
နောဝစ်ချ်ဘယ်နောက်ခံလူ ဘရန်ဒန်ဝီလျံဟာ
ယမန်နေ့ညက ဘရန့်ဖို့ဒ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲမှာ
ပြိုင်ဘက်ကစားသမားတစ်ဦးက သူ့ကို အနောက်ကနေ
ဆွဲလှဲလိုက်လို့ အစောပိုင်းမှာ ဒေါသထွက်
ပေါက်ကွဲသွားပေမယ့် အဲဒီကစားသမားက
အဲရစ်ဆင်ဖြစ်နေမှန်း သိသွားတဲ့အခါ
ဒေါသတွေ ပျောက်သွားပြီး အဲရစ်ဆင်ကို
ပြန်လည်ပွေ့ဖက်ခဲ့ကြပါတယ်။
ယူနိုက်တက်ကနေ တစ်ရာသီအငှားနဲ့
လာကစားနေတဲ့ ဝီလျံက ပွဲချိန် ၃၉ မိနစ်မှာ
အဲရစ်ဆင်ကို ကျော်ဖြတ်ကာ ဘောလုံး
ပေးပို့လိုက်တာကို ဒိန်းမတ်လက်ရွေးစင်ဟောင်းက
သူ့ကို ကျော်မသွားအောင် အနောက်ကနေ
လိုက်ဖက်ရာကနေ နှစ်ယောက်စလုံး
မြက်ခင်းပေါ် လဲကျသွားပါတယ်။
အဲဒီမှာ ဝီလျံလည်း ဒေါသထွက်သွားပြီး
သူ့အောက်ရောက်နေတဲ့ ကစားသမားကို
ပြန်လည်တုံ့ပြန်ဖို့ ကြည့်လိုက်ချိန်မှာ
အဲရစ်ဆင်ဖြစ်နေမှန်း သိသွားတဲ့အခါ
ဒေါသစိတ်တွေ ပျောက်သွားပြီး
ရယ်ရယ်မောမောနဲ့ ပွေ့ဖက်ခဲ့ပါတယ်။
အဲရစ်ဆင်ဟာ နှလုံးရောဂါကြောင့်
ကွင်းအတွင်းသတိလစ်လဲကျခဲ့ပြီးနောက်
ပထမဆုံးပွဲအဖြစ် ပြီးခဲ့တဲ့လက
နယူးကာဆယ်နဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပြီး
နှစ်ဘက်အသင်းပရိသတ်တွေလည်း
လက်ခုပ်တီး အားပေးခဲ့ကြပါတယ်။
ဘရန့်ဖို့ဒ်နဲ့ ၆လစာချုပ်ချုပ်ဆိုခဲ့တဲ့
အသက် ၃၀ အရွယ်ရှိ အဲရစ်ဆင်ဟာ
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့
ရည်မှန်းထားတယ်လို့ သိရပါတယ်။