ဗန်ဒီဘိခ်ရဲ့ ယူနိုက်တက်ကစားသမာဘဝ ဘာတွေမှားခဲ့လဲ…? (၂)နှစ်လုံး အရံခုံမှာထိုင်နေရင်းကနေ အခု ရတဲ့ဈေးနဲ့ရောင်းချဖို့ ယူနိုက်တက် ပြင်ဆင်နေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းမှာ အပယ်ခံဖြစ်နေတဲ့ ကွင်းလယ်လူဗန်ဒီဘိခ်ကို

လျှော့ဈေးနဲ့ ထုတ်ရောင်းသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်နေပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ နယ်သာလန်ကစားသမား ဗန်ဒီဘိခ်ဟာ

၂၀၂၀ ခုနှစ်က အေဂျက်စ်ကနေ ယူနိုက်တက်ကို ပေါင်သန်း(၄၀)နဲ့ပြောင်းရွှေ့ခဲ့ပေမယ့်

အသင်းကို စရောက်ချိန်ကတည်းက အခုအချိန်အထိ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

၂၀၂၀-၂၁ ရာသီတုန်းက ပြိုင်ပွဲစုံ(၃၆)ပွဲကစား၊ (၁)ဂိုးသာသွင်းယူခဲ့တဲ့ ဗန်ဒီဘိခ်ဟာ

ပြီးခဲ့တဲ့ရာသီမှာလည်း စုစုပေါင်း(၁၄)ပွဲသာကစားခဲ့ရသလို (၁)ဂိုးသွင်းယူခဲ့ပြီး

ရာသီဝက်မှာ အဲဗာတန်အသင်းဆီ အငှားချခံခဲ့ရပါတယ်။

ဒီရာသီမှာ သူ့ ဆရာဟောင်း အဲရစ်တန်ဟက် ယူနိုက်တက်ကို ရောက်လာတာကြောင့်

ဗန်ဒီဘိခ်အစစ်အမှန်ကို ပြန်မြင်ရတော့မယ်လို့ အားလုံးက မျှော်လင့်ကြပေမယ့်

ဒဏ်ရာပြဿနာ၊ ပုံမှန်ကစားခွင့်မရတာတွေနဲ့အတူ ခြေစွမ်းမပြနိုင်ဖြစ်နေပြီး

အခုလောလောဆယ် အသင်းအတွက် (၃)ပွဲသာကစားခွင့်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက အသင်းဟောင်း အေဂျက်စ်ဟာ ဗန်ဒီဘိခ်ကို ပြန်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့်

အဆင်မပြေခဲ့ဘဲ စီးရီးအေထိပ်သီး အေစီမီလန်အသင်းကလည်း ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာ လက်စတာအသင်းဟာ ဗန်ဒီဘိခ်ကို ပစ်မှတ်ထားနေပြီး

လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့အတွင်း ပေါင်(၁၃)သန်းနဲ့ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေထွက်နေပါတယ်။

နာမည်ကျော်အားကစားရုပ်သံတစ်ခုဖြစ်တဲ့ Sky Sport က အစီအစဉ်တင်ဆက်သူ ဒါမက်ရှ်ဆက်သ်ကတော့

ယူနိုက်တက်အသင်းအနေနဲ့ ဗန်ဒီဘိခ်ကို ဇန်နဝါရီကျရင် လျှော့ဈေးနဲ့ ရောင်းချသွားဖို့ရှိတယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ဒါမက်ရှ်ဆက်သ်က “ဇန်နဝါရီလအတွင်း ဗန်ဒီဘိခ်အတွက် ကမ်းလှမ်းမှုရှိလာရင် ယူနိုက်တက်တို့ လက်ခံစဉ်းစားသွားမယ့်အနေအထားရှိပါတယ်။

မနှစ်က အဲဗာတန်အသင်းဆီ ဗန်ဒီဘိခ်ကို အငှားချခဲ့တာက မှားယွင်းတယ်လို့ မြင်မိပြီး

ပွဲကစားခွင့်ရနိုင်တဲ့ တခြားဥရောပကလပ်အသင်းတစ်သင်းကို ယူနိုက်တက် အငှားချသင့်ပါတယ်။

ဗန်ဒီဘိခ်ဟာ ယူနိုက်တက်မှာလိုပဲ အဲဗာတန်မှာလည်း ပွဲကစားခွင့်မရခဲ့ဘဲ ဒါက မှန်ကန်တဲ့ရွေးချယ်မှု မဖြစ်ခဲ့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

zawgyi

ဗန္ဒီဘိခ္ရဲ႕ ယူႏိုက္တက္ကစားသမာဘဝ ဘာေတြမွားခဲ့လဲ…?

