ဗန်ဒီဘိခ်ကို ရက်ရှ်ဖို့ဒ်က အဝတ်လဲခန်းအငွေ့အသက်တွေပါနေတဲ့ နှုတ်ဆက်ဆုတောင်းပို့စ်တစ်ခုရေးသားခဲ့

အဲဗာတန်အသင်းထံ ဗန်ဒီဘိခ်ဟာ ၂၀၂၁-၂၂ ရာသီအကုန်အထိ

၆လအငှားဖြင့် ရောက်ရှိခဲ့တာ ဖြစ်ပြီး

အပြီးသတ် ခေါ်ယူခွင့်အချက်တော့ မပါခဲ့ပါဘူး။

ဒါကြောင့် အဲဗာတန်မှာ ခြေစွမ်းပြနိုင်ရင်တောင် အဆုံးမှာ

နယ်သာလန်သားဟာ အိုးထရက်ဖို့ဒ်ထံ ပြန်ရောက်လာမှာ ဖြစ်ပါတယ်။

အသက်၂၄နှစ်သားဟာ ပုံမှန်ပွဲထွက်ခွင့် ရရေး

မန်ချက်စတာယူနိုက်တက်ကနေ ဇန်နဝါရီလအပြောင်းအရွှေ့မှာ

ထွက်ခွာရန် စိတ်အားထက်သန်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ နည်းပြဟောင်း ဆိုးလ်ရှားလက်ထက်မှာ နေရာမရခဲ့သလို

ရန်းနစ်လက်ထက်မှာလည်း ထူးပြီးမလာခဲ့ပါဘူး။

၂၀၂၀က အေဂျက်ကနေ ပေါင်သန်း၄၀ဖြင့် ရောက်လာသော်လည်း

ယခုနှစ်အတွင်း ဗန်ဒီဘိခ်ဟာ ယူနိုက်တက်အတွက်

လိဂ်ပွဲ ၈ပွဲသာ ကစားပေးထားရပါတယ်။ ထို၈ပွဲအားလုံးကလည်း

အရန်ခုံကနေချည်း ဝင်ကစားခဲ့ရတာ ဖြစ်ပါတယ်။

သူ့အနေနဲ့ ပြိုင်ပွဲစုံ သရဲနီတွေအတွက်

ပွဲ၅၀ ကစားပေးခဲ့ပြီး ၂ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ဆောင်းရာသီ အပြောင်းအရွှေ့နောက်ဆုံးရက်မှာမှ

အိုးထရက်ဒ်ဖို့ဒ်ကိုစွန့်ခွာသွားခဲ့သူ ဗန်ဒီဘိခ်ကို

တိုက်စစ်မှူးမားကက်စ်ရက်ရှ်ဖို့ဒ်က အဝတ်လဲခန်းအငွေ့အသက်တွေပါနေတဲ့

နှုတ်ဆက်ဆုတောင်းပို့စ်တစ်ခုရေးသားခဲ့ပါတယ်။

ယူနိုက်တက်အော်ဖစ်ရှယ်ရဲ့တွစ်တာပို့စ်ဖြစ်တဲ့ ရာသီကုန်အထိ

၂၄နှစ်သား အငှားထွက်သွားခဲ့ပြီဆိုတဲ့ ပို့်စ်ကိုပြန်တွစ်ထားတဲ့ ရက်ရှ်ဖို့ဒ်က

သူ့ပို့စ်ရဲ့ခေါင်းစဉ်အဖြစ် သူ့ထက်အသက်၆လကြီးသူ

ဗန်ဒီဘိခ်ကိုအခုလိုအားပေးထားပါတယ်။

“ငါ့အစ်ကိုရေ။ အဲဒီကိုသွားပြီး ခင်ဗျားဘာတွေလုပ်နိုင်တယ်ဆိုတာ

သူတို့ကိုပြလိုက်စမ်းပါ။” လို့ရေးသားထားပါတယ်။

နယ်သာလန်သားဟာ ဖေဖော်ဝါရီလ ၈ရက် နယူးကာဆယ်နဲ့ကစားမယ့်

ပရီးမီးယားလိဂ်ပွဲတွင် အဲဗာတန်အတွက် ပွဲဦးထွက်ကစားလာဖွယ် ရှိပါတယ်။

အဲဗာတန်ဟာ လက်ရှိ ပရီးမီးယားလိဂ်ဇယား ရပ်တည်မှုတွင်

အဆင့်၁၆နေရာတွင် ရှိနေပြီး ပွဲ၂၀မှာ ၁၉မှတ်သာ ရရှိထားကာ

နည်းပြသစ်အဖြစ် ဖရန့်လမ်းပတ်ကို ခန့်အပ်ထားပါတယ်။

zawgyi

ဗန္ဒီဘိခ္ကို ရက္ရွ္ဖို႔ဒ္က အဝတ္လဲခန္းအေငြ႕အသက္ေတြပါေနတဲ့ ႏႈတ္ဆက္ဆုေတာင္းပို႔စ္တစ္ခုေရးသားခဲ့

