လေဗာကူဆင် vs ဘီလီဖီးလ်
ပြီးခဲ့တဲ့အပတ်က မိန့်ဇ်ကို ရှုံးနိမ့်ခဲ့တဲ့လေဗာကူဆင်မှာ
ဒီရာသီဂိုးသွင်းစက်ဖြစ်တဲ့ပက်ထရစ်ရှစ်ခ်ဒဏ်ရာရနေပါတယ်။
လေဗာကူဆင်ဟာ လက်ရှိမှာ ဂိုးမြူးနေတဲ့အသင်းဆိုပေမယ့်
ခံစစစ်ပိတ်အသင်းတွေနဲ့ဆိုရင် အခက်အခဲရှိတတ်ပါတယ်။
ဘီလီဖီးလ်က အဝေးကွင်းက အသင်းကြီးတွေ့ဆုံမှုတွေနဲ့ဆို
ပိတ်ကစားတတ်ပြီး သူတို့ရဲ့နောက်ဆုံး ၁၁ ပွဲမှာ ၉ ပွဲဂိုးအောက်ထားတာပါ။
ဂိုးအောက်ပဲ စဉ်းစားသင့်ပါတယ်။
ယူနီယံဘာလင် vs မိန့်ဇ်
အမှတ်ပေးဇယားအထက်အောက်အသင်းနှစ်သင်းရဲ့တွေ့ဆုံမှုပါ။
ဒီထဲမှာ ယူနီယံဘာလင်က နောက်ဆုံး ၃ ပွဲဆက်ရှုံးထားသလို
အဲဒီပွဲတွေမှာ တစ်ဂိုးမှ မသွင်းနိုင်ခဲ့ပါဘူး။ မိန့်ဇ်ကလည်း ဒီရာသီဘွန်ဒက်စ်လီဂါမှာ
ပူးတွဲခံစစ်အကောင်းဆုံးအသင်းဖြစ်နေတယ်။ ၂-၅၀ နဲ့
ဒီပွဲရဲ့ဂိုးပေါင်းဈေးက အခုတစ်ပတ်ဘွန်ဒက်စ်လီဂါမှာ အနိမ့်ဆုံးဂိုးပေါင်းဈေးပါ။
ဂိုးအောက်လှတဲ့ပွဲလို့ ဆိုချင်ပါတယ်။
ဂလက်ဘတ် vs ဝုဖ်ဘတ်
ဒီပွဲကလည်း အမှတ်ပေးဇယားအထက်အောက်နှစ်သင်းရဲ့တွေ့ဆုံမှုပါပဲ။
နှစ်သင်းစလုံးဟာ ပြီးခဲ့တဲ့အပတ်ကလည်း ရှုံးထားကြတာပါ။
ဒီထဲမှာ ဂလက်ဘတ်ကတော့ အိမ်ကွင်းပွဲတွေမှာ
လောလောဆယ် ပေးဂိုးများနေပါတယ်။ ဝုဖ်ဘတ်ကတော့
နောက်ဆုံးအဝေးကွင်းပွဲမှာ ဖရန့်ဖတ်ကိုနိုင်ထားတာပါ။
ဂလက်ဘတ်ခံစစ်ကို စိတ်မချရလု့ိ ဧည့်သည်နဲ့စွန့်စားချင်ပါတယ်။
ဖရိုင်းဘတ် vs ဟာသာဘာလင်
အဆင့် ၆ နေရာက ဖရိုင်းဘတ်ဟာ ချန်ပီယံလိဝ်၀င်ခွင့်အတွက်
မျှော်လင့်ချက်ရှိနေတဲ့အသင်းပါ။
ဟာသာဘာလင်ကတော့ ၂၀၂၂ ထဲမှာ နိုင်ပွဲမရှိသေးသလို
ဒီနှစ်ရဲ့အဆိုးဆုံးဘွန်ဒက်စ်လီဂါအသင်းဖြစ်နေပါတယ်။
ဖရိုင်းဘတ်ဟာ ဟာသာဘာလင်နဲ့အိမ်ကွင်းတွေ့ဆုံမှု
နောက်ဆုံး ၃ ပွဲစလုံးကို အနိုင်ရထားတာပါ။
အကျောပေးမှုလည်း မြင့်တက်လာလို့ အိမ်ရှင်အရိပ်အောက်ခိုလှုံချင်ပါတယ်။
ဂရူသာဖတ် vs ကိုလုံး
ဇယားအောက်ခြေမှာ မြဲနေတယ်ဆိုပေမယ့် ဂရူသာဖတ်ရဲ့
လက်ရှိအိမ်ကွင်းခြေစွမ်းကတော့ အထင်ကြီးစရာပါ။
သူတို့ဟာ နောက်ဆုံးဘွန်ဒက်စ်လီဂါအိမ်ကွင်း ၅ ပွဲစလုံးမှာ
ရှုံးပွဲမရှိခဲ့သလို ၃ ပွဲအနိုင်နဲ့ ၂ ဂိုးသာပေးခဲ့ရတာပါ။
ဒါကြောင့် အဝေးကွင်းဆို အမြဲလိုဂိုးပေးနေရတဲ့ကိုလုံးအတွက်
ထင်သလောက်မလွယ်နိုင်ပါဘူး။ အိမ်ကွင်းမာကျောမှုကို
ဆက်ထိန်းမယ့်ဂရူသာဖတ်နဲ့ နေထိုင်စွန့်စားကြည့်ချင်ပါတယ်။
ဖရန့်ဖတ် vs ဘိုင်ယန်မြူးနစ်
နောက်ဆုံး ၂ ပွဲဆက်ရှုံးထားတဲ့ဖရန့်ဖတ်ဟာ အဲဒီ ၂ ပွဲမှာ
သွင်းဂိုးမရှိခဲ့သလို ခြေစွမ်းအကျဘက်ရောက်နေပါတယ်။
ဒါ့အပြင် ဖရန့်ဖတ်ဟာ ဘွန်ဒက်စ်လီဂါမှာ အိမ်ကွင်း နောက်ဆုံး ၃ ပွဲဆက်ရှုံးထားပြီး
အဲဒီ ၃ ပွဲမှာ အနိမ့်ဆုံး ၂ ဂိုးနှုန်းလည်း ပေးခဲ့ရတာပါ။
ဒါဟာ အဝေးကွင်းပွဲတွေမှာ အနိမ့်ဆုံး ၂ ဂိုးနှုန်းသွင်းနေတဲ့
ဘိုင်ယန်အတွက်တော့ အခွင့်အလမ်းကောင်းပေါ့။
နည်းနည်းဈေးကျသွားပေမယ့် ခြေစွမ်းအရ ဘိုင်ယန်ပဲ စဉ်းစားသင့်တယ်။
zawgyi
ဖွင့်လှစ်မှုနဲ့ခြေစွမ်းအရ အနီးစပ်ဆုံးဖြစ်နိုင်မယ့် စနေညဘွန်ဒက်စ်လီဂါ(Super Zay)
ဂလက်ဘတ် vs ဝုဖ်ဘတ်
ဂလက်ဘတ်ခံစစ်ကို စိတ်မချရလို့ ဧည့်သည်နဲ့စွန့်စားချင်ပါတယ်။
ဂရူသာဖတ် vs ကိုလုံး