
မန်ချက်စတာယူနိုက်တက်မှာဒွန်နီဗန်ဒီဘိခ်ရဲ့အခြေအနေကဆိုးရွားသထက်
ဆိုးရွားလို့လာနေပါတယ်။ဗန်ဒီဘိခ်ဟာမန်ယူမှာပွဲကစားခွင့်အလွန်နည်းပါးစွာ
ရရှိနေမှုနဲ့အတူနည်းပြတစ်ဦးအဖြစ်ဝင်ရောက်လုပ်ဆောင်ပေးနေရပါတယ်။
ဒတ်ချ်ကွင်းလယ်ကစားသမားဗန်ဒီဘိခ်ဟာပြီးခဲ့တဲ့အပတ်တုန်းကစပါးစ်ကို
၃-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာအရန်အဖြစ်ပင်ဝင်ရောက်ကစားခွင့်မရရှိခဲ့ပါဘူး။
ဒါပေမယ့်မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာကွင်းထဲမှာ
ဘောလုံးကစားခွင့်မရတဲ့ဗန်ဒီဘိခ်ကိုစနေနေ့တုန်းကစပါးစ်နှင့်ပွဲမတိုင်ခင်မှာ
အလကားနေခိုင်းမထားခဲ့ဘဲအလုပ်တစ်ခုပေးခဲ့ပါတယ်။
အွန်လိုင်းမှာထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်အရဗန်ဒီဘိခ်ဟာစပါးစ်နှင့်ပွဲမတိုင်ခင်မှာ
ပွဲထွက်လူစာရင်းမှာပါဝင်တဲ့ပထမအသင်းမှကစားသမားများကို
နည်းပြတစ်ဦးလိုထောက်ပံ့မှုပြုလုပ်ခဲ့ရပါတယ်။
အေဂျက်စ်ကစားသမားဟောင်းဟာပွဲထွက်လူစာရင်းမှာပါဝင်တဲ့
ခရစ္စတီယာနိုရော်နယ်ဒို၊အက်ဒီဆင်ကာဗာနီနှင့်ဘရူနိုဖာနန်ဒက်စ်တို့ကဲ့သို့
ကစားသမားများ ဂိုးသွင်းလေ့ကျင့်ခန်းလုပ်ချိန်မှာ နည်းပြအဖွဲ့ဝင်
မိုက်ကယ်ကာရစ်နှင့်အတူထောက်ပံ့မှုပြုလုပ်ခဲ့ရပါတယ်။
မန်ယူပရိသတ်တစ်ဦးက “ဒွန်နီကိုဖရက်ထက်ဖန်တီးမှုပိုင်းကောင်းတယ်၊
ဘောလုံးအထိန်းအသိမ်းကောင်းတယ်၊ခံစစ်ကစားတာကောင်းတယ်လို့ထင်တယ်။
ဒီအံ့ဩစရာကောင်းတဲ့လူစာရင်းနဲ့ အိုလီလုပ်နေတာတွေကအဓိပ္ပါယ်မရှိပါဘူး”လို့ ဆိုသွားပါတယ်။
အခြားပရိသတ်တစ်ဦးကလည်း “တကယ့်ဟာသပဲ။၃-၅-၂ကစားကွက်ကိုသာ
သုံးမယ်ဆိုရင်ဒွန်နီကအလယ်တန်းမှာဘရူနို၊ရှေ့တန်းနှစ်ဦးနဲ့
တော်တော်လေးကောင်းလာမှာ”လို့ပြောကြားသွားပါတယ်။
ဒွန်နီဗန်ဒီဘိခ်ဟာယခုရာသီမှာမန်ယူအတွက်ပရီးမီးယားလိဂ်တွင်၆မိနစ်တည်းသာ
ကစားခွင့်ရရှိထားသူဖြစ်ပြီးလာမယ့်ဇန်နဝါရီလမှာမန်ယူမှထွက်ခွာဖို့
သေချာသလောက်ရှိနေတဲ့ကစားသမားလည်းဖြစ်ပါတယ်။
သူ့ကိုဘာစီလိုနာ၊ဂျူဗင်တပ်၊အဲဗာတန်၊နယူးကာဆယ်နှင့်အဲဗာတန်တို့က
ခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။သူဟာနွေရာသီတုန်းကအဲဗာတန်သို့
ပြောင်းရန်ပုဂ္ဂိုလ်ရေးသဘောတူညီမှုရပြီးမှဆိုးလ်ရှားကအခွင့်အရေးပေးမယ်လို့
ကတိပြုမှုကြောင့်အိုးထရက်ဖို့ဒ်မှာဆက်နေခဲ့တာဖြစ်ပါတယ်။
zawgyi