(၂)ႏွစ္လုံး အရံခုံမွာထိုင္ေနရင္းကေန အခု ရတဲ့ေဈးနဲ႔ေရာင္းခ်ဖို႔ ယူႏိုက္တက္ ျပင္ဆင္ေန

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အသင္းမွာ အပယ္ခံျဖစ္ေနတဲ့ ကြင္းလယ္လူဗန္ဒီဘိခ္ကို

ေလွ်ာ့ေဈးနဲ႔ ထုတ္ေရာင္းသြားဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းထြက္ေနပါတယ္။

အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ နယ္သာလန္ကစားသမား ဗန္ဒီဘိခ္ဟာ

၂၀၂၀ ခုႏွစ္က ေအဂ်က္စ္ကေန ယူႏိုက္တက္ကို ေပါင္သန္း(၄၀)နဲ႔ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္

အသင္းကို စေရာက္ခ်ိန္ကတည္းက အခုအခ်ိန္အထိ ႐ုန္းကန္ေနရဆဲျဖစ္ပါတယ္။

၂၀၂၀-၂၁ ရာသီတုန္းက ၿပိဳင္ပြဲစုံ(၃၆)ပြဲကစား၊ (၁)ဂိုးသာသြင္းယူခဲ့တဲ့ ဗန္ဒီဘိခ္ဟာ

ၿပီးခဲ့တဲ့ရာသီမွာလည္း စုစုေပါင္း(၁၄)ပြဲသာကစားခဲ့ရသလို (၁)ဂိုးသြင္းယူခဲ့ၿပီး

ရာသီဝက္မွာ အဲဗာတန္အသင္းဆီ အငွားခ်ခံခဲ့ရပါတယ္။

ဒီရာသီမွာ သူ႔ ဆရာေဟာင္း အဲရစ္တန္ဟက္ ယူႏိုက္တက္ကို ေရာက္လာတာေၾကာင့္

ဗန္ဒီဘိခ္အစစ္အမွန္ကို ျပန္ျမင္ရေတာ့မယ္လို႔ အားလုံးက ေမွ်ာ္လင့္ၾကေပမယ့္

ဒဏ္ရာျပႆနာ၊ ပုံမွန္ကစားခြင့္မရတာေတြနဲ႔အတူ ေျခစြမ္းမျပႏိုင္ျဖစ္ေနၿပီး

အခုေလာေလာဆယ္ အသင္းအတြက္ (၃)ပြဲသာကစားခြင့္ရခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီက အသင္းေဟာင္း ေအဂ်က္စ္ဟာ ဗန္ဒီဘိခ္ကို ျပန္ေခၚဖို႔ ႀကိဳးစားခဲ့ေပမယ့္

အဆင္မေျပခဲ့ဘဲ စီးရီးေအထိပ္သီး ေအစီမီလန္အသင္းကလည္း ဗန္ဒီဘိခ္ကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ဖူးပါတယ္။

လက္ရွိအခ်ိန္မွာ လက္စတာအသင္းဟာ ဗန္ဒီဘိခ္ကို ပစ္မွတ္ထားေနၿပီး

လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕အတြင္း ေပါင္(၁၃)သန္းနဲ႔ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္ဆိုတဲ့ သတင္းေတြထြက္ေနပါတယ္။

နာမည္ေက်ာ္အားကစား႐ုပ္သံတစ္ခုျဖစ္တဲ့ Sky Sport က အစီအစဥ္တင္ဆက္သူ ဒါမက္ရွ္ဆက္သ္ကေတာ့

ယူႏိုက္တက္အသင္းအေနနဲ႔ ဗန္ဒီဘိခ္ကို ဇန္နဝါရီက်ရင္ ေလွ်ာ့ေဈးနဲ႔ ေရာင္းခ်သြားဖို႔ရွိတယ္လို႔ ခန႔္မွန္းခဲ့ပါတယ္။

ဒါမက္ရွ္ဆက္သ္က “ဇန္နဝါရီလအတြင္း ဗန္ဒီဘိခ္အတြက္ ကမ္းလွမ္းမႈရွိလာရင္ ယူႏိုက္တက္တို႔ လက္ခံစဥ္းစားသြားမယ့္အေနအထားရွိပါတယ္။

မႏွစ္က အဲဗာတန္အသင္းဆီ ဗန္ဒီဘိခ္ကို အငွားခ်ခဲ့တာက မွားယြင္းတယ္လို႔ ျမင္မိၿပီး

ပြဲကစားခြင့္ရႏိုင္တဲ့ တျခားဥေရာပကလပ္အသင္းတစ္သင္းကို ယူႏိုက္တက္ အငွားခ်သင့္ပါတယ္။

ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္မွာလိုပဲ အဲဗာတန္မွာလည္း ပြဲကစားခြင့္မရခဲ့ဘဲ ဒါက မွန္ကန္တဲ့ေ႐ြးခ်ယ္မႈ မျဖစ္ခဲ့ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။