ဖူလ်ဟမ်နဲ့ပွဲမှာ သူရဲကောင်းဖြစ်ခဲ့တဲ့ ဂါနာချို မသိသေးတဲ့အရာကို ပြောပြလိုက်တဲ့တန်ဟတ်

မန်ယူက ဖူလ်ဟမ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ တောင်ပံကစားသမား ဂါနာချိုဟာ အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့ပေမဲ့ သွားရမယ့် ခရီးက အရှည်ကြီး ရှိနေသေးတယ်လို့

နည်းပြတန်ဟတ်က သတိပေးခဲ့ပါတယ်။ ကရာဗန်ကော့တေ့ချ်မှာ ကစားခဲ့တဲ့ တနင်္ဂနွေညက ပွဲစဉ်မှာ မန်ယူဟာ ကွင်း လယ်လူ အဲရစ်ဆင်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပေမဲ့

ဒန်ဂျိမ်းစ်ရဲ့ ချေပဂိုးကို ပြန် ပြီး ခွင့်ပြုခဲ့ရတာကြောင့် မိနစ် ၉၀ အထိ သရေကျနေခဲ့တာပါ။ ဒါပေမဲ့ ၉၀+၃ မိနစ်အရောက်မှာတော့ အဲရစ်ဆင်နဲ့ ဝမ်းတူးရိုက်ပြီး ဂါနာချိုက

မန်ယူအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် မန်ယူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နောက်ဆုံး ကစားခဲ့တဲ့ ပွဲကို အနိုင်ရလဒ်နဲ့ အဆုံး သတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် အာဂျင်တီးနား လူငယ်ကစားသမား ဂါနာချိုဟာ သူ့ရဲ့ ယူနိုက်တက် ကစားသမားဘ၀ ပထမဆုံး သွင်းဂိုးကို ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့တဲ့ ဆိုစီဒက်နဲ့ ပွဲစဉ်မှာ

သွင်းယူနိုင်ခဲ့သလို အခု ဖူလ်ဟမ်နဲ့ ပွဲစဉ်မှာလည်း မန်ယူကစားသမားဘ၀ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးကို စတင်ရရှိခဲ့ပြီဖြစ်ပါတယ်။ နောက်ပြီး ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ လူစားဝင်လာခဲ့ပြီးနောက်

သူ့ရဲ့ သက်ရောက်မှုကို အတိုင်း သား မြင်တွေ့ခဲ့ရတာကြောင့် တန်ဟတ်က ကျေနပ်ခဲ့ပေမဲ့ ဘောလုံးမှာ ဂါနာ ချို မသိသေးတဲ့ ကိစ္စတွေက အများကြီး ရှိနေသေးတယ်လို့ နည်းပြတန်ဟတ်က

သတိပေးသွားခဲ့ပါတယ်။ ‘’အရင်ကတည်းက ကြိုသိနေတယ်လို့ ပြောရင် ဒါက ထူးဆန်းနေပါလိမ့်မယ်။ နည်းနည်းပါးပါးလောက်ပေါ့။ ခင်ဗျားတို့မှာ ရှိနေတဲ့ အသိမျိုးပေါ့လေ။

ဒါပေမဲ့ အဲဒါလည်း မျက်စိဒေါက်ထောက်ပြီး ကြည့် နေရမှာပါ။ တစ်ခါတလေမှာတော့ ကျွန်တော်လည်း မှားတတ်ပါတယ်။ ဒီကိစ္စမှာတော့ ကျွန်တော်ဟာ နည်းပြအဖွဲ့ဝင်တွေနဲ့အတူ

ဆွေးနွေးမှုတစ်ခု ရှိခဲ့ ပါ တယ်။ သူ့ရဲ့ တိုးတက်မှုကို ကျွန်တော်တို့ ပြီးခဲ့တဲ့လမှာကတည်းက မြင်တွေ့ ခဲ့ရတာပါ။ သူ့ရဲ့ အလားအလာကို ခင်ဗျားတို့လည်း မြင်တွေ့နိုင်ပါတယ်။

