
ဟာသာဘာလင် vs ကိုလုံး
ဟာသာဘာလင်ဟာ ယာယီနည်းပြလက်ထက်မှာ ရလဒ်ပိုင်းတိုးတက်လာပြီး
ဆောင်းမခိုခင် နောက်ဆုံးပွဲမှာ ဒေါ့မန်ကို အိမ်ကွင်းမှာ အနိုင်ရခဲ့တာပါ။
အဲဒီဘာလင်အခြေစိုက်အသင်းအနေနဲ့ နောက်ဆုံးဘွန်ဒက်စ်လီဂါ
အိမ်ကွင်း ၅ ပွဲစလုံးမှာ ရှုံးပွဲမရှိခဲ့ဘဲ ၃ ပွဲအနိုင်ရခဲ့တာပါ။
ကိုလုံးကတော့ ဒီရာသီဘွန်ဒက်စ်လီဂါမှာ
အဝေးကွင်းနိုင်ပွဲတစ်ပွဲသာ ရရှိထားတာပါ။
သူတို့ဟာ ဒီရာသီအဝေးကွင်းပွဲတိုင်းမှာလည်း ဂိုးပေးထားရပါတယ်။
ဒါပေမဲ့ အမှတ်ပေးဇယားရပ်တည်မှုမှာ ကိုလုံးက ဟာသာရဲ့အပေါ်ကဆိုတော့
အဝေးကွင်းကနေတောင် အကျောပေးထားတာပါ။
ဒါပေမဲ့လည်း လက်ရှိအိမ်ကွင်းခြေစွမ်းအရ ဟာသာ အနိမ့်ဆုံးသရေကစားနိုင်မှာပါ။
ဘိုချမ် vs ဝုဖ်ဘတ်
ရမှတူနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုပါ။ ဘိုချမ်က နောက်ဆုံး ၂ ပွဲဆက်ရှုံးထားပေမယ့်
အခုရာသီအိမ်ကွင်းပွဲစဉ်အများစုမှာ ရလဒ်ကောင်းခဲ့တယ်။
အိမ်ကွင်းမာတဲ့အသင်းလို့ ဆိုရင် ပိုမှန်လိမ့်မယ်။ ဝုဖ်ဘတ်ကတော့
ပထမရာသီဝက်အဆုံးသတ်မှာ အတော်အခြေအနေဆိုးခဲ့ပြီး
ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၇ ပွဲဆက်ရှုံးထားတာပါ။
ဒီလိုအနေအထားမှာ အိမ်ကွင်းမာတဲ့ ဘိုချမ်ကို
သူတို့ခက်ခက်ခဲခဲရင်ဆိုင်ရဖို့ ရှိပါတယ်။ မရှုံးနိုင်တဲ့အိမ်ရှင်ကို အားပေးရမှာပါ။