ဗစ်တိုးရီးဟားကို ဘက်ခမ်းက မီးလင်းဖိုထဲ ထည့်မကင်လိုက်တာ ကံကောင်းတယ်

ဘက်ခမ်းရဲ့သီချင်းဆိုသံကို နောက်ပြောင်ထားတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကို

ဇနီးသည်ဖြစ်တဲ့ ဗစ်တိုးရီးယားက သူမရဲ့ အင်စတာဂရမ်အကောင့်မှာ

တင်ခဲ့ရာမှာ ပရိသတ်တွေ နှစ်သက်မှု ရနေကြပါတယ်။

ခရစ္စမတ်အထိမ်းအမှတ်ဆန်တာကလော့ခ်ဦးထုပ်ကိုဆောင်းထားတဲ့ ဘက်ခမ်းဟာ

သစ်ချသီးတွေကို မီးလင်းဖိုထဲထည့်ကင်နေချိန်မှာ

ပါးစပ်ကလည်း  အဆိုတော် Nat King Cole ရဲ့Christmas Song ဆိုတဲ့

သီချင်းလေးကို အော်ဆိုနေခဲ့ပါတယ်။

အဲဒိအချိန်မှာ နောက်ကို ရောက်လာတဲ့ ဗစ်တိုးရီးဟားက

– ” ဘုရားသခင် ့ ရှင်က ဒီအသံနဲ့ တကယ့်ကို ပြင်းပြင်းထန်ထန်

ကြိုးစားနေတာပဲ” လို့ ဟက်ဟက်ပက်ပက်ရယ်ပြီး

မှတ်ချက်ပေးလှောင်​​ပြောင်လိုက်ပါတယ်။

ရုတ်တရက် လန့်သွားသလို ဇနီးသည်ကို ဖုသွားတဲ့ ဘက်ခမ်းကလည်း –

“အိုး ့ ့ စောရီး ့ ့စောရီး ့ ့ ငါ စိတ်မကောင်းပါဘူး အဒဲလ်ရေ ” လို့

ပြန်ပက်လိုက်ပါတယ်။ ဘက်ခမ်းဟာ ကစားသမားဘဝက

ဘောလုံးအရည်အချင်းအရသာမက ရူပါကြောင့်လည်း

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ခဲ့ပေမယ့် အသံပိုင်းမှာတော့ အားနည်းပြီး

သီချင်းလည်း ကောင်းကောင်း မဆိုတတ်ပါဘူး။

မိသားစုအတူရှိနေချိ်န် အိမ်မှာလွတ်လွတ်လပ်လပ်အော်ဟစ်သီဆိုတာဖြစ်ပေမယ့်

သူ့ရဲ့အားနည်းချက်ကို လှောင်ပြောင်တဲ့ ဇနီးသည်ကို “မင်းကရော

အဒဲလ်လောက် ကောင်းလို့လား” ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြန်ခွပ်လိုက်တာပါ။