ကျွန်တော့်အတွက်တော့ အဲဒီအချက်က သူ့ကို အခုလိုမျိုး ပွဲကစားခွင့်ရအောင် လုပ်ပေးတာပါပဲ။ ဒါပေမဲ့ အရင်တုန်းကတော့ အဲဒီလိုမျိုး တွေးလို့ မရနိုင်ပါဘူး။

သူက သူလုပ်ပြနိုင်တယ်ဆိုတဲ့ ပါရမီမျိုးကို ပြသနေ တယ်။ ဒါပေမဲ့ သူက သွားရမယ့်ခရီး အရှည်ကြီး ရှိနေသေးတယ်။ သူ့ရဲ့ ခြေ စွမ်းကို ဆက်ထိန်းထားရမှာ။

တစ်သင်းလုံးအတွက်ပါပဲ။ သူက အများကြီး ကြိုးစားပြီး လေ့ကျင့်ရဦးမယ်။ ဘာကြောင့်လဲဆိုတော့ အားလုံးအတွက် အသိအမှတ်ပြုရမယ့် ကစားသမား ဖြစ်လာရဖို့ ရှိနေလို့ပါ။

လူတိုင်းက ဒါကို အမြဲတမ်း လက်ခံပေးဖို့ဆိုတာက ပိုပြီး အရေးကြီးပါတယ်။ အဲဒါကို ကစားသမားကြီးတွေက သိတယ်ဗျ။ လူငယ်ကစားသမားတွေက မသိကြဘူး’’ လို့ တန်ဟတ်က

ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ဖူလ္ဟမ္နဲ႔ပြဲမွာ သူရဲေကာင္းျဖစ္ခဲ့တဲ့ ဂါနာခ်ိဳ မသိေသးတဲ့အရာကို ေျပာျပလိုက္တဲ့တန္ဟတ္

မန္ယူက ဖူလ္ဟမ္ကို ၂-၁ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ေတာင္ပံကစားသမား ဂါနာခ်ိဳဟာ အသင္းအတြက္ သူရဲေကာင္းျဖစ္ခဲ့ေပမဲ့ သြားရမယ့္ ခရီးက အရွည္ႀကီး ရွိေနေသးတယ္လို႔

နည္းျပတန္ဟတ္က သတိေပးခဲ့ပါတယ္။ ကရာဗန္ေကာ့ေတ့ခ်္မွာ ကစားခဲ့တဲ့ တနဂၤေႏြညက ပြဲစဥ္မွာ မန္ယူဟာ ကြင္း လယ္လူ အဲရစ္ဆင္ရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ခဲ့ေပမဲ့

ဒန္ဂ်ိမ္းစ္ရဲ႕ ေခ်ပဂိုးကို ျပန္ ၿပီး ခြင့္ျပဳခဲ့ရတာေၾကာင့္ မိနစ္ ၉၀ အထိ သေရက်ေနခဲ့တာပါ။ ဒါေပမဲ့ ၉၀+၃ မိနစ္အေရာက္မွာေတာ့ အဲရစ္ဆင္နဲ႔ ဝမ္းတူး႐ိုက္ၿပီး ဂါနာခ်ိဳက မန္ ယူအတြက္

အဖိုးတန္ အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့တာေၾကာင့္ မန္ယူဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ ေနာက္ဆုံး ကစားခဲ့တဲ့ ပြဲကို အႏိုင္ရလဒ္နဲ႔ အဆုံး သတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၁၈ ႏွစ္အ႐ြယ္

အာဂ်င္တီးနား လူငယ္ကစားသမား ဂါနာခ်ိဳဟာ သူ႔ရဲ႕ ယူႏိုက္တက္ ကစားသမားဘ၀ ပထမဆုံး သြင္းဂိုးကို ၿပီးခဲ့တဲ့ တစ္ပတ္က ကစားခဲ့တဲ့ ဆိုစီဒက္နဲ႔ ပြဲစဥ္မွာ သြင္းယူႏိုင္ခဲ့သလို အခု ဖူလ္ဟမ္နဲ႔

