ဒေါ့မန် vs လေဗာကူဆင်
ဒေါ့မန်ဟာ ၂၀၂၂ ဘွန်ဒက်စ်လီဂါမှာ ၃ ပွဲကစား ၃ ပွဲနိုင်ခဲ့လို့
ထိပ်ဆုံးက ဘိုင်ယန်နဲ့အမှတ်ကွာဟမှုကို လျှော့ချနိုင်ခဲ့ပြီး
အခုဆို ၆ မှတ်ပဲကွာတော့တာပါ။
ဒါ့အပြင် သူတို့ဟာ ဒီရာသီဘွန်ဒက်စ်လီဂါအိမ်ကွင်းပွဲတွေမှာ
ဘိုင်ယန်တစ်သင်းကိုသာရှုံးထားပြီး ကျန်တဲ့အိမ်ကွင်းပွဲတိုင်းအနိုင်ရထားပါတယ်။
ဒါပေမဲ့ အခုပွဲက ဒေါ့မန်တိုက်စစ်မှာ ဂိုးသွင်းစက်ဟာလန်း
ပါနိုင်၊မပါနိုင်က ရလဒ်အတွက် အများကြီးမူတည်နေပါတယ်။
လေဗာကူဆင်မှာလည်း ဒီရာသီ ၁၈ ဂိုးသွင်းထားတဲ့
သူတို့ရဲ့ဂိုးသွင်းစက် ပက်ထရစ်ရှစ်ခ်ရှိနေတာပါ။
ဒါပေမဲ့ လေဗာကူဆင်ဟာ ဒေါ့မန်အိမ်ကွင်းလာကစားတဲ့
နောက်ဆုံး ၆ ကြိမ်စလုံး အရှုံးနဲ့သာအိမ်ပြန်ခဲ့ရတယ်။
ဒါ့အပြင် အခုရသီအဝေးကွင်းပွဲတွေမှာ လေဗာကူဆင်ဟာ အမြဲလိုဂိုးပေးခဲ့ရတာပါ။
ဒါကြောင့်လည်း ဂိုးပေါင်းဈေးမြင့်နေပေမယ့်
အိမ်ကွင်းအနိုင်ကန်နိုင်စွမ်းရှိတဲ့ ဒေါ့မန်ဘော်ဒီကသာ ပိုစိတ်ချရမှာပါ။
ဝုဖ်ဘတ် vs ဂရူသာဖတ်
တန်းဆင်းဇုန်ကပ်လျပ်အသင်းနဲ့ ဇယားအောက်ခြေအသင်းတို့
တွေ့ကြတာဆိုတော့ တန်းဆင်းဇုန်တိုက်ပွဲပေါ့။
လောလောဆယ်တော့ ဝုဖ်ဘတ်ဟာ အဆိုးဆုံးအချိန်တွေကို
ဖြတ်သန်းခဲ့ရပြီး ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၁၁ ပွဲဆက်နိုင်ပွဲမရှိခဲ့သလို
ဘွန်ဒက်စ်လီဂါမှာ နောက်ဆုံး ၄ ပွဲဆက်လည်း ဂိုးမသွင်းနိုင်ခဲ့ပါဘူး။
ဂရူသာဖတ်ကလည်း ဒီရာသီဘွန်ဒက်စ်လီဂါမှာ
အဝေးကွင်းအဆိုးဆုံးအသင်းဖြစ်နေပါတယ်။
ဒါပေမဲ့ ဂရူသာဖတ်ဟာ နောက်ပိုင်းပွဲတွေမှာ ရုန်းအားကောင်းလာပြီး
နောက်ဆုံး ၄ ပွဲဆက်ရှုံးပွဲမရှိခဲ့ပါဘူး။ ဒါ့အပြင် ဂရူသာဖတ်ရဲ့
ဂိုးပေးရနှုန်းလည်းကျသွားပါတယ်။ ဂိုးပေါင်းဈေးက ၃+၅၀ ကနေ
၂-၁၀၀ ပြုတ်ကျသွားတဲ့ဒီပွဲမှာ ဂိုးအောက်ပဲ စဉ်းစားသင့်တယ်။
zawgyi
ဖွင့်လှစ်မှုနဲ့ခြေစွမ်းအရ အနီးစပ်ဆုံးဖြစ်နိုင်မယ့် တနင်္ဂနွေညဘွန်ဒက်စ်လီဂါ(Super Zay)
ဒေါ့မန် vs လေဗာကူဆင်
ဝုဖ်ဘတ် vs ဂရူသာဖတ်