ဗစ်တိုးရီးယားဟာ ဒီအဖြစ်အပျက်လေးကို ဗီဒီယိုရိုက်ယူထားသလို နောက်ပိုင်းမှာ

အင်စတာဂရမ်ပေါ်ကိုတင်ခဲ့ရာမှာ ဇနီးမောင်နှံ ၂ ဦးရဲ့ စကားနိုင်လုမှု၊

ဘက်ခမ်းရဲ့ ပညာသားပါပါတုံ့ပြန်မှုတွေကို ပရိသတ်တွေက

သဘောကျနေကြတာပါ။ အင်စတာဂရမ်အသုံးပြုသူတစ်ဦးကတော့

ဗစ်တိုးရီးဟားကို ဘက်ခမ်းက မီးလင်းဖိုထဲ ထည့်မကင်လိုက်တာ

ကံကောင်းတယ်လို့ နောက်ပြောင်ခဲ့ပါတယ်။

zawgyi

ဗစ္တိုးရီးဟားကို ဘက္ခမ္းက မီးလင္းဖိုထဲ ထည့္မကင္လိုက္တာ ကံေကာင္းတယ္

ဘက္ခမ္းရဲ႕သီခ်င္းဆိုသံကို ေနာက္ေျပာင္ထားတဲ့ ဗီဒီယိုဖိုင္ေလးတစ္ခုကို

ဇနီးသည္ျဖစ္တဲ့ ဗစ္တိုးရီးယားက သူမရဲ႕ အင္စတာဂရမ္အေကာင့္မွာ

တင္ခဲ့ရာမွာ ပရိသတ္ေတြ ႏွစ္သက္မႈ ရေနၾကပါတယ္။

ခရစၥမတ္အထိမ္းအမွတ္ဆန္တာကေလာ့ခ္ဦးထုပ္ကိုေဆာင္းထားတဲ့ ဘက္ခမ္းဟာ

သစ္ခ်သီးေတြကို မီးလင္းဖိုထဲထည့္ကင္ေနခ်ိန္မွာ

ပါးစပ္ကလည္း  အဆိုေတာ္ Nat King Cole ရဲ႕Christmas Song ဆိုတဲ့

သီခ်င္းေလးကို ေအာ္ဆိုေနခဲ့ပါတယ္။

အဲဒိအခ်ိန္မွာ ေနာက္ကို ေရာက္လာတဲ့ ဗစ္တိုးရီးဟားက

– ” ဘုရားသခင္ ့ ရွင္က ဒီအသံနဲ႔ တကယ့္ကို ျပင္းျပင္းထန္ထန္

ႀကိဳးစားေနတာပဲ” လို႔ ဟက္ဟက္ပက္ပက္ရယ္ၿပီး

မွတ္ခ်က္ေပးေလွာင္​​ေျပာင္လိုက္ပါတယ္။

႐ုတ္တရက္ လန္႔သြားသလို ဇနီးသည္ကို ဖုသြားတဲ့ ဘက္ခမ္းကလည္း –

“အိုး ့ ့ ေစာရီး ့ ့ေစာရီး ့ ့ ငါ စိတ္မေကာင္းပါဘူး အဒဲလ္ေရ ” လို႔

ျပန္ပက္လိုက္ပါတယ္။ ဘက္ခမ္းဟာ ကစားသမားဘဝက

ေဘာလုံးအရည္အခ်င္းအရသာမက ႐ူပါေၾကာင့္လည္း

ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ျဖစ္ခဲ့ေပမယ့္ အသံပိုင္းမွာေတာ့ အားနည္းၿပီး

သီခ်င္းလည္း ေကာင္းေကာင္း မဆိုတတ္ပါဘူး။ မိသားစုအတူရွိေနခ်ိ္န္

အိမ္မွာလြတ္လြတ္လပ္လပ္ေအာ္ဟစ္သီဆိုတာျဖစ္ေပမယ့္

သူ႔ရဲ႕အားနည္းခ်က္ကို ေလွာင္ေျပာင္တဲ့ ဇနီးသည္ကို “မင္းကေရာ

အဒဲလ္ေလာက္ ေကာင္းလို႔လား” ဆိုတဲ့ အဓိပၸါယ္နဲ႔ ျပန္ခြပ္လိုက္တာပါ။

ဗစ္တိုးရီးယားဟာ ဒီအျဖစ္အပ်က္ေလးကို ဗီဒီယို႐ိုက္ယူထားသလို ေနာက္ပိုင္းမွာ

အင္စတာဂရမ္ေပၚကိုတင္ခဲ့ရာမွာ ဇနီးေမာင္ႏွံ ၂ ဦးရဲ႕ စကားႏိုင္လုမႈ၊

ဘက္ခမ္းရဲ႕ ပညာသားပါပါတုံ႔ျပန္မႈေတြကို ပရိသတ္ေတြက

သေဘာက်ေနၾကတာပါ။ အင္စတာဂရမ္အသုံးျပဳသူတစ္ဦးကေတာ့

ဗစ္တိုးရီးဟားကို ဘက္ခမ္းက မီးလင္းဖိုထဲ ထည့္မကင္လိုက္တာ

ကံေကာင္းတယ္လို႔ ေနာက္ေျပာင္ခဲ့ပါတယ္။