ဖရိုင်းဘတ် vs လေဗာကူဆင်
၂ မှတ်သာကွာကြတဲ့ အဆင့် ၅ နေရာက အသင်းနဲ့ အဆင့် ၃ နေရာက
အသင်းတို့ရဲ့တွေ့ဆုံမှုပါ။ ဒီထဲမှာ ဖရိုင်းဘတ်က နောက်ဆုံး ၆ ပွဲမှာ
၁ ပွဲသာနိုင်ထားပြီး ၄ ပွဲရှုံးကာ အကျဘက်ရောက်နေပါတယ်။
လေဗာကူဆင်ကလည်း နောက်ဆုံးဘွန်ဒက်စ်လီဂါ ၂ ပွဲဆက်
နိုင်ပွဲပျောက်ထားပြီး အဲဒီ ၂ ပွဲမျာ ၇ ဂိုးတောင်ပေးခဲ့ရတယ်။
ဒါပေမဲ့ ဖရိုင်းဘတ်က ဒီရာသီအိမ်ကွင်း ၇ ပွဲမှာ ၆ ပွဲဂိုးရထားပါတယ်။
လေဗာကူဆင်ကလည်း ဒီရာသီဘွန်ဒက်စ်လီဂါအဝေးကွင်းပွဲတိုင်းနီးပါး
သွင်းဂိုး၊ပေးဂိုးရှိထားတာပါ။ နှစ်သင်းစလုံးဂိုးသွင်းခြေရှိတဲ့အနေအထားမှာ
ဂိုးပေါ်ကသာ ပိုလှမှာပါ။
ကိုလုံး vs စတုဂတ်
ဇယားအလယ်က ကိုလုံးရဲ့လက်ရှိခြေစွမ်းက မတည်ငြိမ်ပါဘူး။
နောက်ဆုံး ၃ ပွဲမှာတင် ရလဒ်ပေါင်းစုံထွက်ထားတာပါ။ စတုဂတ်ကလည်း
ကြားရက်မှာ ဘိုင်ယန်ကို ဂိုးပြတ်ရှုံးခဲ့ပေမယ့် အဲဒီမတိုင်ခင် နောက်ဆုံး ၃ ပွဲမှာ
ရနိုင်မယ့် ၉ မှတ်ထဲက ၇ မှတ်ရခဲ့တာပါ။ ဒါ့အပြင် စတုဂတ်ဟာ
နောက်ဆုံးအဝေးကွင်းပွဲမှာလည်း အမှတ်ပြည့်ရထားတာပါ။
နောက်ပြီး စတုဂတ်ဟာ ကိုလုံးနဲ့အဝေးကွင်းတွေ့ဆုံမှု
နောက်ဆုံး ၁၁ ပွဲစလုံးမှာ ရှုံးပွဲမရှိခဲ့တဲ့အစဉ်အလာအားသာချက်လည်း
ရှိထားတယ်။ မရှုံးနိုင်တဲ့ဧည့်သည်ဘက် ရပ်တည်မယ်။
zawgyi
ဖွင့်လှစ်မှုနဲ့ခြေစွမ်းအရ အနီးစပ်ဆုံးဖြစ်နိုင်မယ့် ညဘွန်ဒက်စ်လီဂါ(Super Zay)
ကိုလုံး vs စတုဂတ်