လေဗာကူဆင် vs အော့စ်ဘတ်
လေဗာကူဆင်ဟာ ပြီးခဲ့တဲ့အပတ်က ဂလက်ဘတ်ကိုနိုင်ခဲ့လို့
ဘွန်ဒက်စ်လီဂါမှာ နိုင်ပွဲဆက်တိုက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
သူတို့ဟာ အမှတ်ပေးဇယားတတိယနေရာကို ပြန်ရောက်လာပေမယ့်
အောက်ကအသင်းတွေနဲ့အမှတ်မကွာတာကြောင့် နိုင်ပွဲဆက်ဖို့လိုပြီး
ပက်ထရစ်ရှစ်ခ်တို့ရဲ့တိုက်စစ်ကတော့ ဂိုးမြူးဆဲပါ။
ဒါကြောင့် အဝေးကွင်းပုံမှန်ခြေစွမ်းမရှိတဲ့အော့စ်ဘတ်ကို ၂ ဂိုးပြတ်ဖို့ မခက်ပါဘူး။
ဂလက်ဘတ် vs ယူနီယံဘာလင်
နောက်ဆုံးဘွန်ဒက်စ်လီဂါ ၇ ပွဲမှာ ၅ ပွဲရှုံးခဲ့တာကြောင့်
ဂလက်ဘတ်ဟာ ခြေစွမ်းအကျဘက်ရောက်နေပါတယ်။
ကြားထဲမှာ ဘိုင်ယန်ကိုနိုင်ထားပေမယ့်
သူတို့ဟာ နောက်ဆုံးဘွန်ဒက်စ်လီဂါအိမ်ကွင်း ၃ ပွဲဆက်ရှုံးထားတာပါ။
ယူနီယံဘာလင်ကတော့ နောက်ဆုံး ၄ ပွဲဆက်ရှုံးပွဲမရှိမှုနဲ့
ပုံစံကောင်းပြန်ရနေပြီး နောက်ဆုံးအဝေးကွင်းပွဲမှာလည်း
လေဗာကူဆင်ကို မရှုံးခဲ့ပါဘူး။ =၄၅ နဲ့
ဂလက်ဈေးပျော့လို့ ဧည့်သည်ကြေးအောင်မှာပါ။
ဖရိုင်းဘတ် vs စတုဂတ်
အဆင့် ၆ နေရာက ဖရိုင်းဘတ်ဟာ လတ်တလောမှာ
ရလဒ်ရော ခြေစွမ်းပါ မတည်ငြိမ်ဖြစ်နေပါတယ်။
ဒါပေမဲ့ သူတို့ဟာ ဒီရာသီအိမ်ကွင်းပွဲတွေမှာ ၁ ပွဲသာ ဂိုးမသွင်းနိုင်ခဲ့တာပါ။
ဒဏ်ရာပြသနာတွေနဲ့ စတုဂတ်ကတော့ နောက်ဆုံး ၄ ပွဲစလုံးမှာ
ဂိုးမသွင်းနိုင်ခဲ့သလို အဲဒီ ၄ ပွဲမှာ ၃ ပွဲရှုံးထားပါတယ်။
ဂိုးပေါင်းဈေးသိသိသာသာပြုတ်ကျသွားတဲ့
ဒီပွဲမှာ ဖရိုင်းဘတ်နဲ့ဂိုးအောက်ကို တွဲစဉ်းစားသင့်တယ်။
ဟော်ဖန်ဟိမ်း vs ဒေါ့မန်
ဂိုးပြတ်အရှုံးနဲ့ ပိုကယ်ဖလားက ထွက်ခဲ့ရသလို ပြီးခဲ့တဲ့အပတ်ကလည်း
ယူနီယံဘာလင်ကို ရှုံးခဲ့လို့ ဟော်ဖန်ဟိမ်း ခြေပြန်ကျသွားသလိုပါပဲ။
ဒါပေမဲ့ သူတို့ဟာ အိမ်ကွင်းဆိုရင်တော့ အမြဲလို ဂိုးမြူးပါတယ်။
ဒေါ့မန်ကလည်း ဘွန်ဒက်စ်လီဂါမှာ အဝေးကွင်းဆို လုံးဝစိတ်မချရပါဘူး။
ဟာလန်းကြောင့် ဂိုးရနေပေမယ့် အဝေးကွင်းဆို ပေးဂိုးနှုန်းမြင့်ပါတယ်။
ဂိုးပေါင်းဈေးတက်သွားတဲ့ဒီပွဲမှာ ဂိုးပေါ်ပဲ ချရမယ်။
ဂရူသာဖတ် vs မိန့်ဇ်
ဇယားအောက်ခြေက ဂရူသာဖတ်ဟာ နောက်ဆုံး ၃ ပွဲဆက်
ရှုံးပွဲမရှိမှုနဲ့အတူ ရုန်းအားကောင်းလာပါတယ်။
နောက်ဆုံးအိမ်ကွင်း ၃ ပွဲစလုံးမှာဆိုရင် ပေးဂိုးမရှိခဲ့ဘဲ
ဝ-၀ ရလဒ် ၂ ပွဲပါဝင်ခဲ့တာပါ။ မိန့်ဇ်ကလည်း ဒီရာသီအဝေးကွင်းမှာ
ရလဒ်သိပ်မကောင်းသလို ဂိုးသွင်းအားလည်း မရှိပါဘူး။
ဂိုးပေါင်းဈေးကလည်း ၃+၆၅ ကနေ ၂-၈၅ ကို ပြုတ်ကျသွားပါတယ်။
စဉ်းစားစရာမလိုလောက်အောင် ဂိုးအောက်ပါပဲ။
ဘိုချမ် vs ကိုလုံး
ပိုကယ်ဖလားမှာ ဂိုးပြတ်အနိုင်နဲ့နောက်တစ်ဆင့်တက်ခဲ့တဲ့ဘိုချမ်ဟာ
နောက်ဆုံးဘွန်ဒက်စ်လီဂါအိမ်ကွင်း ၇ ပွဲမှာလည်း ၁ ပွဲသာ ရှုံးခဲ့တာပါ။
ဒီရာသီဘွန်ဒက်စ်လီဂါမှာ အိမ်ကွင်းအအောင်ဆုံးအသင်းတွေထဲက တစ်သင်းပါ။
ကိုလုံးကလည်း နောက်ဆုံးအဝေးကွင်း ၂ ပွဲဆက်ကို
၃ ဂိုးသွင်းပြီးအနိုင်ရထားပါတယ်။
နှစ်သင်းစလုံးဂိုးသွင်းခြေရှိသလို ဂိုးပေါင်းဈေးလည်းတက်လာလို့ ဂိုးပေါ်ဝင်မှာပါ။
zawgyi
ဖွင့်လှစ်မှုနဲ့ခြေစွမ်းအရ အနီးစပ်ဆုံးဖြစ်နိုင်မယ့် စနေညဘွန်ဒက်စ်လီဂါ(Super Zay)
ဖရိုင်းဘတ် vs စတုဂတ်
ဂရူသာဖတ် vs မိန့်ဇ်
ဘိုချမ် vs ကိုလုံး