ဖောက်ထွင်းခိုးယူမှုရန်မှကာကွယ်ဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့လုံခြုံရေးအစောင့်တစ်ဦးကိုထပ်မံဌားရမ်းခဲ့ ရက်ရှ်ဖို့ဒ် 

ယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ

နေအိမ်ဖောက်ထွင်းသူခိုးတွေရန်ကနေကာကွယ်နိုင်ဖို့အတွက်

လုံခြုံရေးအစောင့်တစ်ဦးကိုဌားရမ်းတာဝန်ပေးထားတယ်လို့သိရပါတယ်။

မန်စီးတီးနဲ့ ယူနိုက်တက်ကစားသမားတွေရဲ့ နေအိမ်တွေကို

ပစ်မှတ်ထားဖောက်ထွင်းခိုးယူမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း

ရက်ရှ်ဖို့ဒ်ကလည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့

လုံခြုံရေးအစောင့်တစ်ဦးကိုဌားရမ်းခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့နေအိမ်လုံခြုံရေးအတွက် ပေါင် ၂၅,၀၀၀ ပေးရတဲ့

အိမ်စောင့်ခွေးတစ်ကောင်ဝယ်ယူထားပြီးဖြစ်ပေမယ့်

အဲဒီလောက်နဲ့ စိတ်မချသေးဘဲ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတစ်ခုကနေ

လုံခြုံရေးအစောင့်တစ်ဦးကို ထပ်မံဌားရမ်းခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်နဲ့ နီးစပ်သူတစ်ဦးရဲ့ပြောကြားမှုကိုကိုးကားပြီး

The Sun သတင်းစာက ” မားကပ်စ်ဟာ

အောင်မြင်ကျော်ကြားတဲ့ကစားသမားတစ်ဦးဖြစ်လာပြီးကတည်းက

သူ့ရဲ့လုံခြုံရေးအတွက် ကိုယ်ရံတော်သက်တော်စောင့်တစ်ဦး ဌားရမ်းပြီးသားပါ။

အခုထပ်မံဌားရမ်းခဲ့သူကတော့ သူ့ရဲ့နေအိမ်ကို

အဓိကကာကွယ်စောင့်ရှောက်ရမှာဖြစ်ပြီး အိမ်ထောင်ပရိဘောဂတစ်ခုလို

အိမ်တွင်းမှာအမြဲရှိနေမှာဖြစ်ပါတယ် ” လို့ ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၁၉ ကမှ ယူနိုက်တက်နောက်ခံလူ

လင်းဒလော့ဖ်ရဲ့နေအိမ် ဖောက်ထွင်းခံခဲ့ရသလို

ပြီးခဲ့တဲ့ခရစ္စမတ်ပွဲတော်ကာလမှာလည်း ယူနိုက်တက်လူငယ်အသင်းက

ဆယ်ကျော်သက်ကစားသမား ၂ဦးရဲ့ တိုက်ခန်း ဖောက်ထွင်းခံခဲ့ရပါသေးတယ်။

ဒါ့အပြင် မန်စီးတီးနောက်ခံလူ ကန်ဆယ်လိုဆိုရင်လည်း

ဖောက်ထွင်းသူခိုးတွေနဲ့ ပက်ပင်းတိုးတိုက်ခိုက်ခံခဲ့ရတာမို့ မျက်နှာမှာဒဏ်ရာရခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယာယီနည်းပြ ရန်နစ်ခ်လက်ထက်မှာ

ပွဲထွက်ကစားခွင့်ရဖို့ရုန်းကန်နေပြီး ဝက်ဖို့ဒ်နဲ့သရေကျခဲ့တဲ့ပွဲမှာဆိုရင်

ပွဲချိန် ၇၄မိနစ်မှာမှ မာတစ်အစားဝင်ကစားခွင့်ရခဲ့ပါတယ်။

ဝက်ဖို့ဒ်ကို ဂိုးပေါက်ခြိမ်းခြောက်မှု ၂၂ကြိမ်လုပ်နိုင်ခဲ့ပေမယ့်

၃ကြိမ်သာဂိုးပေါက်တည့်ခဲ့သလို ပြိုင်ဘက်ဂိုးရှေ့ရောက်ရင် အလွဲလွဲအချော်ချော်နဲ့

ဂိုးရနိုင်တဲ့အခွင့်အရေးတွေကိုဖြုန်းတီးနေတဲ့အတွက်

ယူနိုက်တက်ကစားသမားတွေကို နည်းပြကြီးရန်နစ်ခ်က ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

zawgyi

ေဖာက္ထြင္းခိုးယူမႈရန္မွကာကြယ္ဖို႔ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔လုံၿခဳံေရးအေစာင့္တစ္ဦးကိုထပ္မံဌားရမ္းခဲ့ ရက္ရွ္ဖို႔ဒ္

