
ဆိုးလ်ရှားလက်ထက် ယူနိုက်တက်မှာအရံခုံမှာပဲအချိန်ကုန်ခဲ့ရတဲ့
ဗန်ဒီဘိခ်ဟာ အဲဗာတန်ကစားသမားဘ၀ ပထမဆုံးပွဲထွက်ခွင့်ရတဲ့
လိဒ်စ်နဲ့ပွဲမှာတင် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ခြေစွမ်းဟာ
ပရိသတ်တွေနဲ့ မီဒီယာတွေကြားမှာ ချီးကျူးစရာဖြစ်ခဲ့သလို
သူဟာလည်း အဆိုပါပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။
လိဒ်ကို (၃-ဝ)နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဗန်ဒီဘိခ်ဟာ
ပေးပို့မှုပေါင်း ၈၉.၅% အထိ အောင်မြင်ခဲ့ပြီး ဂိုးရနိုင်တဲ့
အခွင့်အလမ်းတစ်ကြိမ်ဖန်တီးနိုင်ခဲ့သလို အရေးပါတဲ့
ပေးပို့မှုတစ်ကြိမ်လည်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ဘောလုံးဖြတ်ထုတ်မှုပေါင်း ၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ကာ
နှစ်ဖက်အသင်းကစားသမားတွေထဲ အများဆုံးဖြစ်ခဲ့ပြီး
Middle Third Zone ထဲမှာ ဘောလုံးပိုင်ဆိုင်မှုအများဆုံး
ကစားသမားလည်းဖြစ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကိုရောက်လာခဲ့တာ (၂)နှစ်ရှိနေပြီဖြစ်တဲ့
ဗန်ဒီဘိခ်အတွက် ဒီပွဲဟာ ပွဲချိန်ပြည့် ပါဝင်ခွင့်ရတဲ့
ပထမဆုံး ပွဲစဉ်ဖြစ်ခဲ့ပါတယ်။
ဆိုးလ်ရှားလက်ထက်ကနေ ရန်းနစ်နည်းပြနေတဲ့အထိ
ဖရက်နဲ့တိုမီနေးတို့ကိုသာ ဆက်တိုက်ပွဲထုတ်ကစားခဲ့ပြီ
း ပွဲကစားဖို့အခွင့်အရေးမရခဲ့တဲ့ ဗန်ဒီဘိခ်အတွက်တော့
ဒီပွဲဟာ အသင်းလည်း ဂိုးပြတ်နိုင်ပွဲရခဲ့သလို သူဟာလည်း
ပရီမီးယားလိဂ်မှာ ကစားနိုင်တဲ့ခြေစွမ်းရှိသူတစ်ယောက်ဆိုတာ
သက်သေပြနိုင်ခဲ့ပါတယ်။
အေဂျက်မှာ ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ် တောက်ပခဲ့တဲ့
ဗန်ဒီဘိခ်ဟာ လိဒ်စ်ကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ (၄-၄-၂)
ကစားကွက်နဲ့အတူ ကွင်းလယ် ဗဟို နေရာကနေ
ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးမှာ လူငယ်ကစားသမားတွေကို နေရာပေး၊
ခြေစွမ်းကောင်းတွေရအောင် ဖော်ထုတ်နိုင်ခဲ့တဲ့ နည်းပြလမ်းပတ်ကလည်း
ဗန်ဒီဘိခ်ကစားတဲ့နေရာနဲ့ ပတ်သက်ပြီး “ ဒွန်နီက မတူညီတဲ့ နေရာတွေမှာ
