ဘိုင်ယန်မြူးနစ် vs ဂရူသာဖတ်
ကြားရက်ထဲမှာ ဆဲလ်ဘတ်ကို နောက်ကျချေပဂိုးသွင်းနိုင်လို့
မရှုံးခဲ့တဲ့ဘိုင်ယန်ဟာ ပြီးခဲ့တဲ့အပတ်ကလည်း ဘွန်ဒက်စ်လီဂါမှ
ာ တန်းတက်ဘိုချမ်ကို မထင်မှတ်ဘဲ ဂိုးပြတ်ရှုံထားပါတယ်။
ဒါကြောင့် သူတို့တွေ မဖြစ်မနေပြန်လည်ရုန်းထဖို့ ရှိပါတယ်။
ဒီအချိန်မှာ အဝေးကွင်းဆို ဂိုးအလှူပေးနေရတဲ့ ဇယားအောက်ဆုံးက
အသင်းကို ဧည့်ခံရတာပါ။ ဒါကြောင့်လည်း
ဘော်ဒီဈေးရော ဂိုးပေါင်းဈေးပါ ကြမ်းပါတယ်။
ဘိုင်ယန်ဂိုးပြတ်မှာပါ။
ဒေါ့မန် vs ဂလက်ဘတ်
ဒေါ့မန်ကလည်း ပြီးခဲ့တဲ့ကြားရက်ယူရိုပါလိဂ်မှာတုန်းက
အိမ်ကွင်းမှာတင် ရိန်းဂျားစ်ကို မထင်မှတ်ဘဲ ဂိုးပြတ်ရှုံးခဲ့တာပါ။
ဒါကြောင့် မာကိုရို့စ်အပေါ် ဖိအားလည်း ရှိနေပါတယ်။
ဂလက်ဘတ်က ပြီးခဲ့တဲ့အပတ်က နိုင်ပွဲပြန်ရှာတွေ့ခဲ့ပေမယ့်
ဒီရာသီမှာ အဝေးကွင်းမစွံတဲ့အသင်းပါ။ ဒေါ့မန်ဟာ ဂလက်ဘတ်နဲ့
အိမ်ကွင်းတွေ့ဆုံမှု နောက်ဆုံး ၈ ပွဲစလုံးမှာတော့ အနိုင်ရထားပါတယ်။
ဟာလန်ပြန်ပါဖို့ မသေချာသေးပေမယ့် ဒေါ့မန်ပြန်လာမှာပါ။
ဟာသာဘာလင် vs လစ်ပ်ဇစ်
၂၀၂၂ ထဲမှာ နိုင်ပွဲမရှိသေးတဲ့ဟာသာဘာလင်ဟာ ပြီးခဲ့တဲ့အပတ်က
ဇယားအောက်ခြေက ဂရူသာဖတ်ကိုတောင် ရှုံးသွားတယ်။
လစ်ပ်ဇစ်ကတော့ အခုနောက်ပိုင်း ရလဒ်ပြန်တက်လာသလို
ဂိုးသွင်းခြေလည်း တက်နေတာပါ။ အန်ကွန်ကူ ဂိုးသွင်းခြေစွမ်းပြနေမှုနဲ့အတူ
သူတို့ဟာ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၇ ပွဲစလုံးမှာ
အနိမ့်ဆုံး ၂ ဂိုးနှုန်းသွင်းနိုင်ခဲ့တာပါ။ ဒါ့အပြင် ဟာသာနဲ့အဝေးကွင်းတွေ့ဆုံမှု
နောက်ဆုံး ၅ ပွဲစလုံးကိုလည်း အနိုင်ရထားပါတယ်။
လစ်ပ်ဇစ် ဂိုးပြတ်၊မပြတ်ကိုသာ ကြည့်ရမှာပါ။
zawgyi
ဖွင့်လှစ်မှုနဲ့ခြေစွမ်းအရ အနီးစပ်ဆုံးဖြစ်နိုင်မယ့် တနင်္ဂနွေညဘွန်ဒက်စ်လီဂါ(Super Zay)
အသင်းကို ဧည့်ခံရတာပါ။ ဒါကြောင့်လည်း
ဒေါ့မန် vs ဂလက်ဘတ်
ဟာသာဘာလင် vs လစ်ပ်ဇစ်