ယူႏိုက္တက္တိုက္စစ္မႉး မားကပ္စ္ရက္ရွ္ဖို႔ဒ္ဟာ

ေနအိမ္ေဖာက္ထြင္းသူခိုးေတြရန္ကေနကာကြယ္ႏိုင္ဖို႔အတြက္

လုံၿခဳံေရးအေစာင့္တစ္ဦးကိုဌားရမ္းတာဝန္ေပးထားတယ္လို႔သိရပါတယ္။

မန္စီးတီးနဲ႔ ယူႏိုက္တက္ကစားသမားေတြရဲ႕ ေနအိမ္ေတြကို

ပစ္မွတ္ထားေဖာက္ထြင္းခိုးယူမႈေတြ ဆက္တိုက္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း

ရက္ရွ္ဖို႔ဒ္ကလည္း ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔

လုံၿခဳံေရးအေစာင့္တစ္ဦးကိုဌားရမ္းခဲ့တာပါ။

ရက္ရွ္ဖို႔ဒ္ဟာ သူ႔ရဲ႕ေနအိမ္လုံၿခဳံေရးအတြက္ ေပါင္ ၂၅,၀၀၀ ေပးရတဲ့

အိမ္ေစာင့္ေခြးတစ္ေကာင္ဝယ္ယူထားၿပီးျဖစ္ေပမယ့္

အဲဒီေလာက္နဲ႔ စိတ္မခ်ေသးဘဲ ပုဂၢလိကလုံၿခဳံေရးကုမၸဏီတစ္ခုကေန

လုံၿခဳံေရးအေစာင့္တစ္ဦးကို ထပ္မံဌားရမ္းခဲ့တာျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္နဲ႔ နီးစပ္သူတစ္ဦးရဲ႕ေျပာၾကားမႈကိုကိုးကားၿပီး

The Sun သတင္းစာက ” မားကပ္စ္ဟာ

ေအာင္ျမင္ေက်ာ္ၾကားတဲ့ကစားသမားတစ္ဦးျဖစ္လာၿပီးကတည္းက

သူ႔ရဲ႕လုံၿခဳံေရးအတြက္ ကိုယ္ရံေတာ္သက္ေတာ္ေစာင့္တစ္ဦး ဌားရမ္းၿပီးသားပါ။

အခုထပ္မံဌားရမ္းခဲ့သူကေတာ့ သူ႔ရဲ႕ေနအိမ္ကို

အဓိကကာကြယ္ေစာင့္ေရွာက္ရမွာျဖစ္ၿပီး အိမ္ေထာင္ပရိေဘာဂတစ္ခုလို

အိမ္တြင္းမွာအၿမဲရွိေနမွာျဖစ္ပါတယ္ ” လို႔ ေဖာ္ျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့ဇန္နဝါရီ ၁၉ ကမွ ယူႏိုက္တက္ေနာက္ခံလူ

လင္းဒေလာ့ဖ္ရဲ႕ေနအိမ္ ေဖာက္ထြင္းခံခဲ့ရသလို

ၿပီးခဲ့တဲ့ခရစၥမတ္ပြဲေတာ္ကာလမွာလည္း ယူႏိုက္တက္လူငယ္အသင္းက

ဆယ္ေက်ာ္သက္ကစားသမား ၂ဦးရဲ႕ တိုက္ခန္း ေဖာက္ထြင္းခံခဲ့ရပါေသးတယ္။

ဒါ့အျပင္ မန္စီးတီးေနာက္ခံလူ ကန္ဆယ္လိုဆိုရင္လည္း

ေဖာက္ထြင္းသူခိုးေတြနဲ႔ ပက္ပင္းတိုးတိုက္ခိုက္ခံခဲ့ရတာမို႔ မ်က္ႏွာမွာဒဏ္ရာရခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ယာယီနည္းျပ ရန္နစ္ခ္လက္ထက္မွာ

ပြဲထြက္ကစားခြင့္ရဖို႔႐ုန္းကန္ေနၿပီး ဝက္ဖို႔ဒ္နဲ႔သေရက်ခဲ့တဲ့ပြဲမွာဆိုရင္

ပြဲခ်ိန္ ၇၄မိနစ္မွာမွ မာတစ္အစားဝင္ကစားခြင့္ရခဲ့ပါတယ္။

ဝက္ဖို႔ဒ္ကို ဂိုးေပါက္ၿခိမ္းေျခာက္မႈ ၂၂ႀကိမ္လုပ္ႏိုင္ခဲ့ေပမယ့္

၃ႀကိမ္သာဂိုးေပါက္တည့္ခဲ့သလို ၿပိဳင္ဘက္ဂိုးေရွ႕ေရာက္ရင္ အလြဲလြဲအေခ်ာ္ေခ်ာ္နဲ႔

ဂိုးရႏိုင္တဲ့အခြင့္အေရးေတြကိုျဖဳန္းတီးေနတဲ့အတြက္

ယူႏိုက္တက္ကစားသမားေတြကို နည္းျပႀကီးရန္နစ္ခ္က ျပစ္တင္ေဝဖန္ခဲ့ပါတယ္။