ကောင်းကောင်း ကစားနိုင်ပြီး နည်းစနစ်ပိုင်းကျွမ်းကျင်တဲ့
ကွင်းလယ် ကစားသမား (Technical Player) တစ်ယောက် လို့ဆိုရမှာပါပဲ။
ကွင်းလယ်(၂)ယောက်တွဲမှာ ကစားတဲ့အခါမှာ
သူ့ဆီကနေ ဖြတ်တင်ဘောတွေနဲ့ တိုက်စစ်ကို ကောင်းကောင်း
ကူညီနိုင်တဲ့ ကွင်းလယ်လူ တစ်ယောက်ပါ”
“နောက်ပြီး ကစားကွက် အနေအထားအရ ကွင်းလယ်တိုက်စစ်အဖြစ်နဲ့လည်း
ဂိုးသွင်းနိုင်တဲ့ ကစားသမားတစ်ယောက်ပါ။ ဒွန်နီအနေနဲ့
မတူညီတဲ့ အနေအထားတွေနဲ့လည်း ကျွန်တော်တို့အသင်းကို
ကူညီနိုင်မယ်ဆိုတာ ကျွန်တော် ယုံကြည်ထားပါတယ်။”
ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။
လာမယ့်စနေနေ့မှာ ယူနိုက်တက်ကွင်းလယ်ကို ပညာပြခဲ့တဲ့
ဆောက်သမ်တန်နဲ့ ရင်ဆိုင်ရဖို့ရှိနေတဲ့ အဲဗာတန်မှာ ဗန်ဒီဘိခ်သာ
ဆက်လက်ပွဲထွက်ခွင့်ရပြီး ခြေစွမ်းပြနိုင်ခဲ့မယ်ဆိုရင်တော့
ယူနိုက်တက်နည်းပြတွေအနေနဲ့ ဗန်ဒီဘိခ်ကို ဘာကြောင့်
အရံခုံမှာထိုင်ခိုင်းခဲ့လည်းဆိုတဲ့ အကြောင်းပြချက်ကောင်းကောင်းပေးနိုင်ဖို့
ကြိုတင်စဉ်းစားထားသင့်ပါပြီ။ အထူးသဖြင့် ဆိုးလ်ရှားပေါ့။
zawgyi
ဗန္ဒီဘိခ္ကို အရံခုံမွာထိုင္ခိုင္းခဲ့လဲဆိုတဲ့ အေၾကာင္းျပခ်က္ေပးႏိုင္ဖို႔ စဥ္းစားထားသင့္တဲ့ ဆိုးလ္ရွား
ဆိုးလ္ရွားလက္ထက္ ယူႏိုက္တက္မွာအရံခုံမွာပဲအခ်ိန္ကုန္ခဲ့ရတဲ့
ဗန္ဒီဘိခ္ဟာ အဲဗာတန္ကစားသမားဘ၀ ပထမဆုံးပြဲထြက္ခြင့္ရတဲ့
လိဒ္စ္နဲ႔ပြဲမွာတင္ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕ေျခစြမ္းဟာ
ပရိသတ္ေတြနဲ႔ မီဒီယာေတြၾကားမွာ ခ်ီးက်ဴးစရာျဖစ္ခဲ့သလို
သူဟာလည္း အဆိုပါပြဲရဲ႕ အေကာင္းဆုံးကစားသမားဆုကိုရရွိခဲ့ပါတယ္။
လိဒ္ကို (၃-ဝ)နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ဗန္ဒီဘိခ္ဟာ
ေပးပို႔မႈေပါင္း ၈၉.၅% အထိ ေအာင္ျမင္ခဲ့ၿပီး ဂိုးရႏိုင္တဲ့
အခြင့္အလမ္းတစ္ႀကိမ္ဖန္တီးႏိုင္ခဲ့သလို အေရးပါတဲ့
ေပးပို႔မႈတစ္ႀကိမ္လည္း ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။
ေဘာလုံးျဖတ္ထုတ္မႈေပါင္း ၄ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ကာ
ႏွစ္ဖက္အသင္းကစားသမားေတြထဲ အမ်ားဆုံးျဖစ္ခဲ့ၿပီး
