ဂရူသာဖတ် vs စတုဂတ်
ဇယားအောက်ခြေက ဂရူသာဖတ်ဟာ အခုချိန်ထိ ၅ မှတ်သာ
ရထားတဲ့အသင်းပါ။ ဒါပေမဲ့ အဲဒီထဲက ၄ မှတ်ဟာ
နောက်ဆုံးအိမ်ကွင်း ၂ ပွဲမှာ ရခဲ့တာပါ။
စတုဂတ်ကတော့ ဒီရာသီအဝေးကွင်းအားနည်းသလို
နောက်ဆုံးဘွန်ဒက်စ်လီဂါအဝေးကွင်း ၈ ပွဲမှာ ၁ ပွဲသာ နိုင်ထားပါတယ်။
အိမ်ကွင်းမာလာတဲ့ ဂရူသာဖတ်မှာ သရေမျှော်လင့်ချက်ရှိပါတယ်။
လစ်ပ်ဇစ် vs မိန့်ဇ်
အမှတ်ပေးဇယားမှာ မိန့်ဇ်ကတောင် လစ်ပ်ဇစ်ရဲ့အထက်ကို ရောက်နေတာပါ။
မိန့်ဇ်က ဒီရာသီခံစစ်မာကျောလာပေမယ့် အဝေးကွင်းရလဒ်ပိုင်းညံ့ဖျင်းနေဆဲပါ။
သူတို့ရဲ့နောက်ဆုံးဘွန်ဒက်စ်လီဂါအဝေးကွင်း ၆ ပွဲမှာ ၅ ပွဲရှုံးထားတာ ဖြစ်ပါတယ်။
လစ်ပ်ဇစ်က ဒီရာသီအိမ်ကွင်းပုံစံကောင်းရှိခဲ့ပြီး
နောက်ဆုံးအိမ်ကွင်း ၂ ပွဲဆက်နိုင်ထားတာပါ။
ဈေးပျော့တယ်လို့ ထင်ရပေမယ့် လစ်ပ်ဇစ်အိမ်ကွင်းနိုင်ပွဲဆက်မှာပါ။
လေဗာကူဆင် vs ယူနီယံဘာလင်
ဘွန်ဒက်စ်လီဂါမှာ နောက်ဆုံး ၃ ပွဲဆက် အနိုင်ပျောက်ထားလို့
ဒုတိယရာသီဝက်ကို နိုင်ပွဲနဲ့စတင်ဖို့ လေဗာကူဆင်အတွက် အရေးကြီးနေပါတယ်။
အဲဒီနောက်ဆုံး ၃ ပွဲမှာ သူတို့ဟာ အသင်းကောင်းတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး
ပက်ထရစ်ရှစ်ခ်တတို့ရဲ့တိုက်စစ်ကလည်း ဂိုးသွင်းခြေကျမသွားဘဲ
အဲဒီ ၃ ပွဲမှာ ၅ ဂိုးသွင်းခဲ့တာပါ။ ယူနီယံဘာလင်ကတော့ ဒီရာသီအဝေးကွင်းမှာ
သာမန်ခြေစွမ်းသာ ရှိခဲ့တာပါ။ လေဗာကူဆင်ပြန်လာမှာပါ။
ဖရိုင်းဘတ် vs ဘီလီဖီးလ်
ဖရိုင်းဘတ်ဟာ ဒီရာသီဘွန်ဒက်စ်လီဂါမှာ ပေးဂိုးအနည်းဆုံး
အသင်းတွေထဲက တစ်သင်းပါ။
ဒါ့အပြင် သူတို့ဟာ ဒီရာသီအိမ်ကွင်းပွဲတိုင်းနီးပါးဂိုးရထားပါတယ်။
နောက်ဆုံးအိမ်ကွင်းပွဲမှာလည်း လေဗာကူဆင်လို အသင်းကို နိုင်ထားတာပါ။
တန်းဆင်းဇုန်ထဲက ဘီလီဖီးလ်ကလည်း နောက်ဆုံးအဝေးကွင်းပွဲမှာ
လစ်ပ်ဇစ်ကိုနိုင်ထားပေမယ့် အဝေးကွင်းမှာ ပုံမှန်ခြေစွမ်းမရှိပါဘူး။
ဖရိုင်းဘတ်ရဲ့အိမ်ကွင်းခြေစွမ်းကို ယုံကြည်ရမှာပါ။
ဟော်ဖန်ဟိမ်း vs အော့စ်ဘတ်
ဟော်ဖန်ဟိမ်းဟာ ပုံစံကောင်းနဲ့ ဆောင်းခိုနိုင်ခဲ့တာပါ။ ဆောင်းမခိုခင်
နောက်ဆုံး ၂ ပွဲမှာ လေဗာကူဆင်နဲ့ဂလက်ဘတ်တို့ကို သရေကျခဲ့ပြီး
အဲဒီအရင် ဘွန်ဒက်စ် ၄ ပွဲဆက်နိုင်ခဲ့တာပါ။
ဒါ့အပြင် နောက်ဆုံးဘွန်ဒက်စ်လီဂါအိမ်ကွင်း ၆ ပွဲမှာလည်း ၅ ပွဲနိုင်ထားပါတယ်။
အော့စ်ဘတ်က နောက်ဆုံးအဝေးကွင်း ၃ ပွဲဆက်ရှုံးပွဲမရှိခဲ့ပေမယ့်
တိုက်စစ်စွမ်းဆောင်ရည်ညံံ့ခဲ့ပါတယ်။
ဟော်ဖန်ဟိမ်း ဂိုးပြတ်၊ မပြတ်ကိုသာ ကြည့်ရမှာပါ။
ဖရန့်ဖတ် vs ဒေါ့မန်
ဖရန့်ဖတ်ဟာ ရာသီအစကလို မဟုတ်ဘဲ ပုံစံကောင်းရနေချိန်ဖြစ်ပြီး
နောက်ဆုံးဘွန်ဒက်စ်လီဂါ ၇ ပွဲမှာ ၆ ပွဲနိုင်ထားတာပါ။
ဒါ့အပြင် ဒီရာသီဘွန်ဒက်စ်အိမ်ကွင်းပွဲတိုင်းနီးပါးလည်း ဂိုးရထားကာ
အပြန်အလှန်တိုက်စစ်ဖွင့်ကစားရတဲ့ပွဲတွေဆို သူတို့ ဂိုးပိုသွင်းနိုင်ပါတယ်။
ဒေါ့မန်ကတော့ ဟာလန်းကြောင့် ဂိုးရဖို့ မပူရပေမယ့်
အဝေးကွင်းဆို ပေးဂိုးနှုန်းမြင့်ပါတယ်။
သူတို့နှစ်သင်းရဲ့နောက်ပိုင်းတွေ့ဆုံမှုတွေမှာလည်း ဂိုးမြူးခဲ့ကြပြီး
ဂိုးပေါင်းဈေးလည်း မနိမ့်လို့ ဂိုးပေါ်ပဲ စဉ်းစားသင့်တယ်။
zawgyi
ဖွင့်လှစ်မှုနဲ့ခြေစွမ်းအရ အနီးစပ်ဆုံးဖြစ်နိုင်မယ့် စနေညဘွန်ဒက်စ်လီဂါ(Super Zay)
ဂရူသာဖတ် vs စတုဂတ်
လစ်ပ်ဇစ် vs မိန့်ဇ်
တိုက်စစ်စွမ်းဆောင်ရည်ညံ့ခဲ့ပါတယ်။
ဖရန့်ဖတ် vs ဒေါ့မန်