ပြဲစဥ္မွာလည္း မန္ယူကစားသမားဘ၀ ပထမဆုံး ပရီးမီးယားလိဂ္ သြင္းဂိုးကို စတင္ရရွိခဲ့ၿပီျဖစ္ပါတယ္။ ေနာက္ၿပီး ဖူလ္ဟမ္နဲ႔ပြဲစဥ္မွာ လူစားဝင္လာခဲ့ၿပီးေနာက္

သူ႔ရဲ႕ သက္ေရာက္မႈကို အတိုင္း သား ျမင္ေတြ႕ခဲ့ရတာေၾကာင့္ တန္ဟတ္က ေက်နပ္ခဲ့ေပမဲ့ ေဘာလုံးမွာ ဂါနာ ခ်ိဳ မသိေသးတဲ့ ကိစၥေတြက အမ်ားႀကီး ရွိေနေသးတယ္လို႔

နည္းျပတန္ဟတ္ က သတိေပးသြားခဲ့ပါတယ္။ ‘’အရင္ကတည္းက ႀကိဳသိေနတယ္လို႔ ေျပာရင္ ဒါက ထူးဆန္းေနပါလိမ့္မယ္။ နည္းနည္းပါးပါးေလာက္ေပါ့။

ခင္ဗ်ားတို႔မွာ ရွိ ေနတဲ့ အသိမ်ိဳးေပါ့ေလ။ ဒါေပမဲ့ အဲဒါလည္း မ်က္စိေဒါက္ေထာက္ၿပီး ၾကည့္ ေနရမွာပါ။ တစ္ခါတေလမွာေတာ့ ကြၽန္ေတာ္လည္း မွားတတ္ပါတယ္။

ဒီကိစၥ မွာေတာ့ ကြၽန္ေတာ္ဟာ နည္းျပအဖြဲ႕ဝင္ေတြနဲ႔အတူ ေဆြးေႏြးမႈတစ္ခု ရွိခဲ့ ပါ တယ္။ သူ႔ရဲ႕ တိုးတက္မႈကို ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့လမွာကတည္းက ျမင္ေတြ႕ ခဲ့ရတာပါ။

သူ႔ရဲ႕ အလားအလာကို ခင္ဗ်ားတို႔လည္း ျမင္ေတြ႕ႏိုင္ပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ အဲဒီအခ်က္က သူ႔ကို အခုလိုမ်ိဳး ပြဲကစားခြင့္ရေအာင္ လုပ္ေပးတာပါပဲ။

ဒါေပမဲ့ အရင္တုန္းကေတာ့ အဲဒီလိုမ်ိဳး ေတြးလို႔ မရႏိုင္ပါဘူး။ သူက သူလုပ္ျပႏိုင္တယ္ဆိုတဲ့ ပါရမီမ်ိဳးကို ျပသေန တယ္။ ဒါေပမဲ့ သူက သြားရမယ့္ခရီး အရွည္ႀကီး ရွိေနေသးတယ္။

သူ႔ရဲ႕ ေျခ စြမ္းကို ဆက္ထိန္းထားရမွာ။ တစ္သင္းလုံးအတြက္ပါပဲ။ သူက အမ်ားႀကီး ႀကိဳးစားၿပီး ေလ့က်င့္ရဦးမယ္။ ဘာေၾကာင့္လဲဆိုေတာ့ အားလုံးအတြက္ အသိအမွတ္ျပဳရမယ့္

ကစားသမား ျဖစ္လာရဖို႔ ရွိေနလို႔ပါ။ လူတိုင္းက ဒါကို အၿမဲတမ္း လက္ခံေပးဖို႔ဆိုတာက ပိုၿပီး အေရးႀကီးပါတယ္။ အဲဒါကို ကစားသမားႀကီးေတြက သိတယ္ဗ်။

လူငယ္ကစားသမားေတြက မသိၾကဘူး’’ လို႔ တန္ဟတ္က ဖူလ္ဟမ္ကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္အၿပီးမွာ ေျပာဆိုသြားခဲ့ပါတယ္။