ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံကစားသမားဗင်နီရှပ်ဂျူနီယာကတော့
ပီအက်စ်ဂျီကို သွေးတိုးအောင် လုပ်သွားခဲ့ပါပြီ။ ပြင်သစ်ကလပ်ကနေ
ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်နေတဲ့ ဘတ်ပီကို
အသင်းကမထွက်ခွာအောင် နည်းအမျိုးမျိုးနဲ့ ထိန်းချုပ်နေရချိန်မှာ
ရီးရဲလ်ကလည်း သူတို့ဘက်က စိတ်ဝင်စားတယ်လို့
အတိအလင်းဝန်ခံထားပြီးဖြစ်ပါတယ်။
ဒီနှစ်ရာသီအစောပိုင်းမှာ ဘတ်ပီအတွက် ရီးရဲလ်က ကြိုးစားခဲ့ပေမယ့်
မအောင်မြင်ခဲ့တာကြောင့် ရာသီကုန်ထိစောင့်ဆိုင်းဖို့ဖြစ်ခဲ့ရပါတယ်။
အသက် ၂၂ နှစ်သားဟာ မိုနာကိုကနေ ရောက်လာပြီးကတည်းက
ပြိုင်ပွဲစုံ ၁၉၄ ပွဲမှာ ၁၄၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ ကမ္ဘာ့အကောင်းဆုံး
ကစားသမားတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။ဘတ်ပီရဲ့ စာချုပ်သက်တမ်းက
ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ကာ ဇန်နဝါရီမှာ ပြည်ပကလပ်အသင်းတစ်ခုနဲ့
အကြိုသဘောတူညီမှု ရယူနိုင်တာဖြစ်ပါတယ်။
ဒီဇင်ဘာလ (၂၀)ရက်နေ့ဟာ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား
ဘတ်ပီရဲ့ အသက်(၂၃)နှစ်ပြည့် မွေးနေ့ရက်မြတ်လေး ဖြစ်ပါတယ်။
မွေးနေ့ရှင် ဘတ်ပီအနေနဲ့ လက်ရှိမှာ သူရဲ့ ပီအက်စ်ဂျီ ကစားသမားဘဝ
ပဉ္စမမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေရတာပါ။
ဗင်နီရှပ်က ဘတ်ပီရဲ့ မွေးနေ့အတွက် သူ့ရဲ့အင်စတာဂရမ် History မှာ
သူနဲ့ ဘတ်ပီတွဲရိုက်ထားတဲ့ ဓာတ်ပုံကို တင်ပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။
သူတို့နှစ်ဦးကို ဘာနေဗျူးမှာ တွဲဖက်ကစားတာမြင်တွေ့ရမယ်လို့
ထင်ကြေးပေးမှုတွေ မြင့်တက်လာချိန်မှာပဲ ဗင်နီရှပ်ရဲ့ မွေးနေ့ဆုတောင်းပေးခဲ့မှုက
အများရဲ့ ထင်မြင်ချက်တွေကို ပိုမိုခိုင်မာလာစေခဲ့ပါတယ်။
zawgyi
ဗင်နီရှပ်ကတော့ ပီအက်စ်ဂျီကို သွေးတိုးအောင် လုပ်ပြီ