယ့္ နည္းျပဆိုးလ္ရွားကေတာ့
သူ႔ကို ပြဲထြက္ခြင့္မေပးေသးဘဲ ဒီရာသီပရီးမီးယားလိဂ္(၉)ပြဲကစားၿပီးခ်ိန္မွာ
စုစုေပါင္း(၆)မိနစ္သာကစားခဲ့ရသလို အရန္ခုံမွာထိုင္ခဲ့ရတာက (၈)ပြဲအထိရွိခဲ့ပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီတုန္းက အဲဗာတန္အသင္းဟာ ဗန္ဒီဘိခ္ကို အငွားနဲ႔ေခၚယူဖို႔
ႀကိဳးပမ္းခဲ့ေပမယ့္ ဆိုးလ္ရွားရဲ႕တားျမစ္မႈေၾကာင့္ အေျပာင္းအေ႐ႊ႕ျဖစ္မလာခဲ့ပါဘူး။
ဒီရာသီမွာ ယူႏိုက္တက္အသင္းအတြက္ ဗန္ဒီဘိခ္ ပြဲထြက္ကစားခြင့္ရခဲ့တာဆိုလို႔
ယန္းဘြိဳင္းစ္နဲ႔ခ်န္ပီယံလိဂ္ပြဲ၊ ဝက္စ္ဟမ္းအသင္းနဲ႔ကစားခဲ့တဲ့လိဂ္ဖလားပြဲေတြသာရွိၿပီး
ယန္းဘြိဳင္းစ္နဲ႔ပြဲမွာ ပြဲခ်ိန္ျပည့္ကစားခြင့္မရခဲ့ဘဲ ပထမပိုင္းအၿပီးမွာပဲလူစားလဲခံခဲ့ရပါတယ္။
ယူႏိုက္တက္အသင္းမွာ အဆင္မေျပမႈေတြနဲ႔ရင္ဆိုင္ေနရေပမယ့္
ဗန္ဒီဘိခ္ကေတာ့ အေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားျပင္ဆင္ေနၿပီး
လီဗာပူးလ္ကို(၅-ဝ)ဂိုးျပတ္ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ အိုးလ္ထရက္ဖို႔ဒ္ကြင္းအတြင္း
တစ္ေယာက္တည္းေလ့က်င့္ခန္းဆက္ဆင္းခဲ့တာျဖစ္သလို သူ႔နဲ႔အတူ
အသင္းႀကံ့ခိုင္ေရးနည္းျပတစ္ဦးသာရွိေနတာျဖစ္ပါတယ္။ ဗန္ဒီဘိခ္အေနနဲ႔
အသင္းမွာ ပြဲထြက္ကစားခြင့္ဆက္လက္ေပ်ာက္ဆုံးေနဦးမယ္ဆိုရင္
လာမယ့္ဇန္နဝါရီကာလအတြင္း ယူႏိုက္တက္နဲ႔လမ္းခြဲဖို႔ရွိေနၿပီး သူ႔ကို
ပရီးမီးယားလိဂ္ကလပ္တခ်ိဳ႕ကစိတ္ဝင္စားေနတယ္လို႔ သတင္းထြက္ေနပါတယ္။