Middle Third Zone ထဲမွာ ေဘာလုံးပိုင္ဆိုင္မႈအမ်ားဆုံး
ကစားသမားလည္းျဖစ္ခဲ့ပါတယ္။
ပရီးမီးယားလိဂ္ကိုေရာက္လာခဲ့တာ (၂)ႏွစ္ရွိေနၿပီျဖစ္တဲ့
ဗန္ဒီဘိခ္အတြက္ ဒီပြဲဟာ ပြဲခ်ိန္ျပည့္ ပါဝင္ခြင့္ရတဲ့
ပထမဆုံး ပြဲစဥ္ျဖစ္ခဲ့ပါတယ္။
ဆိုးလ္ရွားလက္ထက္ကေန ရန္းနစ္နည္းျပေနတဲ့အထိ
ဖရက္နဲ႔တိုမီေနးတို႔ကိုသာ ဆက္တိုက္ပြဲထုတ္ကစားခဲ့ၿပီ
း ပြဲကစားဖို႔အခြင့္အေရးမရခဲ့တဲ့ ဗန္ဒီဘိခ္အတြက္ေတာ့
ဒီပြဲဟာ အသင္းလည္း ဂိုးျပတ္ႏိုင္ပြဲရခဲ့သလို သူဟာလည္
းပရီမီးယားလိဂ္မွာ ကစားႏိုင္တဲ့ေျခစြမ္းရွိသူတစ္ေယာက္ဆိုတာ
သက္ေသျပႏိုင္ခဲ့ပါတယ္။
ေအဂ်က္မွာ ကြင္းလယ္တိုက္စစ္ကစားသမားအျဖစ္ ေတာက္ပခဲ့တဲ့
ဗန္ဒီဘိခ္ဟာ လိဒ္စ္ကို ဂိုးျပတ္ အႏိုင္ရခဲ့တဲ့ ပြဲမွာ (၄-၄-၂)
ကစားကြက္နဲ႔အတူ ကြင္းလယ္ ဗဟို ေနရာကေန
ေျခစြမ္းျပ ကစားႏိုင္ခဲ့ပါတယ္။
ခ်ဲလ္ဆီးမွာ လူငယ္ကစားသမားေတြကို ေနရာေပး၊
ေျခစြမ္းေကာင္းေတြရေအာင္ ေဖာ္ထုတ္ႏိုင္ခဲ့တဲ့ နည္းျပလမ္းပတ္ကလည္း
ဗန္ဒီဘိခ္ကစားတဲ့ေနရာနဲ႔ ပတ္သက္ၿပီး “ ဒြန္နီက မတူညီတဲ့ ေနရာေတြမွာ
ေကာင္းေကာင္း ကစားႏိုင္ၿပီး နည္းစနစ္ပိုင္းကြၽမ္းက်င္တဲ့
ကြင္းလယ္ ကစားသမား (Technical Player) တစ္ေယာက္ လို႔ဆိုရမွာပါပဲ။
ကြင္းလယ္(၂)ေယာက္တြဲမွာ ကစားတဲ့အခါမွာ
သူ႔ဆီကေန ျဖတ္တင္ေဘာေတြနဲ႔ တိုက္စစ္ကို ေကာင္းေကာင္း
ကူညီႏိုင္တဲ့ ကြင္းလယ္လူ တစ္ေယာက္ပါ”
“ေနာက္ၿပီး ကစားကြက္ အေနအထားအရ ကြင္းလယ္တိုက္စစ္အျဖစ္နဲ႔လည္း
ဂိုးသြင္းႏိုင္တဲ့ ကစားသမားတစ္ေယာက္ပါ။ ဒြန္နီအေနနဲ႔
မတူညီတဲ့ အေနအထားေတြနဲ႔လည္း ကြၽန္ေတာ္တို႔အသင္းကို
ကူညီႏိုင္မယ္ဆိုတာ ကြၽန္ေတာ္ ယုံၾကည္ထားပါတယ္။”
ဆိုၿပီး မွတ္ခ်က္ေပးခဲ့ပါတယ္။
လာမယ့္စေနေန႔မွာ ယူႏိုက္တက္ကြင္းလယ္ကို ပညာျပခဲ့တဲ့
ေဆာက္သမ္တန္နဲ႔ ရင္ဆိုင္ရဖို႔ရွိေနတဲ့ အဲဗာတန္မွာ ဗန္ဒီဘိခ္သာ
ဆက္လက္ပြဲထြက္ခြင့္ရၿပီး ေျခစြမ္းျပႏိုင္ခဲ့မယ္ဆိုရင္ေတာ့
ယူႏိုက္တက္နည္းျပေတြအေနနဲ႔ ဗန္ဒီဘိခ္ကို ဘာေၾကာင့္
အရံခုံမွာထိုင္ခိုင္းခဲ့လည္းဆိုတဲ့ အေၾကာင္းျပခ်က္ေကာင္းေကာင္းေပးႏိုင္ဖို႔
ႀကိဳတင္စဥ္းစားထားသင့္ပါၿပီ။ အထူးသျဖင့္ ဆိုးလ္ရွားေပါ့။