ဗန္ဒီဘိခ္ဟာ မန္ယူမွာပြဲကစားခြင့္အလြန္နည္းပါးစြာရရွိေနမႈနဲ႔အတူ နည္းျပတစ္ဦးအျဖစ္ဝင္ေရာက္လုပ္ေဆာင္ေပးေနရ
မန္ခ်က္စတာယူႏိုက္တက္မွာဒြန္နီဗန္ဒီဘိခ္ရဲ႕အေျခအေနကဆိုး႐ြားသထက္
ဆိုး႐ြားလို႔လာေနပါတယ္။ဗန္ဒီဘိခ္ဟာမန္ယူမွာပြဲကစားခြင့္အလြန္နည္းပါးစြာ
ရရွိေနမႈနဲ႔အတူနည္းျပတစ္ဦးအျဖစ္ဝင္ေရာက္လုပ္ေဆာင္ေပးေနရပါတယ္။
ဒတ္ခ်္ကြင္းလယ္ကစားသမားဗန္ဒီဘိခ္ဟာၿပီးခဲ့တဲ့အပတ္တုန္းကစပါးစ္ကို
၃-ဝဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာအရန္အျဖစ္ပင္ဝင္ေရာက္ကစားခြင့္မရရွိခဲ့ပါဘူး။
ဒါေပမယ့္မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားဟာကြင္းထဲမွာ
ေဘာလုံးကစားခြင့္မရတဲ့ဗန္ဒီဘိခ္ကိုစေနေန႔တုန္းကစပါးစ္ႏွင့္ပြဲမတိုင္ခင္မွာ
အလကားေနခိုင္းမထားခဲ့ဘဲအလုပ္တစ္ခုေပးခဲ့ပါတယ္။
အြန္လိုင္းမွာထြက္ေပၚလာတဲ့ဗီဒီယိုဖိုင္အရဗန္ဒီဘိခ္ဟာစပါးစ္ႏွင့္ပြဲမတိုင္ခင္မွာ
ပြဲထြက္လူစာရင္းမွာပါဝင္တဲ့ပထမအသင္းမွကစားသမားမ်ားကို
နည္းျပတစ္ဦးလိုေထာက္ပံ့မႈျပဳလုပ္ခဲ့ရပါတယ္။
ေအဂ်က္စ္ကစားသမားေဟာင္းဟာပြဲထြက္လူစာရင္းမွာပါဝင္တဲ့
ခရစၥတီယာႏိုေရာ္နယ္ဒို၊အက္ဒီဆင္ကာဗာနီႏွင့္ဘ႐ူႏိုဖာနန္ဒက္စ္တို႔ကဲ့သို႔
ကစားသမားမ်ား ဂိုးသြင္းေလ့က်င့္ခန္းလုပ္ခ်ိန္မွာ နည္းျပအဖြဲ႕ဝင္
မိုက္ကယ္ကာရစ္ႏွင့္အတူေထာက္ပံ့မႈျပဳလုပ္ခဲ့ရပါတယ္။
မန္ယူပရိသတ္တစ္ဦးက “ဒြန္နီကိုဖရက္ထက္ဖန္တီးမႈပိုင္းေကာင္းတယ္၊
ေဘာလုံးအထိန္းအသိမ္းေကာင္းတယ္၊ခံစစ္ကစားတာေကာင္းတယ္လို႔ထင္တယ္။
ဒီအံ့ဩစရာေကာင္းတဲ့လူစာရင္းနဲ႔ အိုလီလုပ္ေနတာေတြကအဓိပၸါယ္မရွိပါဘူး”လို႔ ဆိုသြားပါတယ္။
အျခားပရိသတ္တစ္ဦးကလည္း “တကယ့္ဟာသပဲ။၃-၅-၂ကစားကြက္ကိုသာ
သုံးမယ္ဆိုရင္ဒြန္နီကအလယ္တန္းမွာဘ႐ူႏို၊ေရွ႕တန္းႏွစ္ဦးနဲ႔
ေတာ္ေတာ္ေလးေကာင္းလာမွာ”လို႔ေျပာၾကားသြားပါတယ္။
ဒြန္နီဗန္ဒီဘိခ္ဟာယခုရာသီမွာမန္ယူအတြက္ပရီးမီးယားလိဂ္တြင္၆မိနစ္တည္းသာ
ကစားခြင့္ရရွိထားသူျဖစ္ၿပီးလာမယ့္ဇန္နဝါရီလမွာမန္ယူမွထြက္ခြာဖို႔
ေသခ်ာသေလာက္ရွိေနတဲ့ကစားသမားလည္းျဖစ္ပါတယ္။
သူ႔ကိုဘာစီလိုနာ၊ဂ်ဴဗင္တပ္၊အဲဗာတန္၊နယူးကာဆယ္ႏွင့္အဲဗာတန္တို႔က
ေခၚယူရန္စိတ္ဝင္စားေနပါတယ္။သူဟာေႏြရာသီတုန္းကအဲဗာတန္သို႔
ေျပာင္းရန္ပုဂၢိဳလ္ေရးသေဘာတူညီမႈရၿပီးမွဆိုးလ္ရွားကအခြင့္အေရးေပးမယ္လို႔
ကတိျပဳမႈေၾကာင့္အိုးထရက္ဖို႔ဒ္မွာဆက္ေနခဲ့တာျဖစ္ပါတယ္။