ဖော်လိုဝါ သန်း ၄၀၀ ပြည့်မြောက်တဲ့ ရော်နယ်ဒို Siuuu လို့ အောင်ပွဲခံနိုင်ပြီပေါ့လို့ ဆို

ရော်နယ်ဒိုဟာ အင်စတာဂရမ်ပေါ်မှာ ဖော်လိုဝါ သန်း (၄၀၀) ပြည့်မြောက်တဲ့

ပထမဆုံး လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာခဲ့ပြီး

ဒီအတွက်လည်း ပရိသတ်တွေနဲ့အတူ အွန်လိုင်းကတစ်ဆင့်

ရင်းရင်းနှီးနှီး စကားပြောဆိုရင်း အောင်ပွဲခံခဲ့ပါတယ်။

အချက်အလက်မှတ်တမ်းတွေအရ ရော်နယ်ဒိုဟာ အင်စတာဂရမ်ပေါ်မှာ

စပွန်ဆာပို့စ်တစ်ခုတင်ပေးရုံနဲ့ ဝင်ငွေ ပေါင် (၁.၇၂) သန်းအထိ

ရရှိနေတယ်လို့ သိရှိရပါတယ်။

ရော်နယ်ဒိုက “ဟဲလို အားလုံးပဲ အခုဆို သန်း (၄၀၀) တောင် ဖြစ်သွားပြီပဲ။

ဘယ်လောက်တောင် ကောင်းတဲ့ ကိန်းဂဏန်းလဲဗျာ။

ကျွန်တော် အခု Siuuu လို့ အောင်ပွဲခံနိုင်ပြီပေါ့။

ဒါက တကယ်ကို အံ့အားသင့်စရာဖြစ်ပြီး

ကျွန်တော့်အတွက် ကြီးမားတဲ့ အခိုက်အတန့်တစ်ခုပါပဲ”

“ခင်ဗျားတို့ မပါဝင်ဘဲ ဘယ်အရာမှ မဖြစ်နိုင်ပါဘူး။

ကျွန်တော့် နှလုံးသားထဲကနေ အရမ်းပဲ ကျေးဇူးတင်ပါတယ်။

နောက်ထပ် သန်းတစ်ရာ၊ နှစ်ရာလောက်အထိ ထပ်တိုးလာအောင်

ဆက်လုပ်ကြတာပေါ့ဗျာ” လို့ ပြောကြားသွားခဲ့ပါတယ်။

zawgyi

ေဖာ္လိုဝါ သန္း ၄၀၀ ျပည့္ေျမာက္တဲ့ ေရာ္နယ္ဒို Siuuu လို႔ ေအာင္ပြဲခံႏိုင္ၿပီေပါ့လို႔ ဆို

ေရာ္နယ္ဒိုဟာ အင္စတာဂရမ္ေပၚမွာ ေဖာ္လိုဝါ သန္း (၄၀၀) ျပည့္ေျမာက္တဲ့

ပထမဆုံး လူပုဂၢိဳလ္တစ္ေယာက္ျဖစ္လာခဲ့ၿပီး

ဒီအတြက္လည္း ပရိသတ္ေတြနဲ႔အတူ အြန္လိုင္းကတစ္ဆင့္

ရင္းရင္းႏွီးႏွီး စကားေျပာဆိုရင္း ေအာင္ပြဲခံခဲ့ပါတယ္။

အခ်က္အလက္မွတ္တမ္းေတြအရ ေရာ္နယ္ဒိုဟာ အင္စတာဂရမ္ေပၚမွာ

စပြန္ဆာပို႔စ္တစ္ခုတင္ေပး႐ုံနဲ႔ ဝင္ေငြ ေပါင္ (၁.၇၂) သန္းအထိ

ရရွိေနတယ္လို႔ သိရွိရပါတယ္။

ေရာ္နယ္ဒိုက “ဟဲလို အားလုံးပဲ အခုဆို သန္း (၄၀၀) ေတာင္ ျဖစ္သြားၿပီပဲ။

ဘယ္ေလာက္ေတာင္ ေကာင္းတဲ့ ကိန္းဂဏန္းလဲဗ်ာ။

ကြၽန္ေတာ္ အခု Siuuu လို႔ ေအာင္ပြဲခံႏိုင္ၿပီေပါ့။

ဒါက တကယ္ကို အံ့အားသင့္စရာျဖစ္ၿပီး

ကြၽန္ေတာ့္အတြက္ ႀကီးမားတဲ့ အခိုက္အတန႔္တစ္ခုပါပဲ”

“ခင္ဗ်ားတို႔ မပါဝင္ဘဲ ဘယ္အရာမွ မျဖစ္ႏိုင္ပါဘူး။

ကြၽန္ေတာ့္ ႏွလုံးသားထဲကေန အရမ္းပဲ ေက်းဇူးတင္ပါတယ္။

ေနာက္ထပ္ သန္းတစ္ရာ၊ ႏွစ္ရာေလာက္အထိ ထပ္တိုးလာေအာင္

ဆက္လုပ္ၾကတာေပါ့ဗ်ာ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။