ဝုဖ်ဘတ် vs ဟော်ဖန်ဟိမ်း
ပြိုင်ပွဲအရပ်ရပ် ၁၁ ပွဲဆက်နိုင်ပွဲပျောက်မှု ကြုံခဲ့ရတဲ့ဝုဖ်ဘတ်ဟာ
အခုတော့ နောက်ဆုံး ၂ ပွဲဆက်အနိုင်နဲ့အတူ လမ်းကြောင်းမှန်ပေါ်
ပြန်ရောက်လာတဲ့ပုံရှိပါတယ်။
ဟော်ဖန်ဟိမ်းကလည်း ပြီးခဲ့တဲ့အပတ်က ဘီလီဖီးလ်ကို
သက်သောင့်သက်သာအနိုင်ယူပြီး ၄ ပွဲဆက်အရှုံးကို ရပ်တန့်နိုင်ခဲ့တာပါ။
ဒါပေမဲ့ အဆင့် ၅ နေရာက ဟော်ဖန်ဟိမ်းရဲ့ဒီပွဲအကျောပေးမှုက
အတော်လေးကို ပျော့နေပါတယ်။
အိမ်ရှင်အတွက် အနိမ့်ဆုံးသရေပါ။
စတုဂတ် vs ဘိုချမ်
တန်းဆင်းဇုန်ထဲက စတုဂတ်ဟာ နောက်ဆုံးဘွန်ဒက်စ်လီဂါ ၇ ပွဲမှာ
နိုင်ပွဲမရှိခဲ့ဘဲ ၆ ပွဲရှုံးခဲ့တာပါ။ ဘိုချမ်ကတော့ ပြိုင်ပွဲအရပ်ရပ်
နောက်ဆုံး ၄ ပွဲဆက်ရှုံးပွဲမရှိခဲ့ပါဘူး။ ဒါပေမဲ့ ဘိုချမ်ဟာ
ဒီရာသီအဝေးကွင်းပွဲတွေမှာ ဂိုးသွင်းအား မရှိခဲ့ပါဘူး။
သူတို့နှစ်သင်းရဲ့နောက်ဆုံးတွေ့ဆုံမှု ၁၀ ပွဲမှာလည်း ၉ ပွဲဂိုးအောက်ထားပါတယ်။
ဂိုးပေါင်းဈေးလည်းနိမ့်လို့ ဂိုးအောက်သာ ပိုကောင်းလိမ့်မယ်။
အော့စ်ဘတ် vs ဖရိုင်းဘတ်
အော့စ်ဘတ်က တန်းဆင်းဇုန်ထဲရောက်နေတယ်ဆိုပေမယ့်
နောက်ဆုံးဘွန်ဒက်စ်လီဂါအိမ်ကွင်း ၈ ပွဲမှာ ၁ ပွဲသာ ရှုံးခဲ့တာပါ။
နောက်ဆုံးအိမ်ကွင်း ၃ ပွဲမှာလည်း လစ်ပ်ဇစ်နဲ့ဖရန့်ဖတ်တို့ကို
သရေကန်ထားပြီး ယူနီယံဘာလင်ကို နိုင်ထားတာပါ။
ဖရိုင်းဘတ်ကတော့ ၂၀၂၂ ထဲမှာ နိုင်ပွဲ ၁ ပွဲသာရသေးတယ်။
အိမ်ကွင်းတွေ့ဆုံမှုနောက်ဆုံး ၁၀ ပွဲမှာလည်း ဖရိုင်းဘတ်ကို
မရှုံးခဲ့သလို ဈေးပျော့တဲ့ဧည့်သည်ကြောင့် အိမ်ရှင်အရိပ်ခိုလှုံရမယ့်ပွဲပါ။
ဘီလီဖီးလ် vs ယူနီယံဘာလင်
တန်းဆင်းဇုန်ကပ်လျက်ရောက်နေပမယ့် ဘီလီဖိးလ်ဟာ
ဘွန်ဒက်စ်လီဂါမှာ နောက်ဆုံးအိမ်ကွင်း ၅ ပွဲဆက်မရှုံးခဲ့ဘူး။
ယူနီယံဘာလင်ကတော့ နောက်ဆုံး ၂ ပွဲဆက်ရှုံးထားသလို
အဲဒီ ၂ ပွဲစလုံးမှာ ဂိုးလည်း မရခဲ့တာပါ။ သူတို့နှစ်သင်းကြားက
နောက်ဆုံးတွေ့ဆုံမှု ၇ ပွဲမှာလည်း ၆ ပွဲဂိုးအောက်ထားပါတယ်။
ဒီတစ်ပတ်ဘွန်ဒက်စ်လီဂါရဲ့အပျော့ဆုံးဂိုးပေါင်းဈေးလည်းဖြစ်နေလို့
ဂိုးအောက်နဲ့စွန့်စားသင့်တယ်။
ကိုလုံး vs ဖရန့်ဖတ်
နှစ်သင်းအကြား ၁ မှတ်သာကွာကြတာပါ။ ကိုလုံးဟာ ပြီးခဲ့တဲ့ရာသီက
တန်းဆင်းဇုန်နဲ့ကပ်လွတ်ရုံပဲဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့
အတော်လေးတိုးတက်လာပြီး တိုက်စစ်မှာ မိုဒက်စ်တီလည်း
ဂိုးသွင်းခြေစွမ်းပြနေတာပါ။ ဖရန့်ဖတ်ကတော့ ၂၀၂၂ ထဲမှာ
တန်းဆင်းဇုန်ထဲက စတုဂတ်တစ်သင်းကိုသာ နိုင်ပါသေးတယ်။
ဒါပေမဲ့ အဝေးကွင်းဂိုးသွင်းအားရှိလု့ိ ဂိုးပေါင်းဈေးတက်သွားမှုနဲ့အတူ
ဂိုးပေါ်ကသာ စိတ်ချရမှာပါ။
zawgyi
ဖွင့်လှစ်မှုနဲ့ခြေစွမ်းအရ အနီးစပ်ဆုံးဖြစ်နိုင်မယ့် စနေညဘွန်ဒက်စ်လီဂါ(Super Zay)
စတုဂတ် vs ဘိုချမ်
ကိုလုံး vs ဖရန့်ဖတ်
ဒါပေမဲ့ အဝေးကွင်းဂိုးသွင်းအားရှိလို့ ဂိုးပေါင်းဈေးတက်သွားမှုနဲ့အတူ