ဖူးခက်မှာ  ကံကောင်းလို့ အသက်ရှင်ခဲ့တာပါ …

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ကမ်းခြေမှာ အကြမ်းဖက်တိုက်ခိုက်လုယက်ခံခဲ့ရတဲ့

ဂျာမနီနဲ့ဒေါ့မွန်နောက်ခံလူ မတ်ဟမ်မဲလ်ရဲ့ ဇနီးဖြစ်သူ ကေသီဟမ်မဲလ်က

ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ကျန်ရစ်ခဲ့ရတာဖြစ်တယ်လို့

ပြန်ပြောင်းဝန်ခံခဲ့ပါတယ်။ ရုပ်သံအစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့

ကေသီဟမ်မဲလ်ဟာ Battle of the Reality Stars တီဗွီအစီအစဉ်ကို

ဖူးခက်ကမ်းခြေမှာ ၃ပတ်ကြာလာရောက်ရိုက်ကူးခဲ့စဉ်အတွင်း ထိတ်လန့်

တုန်လှုပ်ဖွယ်ကောင်းတဲ့တိုက် ခိုက်လုယက်မှုနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်စနေနေ့က ရိုက် ကူးရေးအစီအစဉ်ပြီးလို့ ဟိုတယ်အပြင်ထွက်ပြီး

ထိန်ထိန်သာနေတဲ့လမင်းကို ဖုန်းနဲ့ဓာတ်ပုံရိုက်နေတုန်း တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီလိုဓာတ်ပုံရိုက်နေစဉ်မှာ အမျိုးသားတစ်ဦး ရုတ်တရက်ရောက်လာပြီး

သူမရဲ့ခေါင်းကို နောက်ဖက်ကနေတစ်စုံတစ်ခုနဲ့ရိုက်နှက်ခဲ့ပါတယ်။

အရိုက်ခံရတဲ့အတွက် မြေကြီးပေါ်လဲကျသွားတဲ့ ကေသီဟမ်မဲလ်ဟာ တိုက်ခိုက်ခဲ့တဲ့

အမျိုးသားကို ”လိုချင်တာယူသွားပြီး ကျွန်မကိုတော့ အသက်ချမ်းသာပေးပါ” လို့

တောင်း ပန်ခဲ့ရပါတယ်။ အဲဒီလိုတောင်းပန်လိုက်မှ သူမရဲ့လက်ထဲကဖုန်းကိ

ဆတ်ခနဲ့လု ယူပြီး အမှောင်ထုထဲကို ထွက်ပြေးလွတ်မြောက်သွားခဲ့တာပါ။

ကေတီဟမ်မဲလ်ကတော့ တိုက်ခိုက်ခံရမှုကြောင့် ခေါင်းမှာဒဏ်ရာရသွားသလို

နံရိုးတစ်ချောင်းလည်းအတွင်းကြေသွားခဲ့ရပါတယ်။

ကေတီဟမ်မဲလ်ဟာ တိုက်ခိုက်တဲ့သူထွက် ပြေးသွားပြီးမှ ဟိုတယ်ခန်းထဲပြန်လာပြီး

ရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့သလို ခင်ပွန်းဖြစ်သူထံကိုလည်း

ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ အတော်လေး ထိတ်လန့်တုပ်လှုပ်သွားတဲ့

