ဗန်ဒီဘိခ်က မန်ယူမှ ထွက်ခဲ့ပြီးနောက် စိတ်ဓာတ်ခွန်အားတက်လာတယ်လို့ ခံစားရကြောင်း ဖွင့်ဟ

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ယူကနေ အငှားထွက်ခွာခဲ့ပြီးနောက်

သူ့အနေနဲ့ စိတ်ဓာတ်ခွန်အားတက်လာတယ်လို့ ခံစားရကြောင့်

ကွင်းလယ်လူဗန်ဒီဘိခ်က ဖွင့်ဟလိုက်ပါတယ်။

၂၄ နှစ်အရွယ် အဲဒီနယ်သာလန်သားဟာ ပြီးခဲ့တဲ့လက အဲဗာတန်ကို အငှားသွားခဲ့တာပါ။

အသင်းသစ်မှာ ခြေစွမ်းပြနေလို့ ယူနိုက်တက်မှာ တစ်နှစ်ခွဲကြာရုန်းကန်ခဲ့ရပြီးနောက်

နောက်ဆုံးတော့ ပရီးမီးယားလိဂ်မှာ အသားကျသွားတဲ့ပုံပါပဲ။

သူဟာ ဆိုးလ်ရှားလက်ထက်တုန်းက ပွဲကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး

ယာယီနည်းပြအဖြစ် ရန်းနစ်ရောက်လာတော့လည်း

အခြေအနေက မပြောင်းလဲခဲ့ပါဘူး။

နောက်ဆုံးတော့ ယူနိုက်တက်ဟာ သူ့ကို အငှားထွက်ခွင့်ပြုလိုက်ရပြီး

ဗန်ဒီဘိခ်ကို စိတ်ဝင်စားတဲ့အသင်းများစွာလည်း ရှိခဲ့တာပါ။

ဒါပေမဲ့လည်း အဲဒီအေဂျက်ကစားသမားဟောင်းဟာ ကစားသမားဘဝက

ကွင်းလယ်မှာ ဂိုးသွင်းခြေစွမ်းပြခဲ့တဲ့ နည်းပြလမ်းပတ်ဆီက

လေ့လာသင်ယူနိုင်ဖို့ အဲဗာတန်ကိုသာ ရွေးချယ်ခဲ့ပါတယ်။

”ခေတ်သစ်တစ်ခု၊ ကစားသမားသစ်တွေ၊ နည်းပြသစ်တို့နဲ့ဆိုတော့

အသစ်တစ်ခုစတင်သလိုပါပဲ။ အဲဒါတွေက ကျွန်တော့်ကို

အားအင်တွေအများကြီးပေးခဲ့တာပါ။

အသင်းကလည်း အမှတ်ပေးဇယားအပေါ်ကို ပြန်ရောက်ချင်နေတာပါ။

ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော်ကလည်း

ကိုယ်လုပ်နိုင်တာကို ပြချင်ပါတယ်။ ဒီပေါင်းစပ်မှုက

ကောင်းတယ်လို့ ထင်ပါတယ်”လို့ ဗန်ဒီဘိခ်က

Sky Sports ရုပ်သံကို ပြောခဲ့တာပါ။

အငှားလာရောက်ကစားတဲ့ဗန်ဒီဘိခ်ဟာ အဲဗာတန်မှာ

ပွဲထွက်အခွင့်အရေးရလာခဲ့သလို လိဒ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာလည်း

အထူးခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

zawgyi

ဗန္ဒီဘိခ္က မန္ယူမွ ထြက္ခဲ့ၿပီးေနာက္ စိတ္ဓာတ္ခြန္အားတက္လာတယ္လို႔ ခံစားရေၾကာင္း ဖြင့္ဟ

ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ မန္ယူကေန အငွားထြက္ခြာခဲ့ၿပီးေနာက္

သူ႔အေနနဲ႔ စိတ္ဓာတ္ခြန္အားတက္လာတယ္လို႔ ခံစားရေၾကာင့္

ကြင္းလယ္လူဗန္ဒီဘိခ္က ဖြင့္ဟလိုက္ပါတယ္။

၂၄ ႏွစ္အ႐ြယ္ အဲဒီနယ္သာလန္သားဟာ ၿပီးခဲ့တဲ့လက အဲဗာတန္ကို အငွားသြားခဲ့တာပါ။

အသင္းသစ္မွာ ေျခစြမ္းျပေနလို႔ ယူႏိုက္တက္မွာ တစ္ႏွစ္ခြဲၾကာ႐ုန္းကန္ခဲ့ရၿပီးေနာက္

ေနာက္ဆုံးေတာ့ ပရီးမီးယားလိဂ္မွာ အသားက်သြားတဲ့ပုံပါပဲ။

သူဟာ ဆိုးလ္ရွားလက္ထက္တုန္းက ပြဲကစားခြင့္ရဖို႔ ႐ုန္းကန္ခဲ့ရၿပီး

ယာယီနည္းျပအျဖစ္ ရန္းနစ္ေရာက္လာေတာ့လည္း

အေျခအေနက မေျပာင္းလဲခဲ့ပါဘူး။

ေနာက္ဆုံးေတာ့ ယူႏိုက္တက္ဟာ သူ႔ကို အငွားထြက္ခြင့္ျပဳလိုက္ရၿပီး

ဗန္ဒီဘိခ္ကို စိတ္ဝင္စားတဲ့အသင္းမ်ားစြာလည္း ရွိခဲ့တာပါ။

ဒါေပမဲ့လည္း အဲဒီေအဂ်က္ကစားသမားေဟာင္းဟာ ကစားသမားဘဝက

ကြင္းလယ္မွာ ဂိုးသြင္းေျခစြမ္းျပခဲ့တဲ့ နည္းျပလမ္းပတ္ဆီက

ေလ့လာသင္ယူႏိုင္ဖို႔ အဲဗာတန္ကိုသာ ေ႐ြးခ်ယ္ခဲ့ပါတယ္။

”ေခတ္သစ္တစ္ခု၊ ကစားသမားသစ္ေတြ၊ နည္းျပသစ္တို႔နဲ႔ဆိုေတာ့

အသစ္တစ္ခုစတင္သလိုပါပဲ။ အဲဒါေတြက ကြၽန္ေတာ့္ကို

အားအင္ေတြအမ်ားႀကီးေပးခဲ့တာပါ။

အသင္းကလည္း အမွတ္ေပးဇယားအေပၚကို ျပန္ေရာက္ခ်င္ေနတာပါ။

ကစားသမားတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္ကလည္း

ကိုယ္လုပ္ႏိုင္တာကို ျပခ်င္ပါတယ္။ ဒီေပါင္းစပ္မႈက

ေကာင္းတယ္လို႔ ထင္ပါတယ္”လို႔ ဗန္ဒီဘိခ္က

Sky Sports ႐ုပ္သံကို ေျပာခဲ့တာပါ။

အငွားလာေရာက္ကစားတဲ့ဗန္ဒီဘိခ္ဟာ အဲဗာတန္မွာ

ပြဲထြက္အခြင့္အေရးရလာခဲ့သလို လိဒ္ကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာလည္း

အထူးေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။