ပုံမှန်အတိုင်းဆိုရင် တနင်္ဂနွေညဘွန်ဒက်စ်လီဂါမှာ အနည်းဆုံး ၂ ပွဲကစားလေ့ရှိပါတယ်။
မိန့်ဇ်အသင်းက ကိုဗစ်ပြသနာတွေကြောင့် အခုတနင်္ဂနွေကစားမယ့်
ဒေါ့မန်နဲ့ပွဲကို ရွှေ့ဆိုင်းလိုက်တာကြောင့် ဒီတစ်ပတ်တနင်္ဂနွေမှာ
ပွဲစဉ်တစ်ပွဲသာ ရှိပါတော့မယ်။ မိန့်ဇ်က ပထမအသင်းသားစုစုပေါင်း ၁၉ ယောက်မှာ
၁၃ ယောက်က ကိုဗစ်ဖြစ်နေလို့ အနည်းလုံလောက်တဲ့
ကစားသမားအရေအတွက်မရှိတာကြောင့် အခုလိုရွှေ့ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။
ကိုလုံး vs ဟော်ဖန်ဟိမ်း
အဆင့် ၈ နဲ့ အဆင့် ၆ အသင်းတို့ရဲ့တွေ့ဆုံမှုဖြစ်ပါတယ်။
ကိုလုံးက နောက်ဆုံးဘွန်ဒက်စ်လီဂါ ၅ ပွဲမှာ လစ်ပ်ဇစ်နဲ့အဝေးကွင်း ၁ ပွဲကိုသာ
ရှုံးထားသလို ဟော်ဖန်ဟိမ်းကလည်း နောက်ဆုံး ၃ ပွဲဆက်အနိုင်ရထားတာပါ။
ကိုလုံးအနေနဲ့ ဒီရာသီအိမ်ကွင်းမှာ ၂ ပွဲသာဂိုးမသွင်းနိုင်တာဖြစ်ပြီး
ဟော်ဖန်ဟိမ်းကလည်း ဒီရာသီမှာ အိမ်ကွင်း၊အဝေးကွင်းမရွေး ဂိုးရနေတာပါ။
သူတို့နှစ်သင်းကြားက နောက်ဆုံးတွေ့ဆုံမှု ၇ ပွဲစလုံးမှာလည်း
နှစ်ဖက်သွင်းဂိုး ၃ ဂိုးနဲ့အထက် ရှိထားပါတယ်။ ဂိုးပေါင်းဈေးကလည်း
ဒီတစ်ပတ်ဘွန်ဒက်စ်လီဂါမှာ ဘိုင်ယန်ပွဲပြီးရင် အပြင်းဆုံးဖြစ်ပြီး
၃+၂၀ ကနေ ၃-၃၀ တက်သွားတာပါ။ ဘယ်ဘက်ကကြည့်ကြည့်
ဂိုးပေါ်ဝင်ဖို့ အားကောင်းတဲ့ပွဲဖြစ်ပါတယ်။
zawgyi
ဖွင့်လှစ်မှုနဲ့ခြေစွမ်းအရ အနီးစပ်ဆုံးဖြစ်နိုင်မယ့် တနင်္ဂနွေညဘွန်ဒက်စ်လီဂါ(Super Zay)