ကေတီဟမ်မဲလ်ဟာ ဖူးခက်မှာဆက်မနေတော့ဘဲ အဲဒီညနေမှာပဲ ဒူဘိုင်းကိုသွားရောက်ပြီး

လိုအပ်တဲ့စစ်ဆေးကုသမှုတွေဆက်လက်ခံယူခဲ့ပါတယ်။

ဂျာမန် Bild သတင်းစာနဲ့တွေ့ဆုံရာမှာ ကလေးတစ်ယောက်မိခင်ဖြစ်သလို

လူမှုကွန်ရက်မီဒီယာမှာလူသိများသြဇာလွှမ်းမိုးနိုင်သူလည်းဖြစ်တဲ့ကေတီဟမ်မဲလ်က

” အခုလိုအသက်ဆက်ရှင်နိုင်ခဲ့တာကိုကျေး ဇူးတင်ရမယ်လို့ ကျွန်မခေါင်းထဲမှာ

ထပ်ခါတလဲလဲတွေးနေမိပါတယ်။ တကယ် လို့ လူတစ်ယောက်က ကျွန်မာနောက်ကနေ

လမ်းလျှောက်လာရင်မယ်ဆိုရင်တောင် အတိတ်တစ္ဆေခြောက်သလိုဖြစ်မိမှာပါ။

ကျွန်မ တကယ်ကို ထိတ်လန့်တုန်လှုပ်သွားတာပါ ” လို့ထည့်ပြောခဲ့ပါတယ်

အသက် ၃၄နှစ်ရှိပြီဖြစ်တဲ့ ကေတီဟမ်မဲလ်ဟာ ၂၀၁၃ မှာ တစ်နှစ်တာ ဆွဲဆောင်မှုအရှိဆုံး

WAG အဖြစ် ရွေး ချယ်ခြင်းခံခဲ့ရပြီး ၂၀၁၅ မှာတော့ ဟမ်မဲလ်နဲ့လက်ထပ်ခဲ့ပါတယ်။

ထိုင်းနိုင်င ခရီးသွားလာရေးနှင့် အားကစားဆိုင်ရာ ၀န်ကြီး ဖြစ်သူ ဖီဖတ်က

သူ့ရဲ့နိုင်ငံမှာ အခုလို ဖြစ်ရတဲ့အတွက် သူ့အနေနဲ့ Cathy ကို တောင်းပန်ကြောင်း၊

သက်ဆိုင်ရာရဲတပ်ဖွဲ့ကိုလည်း ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိအောင် လုပ်ဆောင်ဖို့ ပြောဆိုထားကြောင်း၊

ဒါမှသာ ခရီးသွားတွေ ထိုင်းနိုင်ငံအပေါ် ယုံကြည်စိတ်ချမှာ ဖြစ်ကြောင်း ပြောထားပါတယ်။

Zawgyi

ဖူးခက္မွာ  ကံေကာင္းလို႔ အသက္ရွင္ခဲ့တာပါ …

ထိုင္းႏိုင္ငံေတာင္ပိုင္း ဖူးခက္ကမ္းေျခမွာ အၾကမ္းဖက္တိုက္ခိုက္လုယက္ခံခဲ့ရတဲ့

ဂ်ာမနီနဲ႔ေဒါ့မြန္ေနာက္ခံလူ မတ္ဟမ္မဲလ္ရဲ႕ ဇနီးျဖစ္သူ ေကသီဟမ္မဲလ္က

ကံေကာင္းေထာက္မစြာနဲ႔ အသက္ရွင္က်န္ရစ္ခဲ့ရတာျဖစ္တယ္လို႔

ျပန္ေျပာင္းဝန္ခံခဲ့ပါတယ္။ ႐ုပ္သံအစီအစဥ္တင္ဆက္သူတစ္ဦးျဖစ္တဲ့

ေကသီဟမ္မဲလ္ဟာ Battle of the Reality Stars တီဗြီအစီအစဥ္ကို

ဖူးခက္ကမ္းေျခမွာ ၃ပတ္ၾကာလာေရာက္႐ိုက္ကူးခဲ့စဥ္အတြင္း ထိတ္လန႔္

တုန္လႈပ္ဖြယ္ေကာင္းတဲ့တိုက္ ခိုက္လုယက္မႈနဲ႔ ႀကဳံေတြ႕ခဲ့ရတာျဖစ္ပါတယ္။

 