အဲဗာတန္အသင္းထံ ဗန္ဒီဘိခ္ဟာ ၂၀၂၁-၂၂ ရာသီအကုန္အထိ

၆လအငွားျဖင့္ ေရာက္ရွိခဲ့တာ ျဖစ္ၿပီး

အၿပီးသတ္ ေခၚယူခြင့္အခ်က္ေတာ့ မပါခဲ့ပါဘူး။

ဒါေၾကာင့္ အဲဗာတန္မွာ ေျခစြမ္းျပႏိုင္ရင္ေတာင္ အဆုံးမွာ

နယ္သာလန္သားဟာ အိုးထရက္ဖို႔ဒ္ထံ ျပန္ေရာက္လာမွာ ျဖစ္ပါတယ္။

အသက္၂၄ႏွစ္သားဟာ ပုံမွန္ပြဲထြက္ခြင့္ ရေရး

မန္ခ်က္စတာယူႏိုက္တက္ကေန ဇန္နဝါရီလအေျပာင္းအေ႐ႊ႕မွာ

ထြက္ခြာရန္ စိတ္အားထက္သန္ခဲ့တာ ျဖစ္ပါတယ္။

သူဟာ နည္းျပေဟာင္း ဆိုးလ္ရွားလက္ထက္မွာ ေနရာမရခဲ့သလို

ရန္းနစ္လက္ထက္မွာလည္း ထူးၿပီးမလာခဲ့ပါဘူး။

၂၀၂၀က ေအဂ်က္ကေန ေပါင္သန္း၄၀ျဖင့္ ေရာက္လာေသာ္လည္း

ယခုႏွစ္အတြင္း ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္အတြက္

လိဂ္ပြဲ ၈ပြဲသာ ကစားေပးထားရပါတယ္။ ထို၈ပြဲအားလုံးကလည္း

အရန္ခုံကေနခ်ည္း ဝင္ကစားခဲ့ရတာ ျဖစ္ပါတယ္။

သူ႔အေနနဲ႔ ၿပိဳင္ပြဲစုံ သရဲနီေတြအတြက္

ပြဲ၅၀ ကစားေပးခဲ့ၿပီး ၂ဂိုးသာ သြင္းယူႏိုင္ခဲ့ပါတယ္။

ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာမွ

အိုးထရက္ဒ္ဖို႔ဒ္ကိုစြန႔္ခြာသြားခဲ့သူ ဗန္ဒီဘိခ္ကို

တိုက္စစ္မႉးမားကက္စ္ရက္ရွ္ဖို႔ဒ္က အဝတ္လဲခန္းအေငြ႕အသက္ေတြပါေနတဲ့

ႏႈတ္ဆက္ဆုေတာင္းပို႔စ္တစ္ခုေရးသားခဲ့ပါတယ္။

ယူႏိုက္တက္ေအာ္ဖစ္ရွယ္ရဲ႕တြစ္တာပို႔စ္ျဖစ္တဲ့ ရာသီကုန္အထိ

၂၄ႏွစ္သား အငွားထြက္သြားခဲ့ၿပီဆိုတဲ့ ပို႔္စ္ကိုျပန္တြစ္ထားတဲ့ ရက္ရွ္ဖို႔ဒ္က

သူ႔ပို႔စ္ရဲ႕ေခါင္းစဥ္အျဖစ္ သူ႔ထက္အသက္၆လႀကီးသူ

ဗန္ဒီဘိခ္ကိုအခုလိုအားေပးထားပါတယ္။

“ငါ့အစ္ကိုေရ။ အဲဒီကိုသြားၿပီး ခင္ဗ်ားဘာေတြလုပ္ႏိုင္တယ္ဆိုတာ

သူတို႔ကိုျပလိုက္စမ္းပါ။” လို႔ေရးသားထားပါတယ္။

နယ္သာလန္သားဟာ ေဖေဖာ္ဝါရီလ ၈ရက္ နယူးကာဆယ္နဲ႔ကစားမယ့္

ပရီးမီးယားလိဂ္ပြဲတြင္ အဲဗာတန္အတြက္ ပြဲဦးထြက္ကစားလာဖြယ္ ရွိပါတယ္။

အဲဗာတန္ဟာ လက္ရွိ ပရီးမီးယားလိဂ္ဇယား ရပ္တည္မႈတြင္

အဆင့္၁၆ေနရာတြင္ ရွိေနၿပီး ပြဲ၂၀မွာ ၁၉မွတ္သာ ရရွိထားကာ

နည္းျပသစ္အျဖစ္ ဖရန႔္လမ္းပတ္ကို ခန႔္အပ္ထားပါတယ္။