ဖျားနာနေမှုနဲ့အတူအင်္ဂလန်အသင်းမှနုတ်ထွက်လိုက်ရတဲ့ ဝက်စ်ဟမ်း ကြယ်ပွင့်

ဒက်လန်းရိုက်ဟာအင်္ဂလန်လက်ရွေးစင်အသင်းမှနုတ်ထွက်လိုက်ရမှုနဲ့အတူ

အယ်ဘေးနီးယား၊ဆန်မာရီနိုတို့နှင့်ရင်ဆိုင်ကစားရမယ့်အင်္ဂလန်ရဲ့ကမ္ဘာ့ဖလား

ခြေစစ်ပွဲအောင်မြင်ရေးအဆုံးအဖြတ်ပွဲစဉ်များကိုလွဲချော်တော့မှာဖြစ်ပါတယ်။

အသက်၂၂နှစ်ရှိဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟာဖျားနာနေမှုနဲ့အတူ

အင်္ဂလန်အသင်းမှနုတ်ထွက်လိုက်ရတာလည်းဖြစ်ပါတယ်။

ရိုက်ဟာ မန်စီးတီးကစားသမားဂျက်ဂရဲလ်လစ်ရှ်နှင့်အတူ သီးသန့်

လေ့ကျင့်ခန်းဆင်းမှုသာပြုလုပ်လာခဲ့ရသူဖြစ်ပါတယ်။

သူဟာအင်္ဂါနေ့တွင်နေထိုင်မကောင်းဖြစ်လာမှုနဲ့အတူဗုဒ္ဓဟူးနေ့တုန်းက

အိမ်ပြန်သွားခဲ့ပြီးသူဟာကိုဗစ်ကူးစက်ခံထားရတယ်လို့ယူဆရပါတယ်။

ဒါ့အပြင်ချဲလ်ဆီးကွင်းလယ်ကစားသမားမေဆင်မောင့်မှာလည်း

အံဆုံးသွားနှုတ်ခဲ့ရမှုကြောင့်အယ်ဘေးနီးယားနှင့်ပွဲတွင်ပါဝင်ရန်

မရေမရာဖြစ်နေပါတယ်။ဆောက်သမ်တန်ကွင်းလယ်ကစားသမား

ဂျိမ်းစ်ဝတ်ပရောက်စ်မှာလည်းကစားနိုင်ခြင်းမရှိပါဘူး။

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာဒက်လန်းရိုက်နေရာတွင်ဂျော်ဒန်ဟင်ဒါဆင်

(သို့မဟုတ်)ဂျူ့ဘယ်လင်ဂမ်ကိုအသုံးပြုသွားဖို့ရှိနေပါတယ်။

zawgyi

ဖ်ားနာေနမႈနဲ႔အတူအဂၤလန္အသင္းမွႏုတ္ထြက္လိုက္ရတဲ့ ဝက္စ္ဟမ္း ၾကယ္ပြင့္

ဒက္လန္း႐ိုက္ဟာအဂၤလန္လက္ေ႐ြးစင္အသင္းမွႏုတ္ထြက္လိုက္ရမႈနဲ႔အတူ

အယ္ေဘးနီးယား၊ဆန္မာရီႏိုတို႔ႏွင့္ရင္ဆိုင္ကစားရမယ့္အဂၤလန္ရဲ႕ကမာၻ႔ဖလား

ေျခစစ္ပြဲေအာင္ျမင္ေရးအဆုံးအျဖတ္ပြဲစဥ္မ်ားကိုလြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။

အသက္၂၂ႏွစ္ရွိဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ဟာဖ်ားနာေနမႈနဲ႔အတူ

အဂၤလန္အသင္းမွႏုတ္ထြက္လိုက္ရတာလည္းျဖစ္ပါတယ္။႐ိုက္ဟာ

မန္စီးတီးကစားသမားဂ်က္ဂရဲလ္လစ္ရွ္ႏွင့္အတူ သီးသန႔္ေလ့က်င့္ခန္

းဆင္းမႈသာျပဳလုပ္လာခဲ့ရသူျဖစ္ပါတယ္။

သူဟာအဂၤါေန႔တြင္ေနထိုင္မေကာင္းျဖစ္လာမႈနဲ႔အတူဗုဒၶဟူးေန႔တုန္းက

အိမ္ျပန္သြားခဲ့ၿပီးသူဟာကိုဗစ္ကူးစက္ခံထားရတယ္လို႔ယူဆရပါတယ္။

ဒါ့အျပင္ခ်ဲလ္ဆီးကြင္းလယ္ကစားသမားေမဆင္ေမာင့္မွာလည္း

အံဆုံးသြားႏႈတ္ခဲ့ရမႈေၾကာင့္အယ္ေဘးနီးယားႏွင့္ပြဲတြင္ပါဝင္ရန္

မေရမရာျဖစ္ေနပါတယ္။ေဆာက္သမ္တန္ကြင္းလယ္ကစားသမား

ဂ်ိမ္းစ္ဝတ္ပေရာက္စ္မွာလည္းကစားႏိုင္ျခင္းမရွိပါဘူး။

အဂၤလန္နည္းျပေဆာက္ဂိတ္ဟာဒက္လန္း႐ိုက္ေနရာတြင္ေဂ်ာ္ဒန္ဟင္ဒါဆင္

(သို႔မဟုတ္)ဂ်ဴ႕ဘယ္လင္ဂမ္ကိုအသုံးျပဳသြားဖို႔ရွိေနပါတယ္။