ၿပီးခဲ့တဲ့အပတ္စေနေန႔က ႐ိုက္ ကူးေရးအစီအစဥ္ၿပီးလို႔ ဟိုတယ္အျပင္ထြက္ၿပီး

ထိန္ထိန္သာေနတဲ့လမင္းကို ဖုန္းနဲ႔ဓာတ္ပုံ႐ိုက္ေနတုန္း တိုက္ခိုက္ခံခဲ့ရတာျဖစ္ပါတယ္။

အဲဒီလိုဓာတ္ပုံ႐ိုက္ေနစဥ္မွာ အမ်ိဳးသားတစ္ဦး ႐ုတ္တရက္ေရာက္လာၿပီး

သူမရဲ႕ေခါင္းကို ေနာက္ဖက္ကေနတစ္စုံတစ္ခုနဲ႔႐ိုက္ႏွက္ခဲ့ပါတယ္။

အ႐ိုက္ခံရတဲ့အတြက္ ေျမႀကီးေပၚလဲက်သြားတဲ့ ေကသီဟမ္မဲလ္ဟာ တိုက္ခိုက္ခဲ့တဲ့

အမ်ိဳးသားကို ”လိုခ်င္တာယူသြားၿပီး ကြၽန္မကိုေတာ့ အသက္ခ်မ္းသာေပးပါ” လို႔

ေတာင္း ပန္ခဲ့ရပါတယ္။ အဲဒီလိုေတာင္းပန္လိုက္မွ သူမရဲ႕လက္ထဲကဖုန္းကို

ဆတ္ခနဲ႔လု ယူၿပီး အေမွာင္ထုထဲကို ထြက္ေျပးလြတ္ေျမာက္သြားခဲ့တာပါ။

ေကတီဟမ္မဲလ္ကေတာ့ တိုက္ခိုက္ခံရမႈေၾကာင့္ ေခါင္းမွာဒဏ္ရာရသြားသလို

နံ႐ိုးတစ္ေခ်ာင္းလည္းအတြင္းေၾကသြားခဲ့ရပါတယ္။

ေကတီဟမ္မဲလ္ဟာ တိုက္ခိုက္တဲ့သူထြက္ ေျပးသြားၿပီးမွ ဟိုတယ္ခန္းထဲျပန္လာၿပီး

ရဲတပ္ဖြဲ႕ထံအေၾကာင္းၾကားခဲ့သလို ခင္ပြန္းျဖစ္သူထံကိုလည္း

ဖုန္းဆက္အေၾကာင္းၾကားခဲ့ပါတယ္။ အေတာ္ေလး ထိတ္လန႔္တုပ္လႈပ္သြားတဲ့

ေကတီဟမ္မဲလ္ဟာ ဖူးခက္မွာဆက္မေနေတာ့ဘဲ အဲဒီညေနမွာပဲ ဒူဘိုင္းကိုသြားေရာက္ၿပီး

လိုအပ္တဲ့စစ္ေဆးကုသမႈေတြဆက္လက္ခံယူခဲ့ပါတယ္။

ဂ်ာမန္ Bild သတင္းစာနဲ႔ေတြ႕ဆုံရာမွာ ကေလးတစ္ေယာက္မိခင္ျဖစ္သလို

လူမႈကြန္ရက္မီဒီယာမွာလူသိမ်ားၾသဇာလႊမ္းမိုးႏိုင္သူလည္းျဖစ္တဲ့ေကတီဟမ္မဲလ္က

” အခုလိုအသက္ဆက္ရွင္ႏိုင္ခဲ့တာကိုေက်း ဇူးတင္ရမယ္လို႔ ကြၽန္မေခါင္းထဲမွာ

ထပ္ခါတလဲလဲေတြးေနမိပါတယ္။ တကယ္ လို႔ လူတစ္ေယာက္က ကြၽန္မာေနာက္ကေန

လမ္းေလွ်ာက္လာရင္မယ္ဆိုရင္ေတာင္ အတိတ္တေစၦေျခာက္သလိုျဖစ္မိမွာပါ။

ကြၽန္မ တကယ္ကို ထိတ္လန႔္တုန္လႈပ္သြားတာပါ ” လို႔ထည့္ေျပာခဲ့ပါတယ္

အသက္ ၃၄ႏွစ္ရွိၿပီျဖစ္တဲ့ ေကတီဟမ္မဲလ္ဟာ ၂၀၁၃ မွာ တစ္ႏွစ္တာ ဆြဲေဆာင္မႈအရွိဆုံး

WAG အျဖစ္ ေ႐ြး ခ်ယ္ျခင္းခံခဲ့ရၿပီး ၂၀၁၅ မွာေတာ့ ဟမ္မဲလ္နဲ႔လက္ထပ္ခဲ့ပါတယ္။

 

ထိုင္းႏိုင္င ခရီးသြားလာေရးႏွင့္ အားကစားဆိုင္ရာ ၀န္ႀကီး ျဖစ္သူ ဖီဖတ္က

သူ႔ရဲ႕ႏိုင္ငံမွာ အခုလို ျဖစ္ရတဲ့အတြက္ သူ႔အေနနဲ႔ Cathy ကို ေတာင္းပန္ေၾကာင္း၊

သက္ဆိုင္ရာရဲတပ္ဖြဲ႕ကိုလည္း ျပစ္မႈက်ဴးလြန္သူကို ဖမ္းဆီးရမိေအာင္ လုပ္ေဆာင္ဖို႔ ေျပာဆိုထားေၾကာင္း၊

ဒါမွသာ ခရီးသြားေတြ ထိုင္းႏိုင္ငံအေပၚ ယုံၾကည္စိတ္ခ်မွာ ျဖစ္ေၾကာင္း ေျပာထားပါတယ္။