
တော့ဒ်ဘိုလေရဲ့ ချဲလ်ဆီးအသင်းဟာ ဇန်နဝါရီဈေးကွက်မှာ





ပေါင်သန်း ၃၀၀ ကျော်သုံးစွဲပြီးနောက် လန်ဒန်မြို့ခံပြိုင်ဘက်
ဖူလ်ဟမ်ကိုအိမ်ကွင်းလက်ခံကစားခဲ့ပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့ပါတယ်။





အပြာရောင်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့အဝေးကွင်းပွဲမှာ
တိုက်စစ်မှူးသစ် ဂျာအိုဖိလစ် အနီကတ်ထိပြီး ဖူလ်ဟမ်ကို ၂-၁ နဲ့
ရှုံးခဲ့သလို လက်ရှိမှာလည်း ငွေကုန်တာပဲအဖတ်တင်တဲ့ပုံစံမျိုးနဲ့





တန်းတက်အသင်းကို သရေသာကစားနိုင်ခဲ့တာဖြစ်တယ်။
စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ရောက်လာခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်





ပွဲထွက်ခဲ့သလို မူဒရက်နဲ့ ဘာဒီရှီလီတို့လို ကစားသမားသစ်တွေ
ပါဝင်ကစားသွားခဲ့ပါတယ်။ ဂရေဟမ်ပေါ်တာအသင်းဟာ
ခြေစွမ်းအညံ့ကြီးလို့မဆိုနိုင်ပေမဲ့ မူဒရက်ရဲ့ကစားပုံအလုပ်မဖြစ်တာကြောင့်





ဒုတိယပိုင်းအစမှာ နောက်ထပ်တိုက်စစ်ကစားသမားသစ်
မာဒူကီနဲ့လူစားလဲခဲ့ရပါတယ်။ ငွေသုံးကြမ်းပြခဲ့ပေမဲ့ ဖူလ်ဟမ်ဆိုတဲ့





အတားအဆီးလောက်ကိုမကျော်ဖြတ်နိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းကို
“ချဲလ်ဆီးအသင်းကတော့ လုံးဝအပျက်အစီးပါပဲ၊ ပိုက်ဆံတွေ
အကုန်ခံပြီးတစ်ဂိုးမှမသွင်းနိုင်တာက မယုံနိုင်စရာပါပဲ”၊





“ငွေကြေးအားလုံးသုံးစွဲခဲ့ပေမဲ့ သူတို့ဟာ သောက်တစ်လွဲဖြစ်နေတုန်းပဲ” လို့
စပါးပရိသတ်တွေက လှောင်ပြောင်ဝေဖန်ခဲ့ကြပါတယ်။





“ချဲလ်ဆီးဟာ ရှိသမျှပိုက်ဆံအကုန်သုံးတာတောင် သဘာဝအတိုင်း
ပုံမှန်ဂိုးသွင်းနိုင်သူကိုမဝယ်နိုင်သေးပါဘူး” လို့ ပရိသတ်တစ်ယောက်က
မှတ်ချက်ပေးခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီပွဲမှာ ဂိုးရနိုင်လောက်တဲ့





အပိုင်အခွင့်အရေး ၂ကြိမ်အထိရခဲ့ပေမဲ့ ပိုက်ထဲရောက်အောင်မလုပ်နိုင်ခဲ့တာဖြစ်တယ်။
zawgyi





ဖူလ္ဟမ္နဲ႔ပြဲက ခ်ဲလ္ဆီးရဲ႕အျဖစ္ကို ပိုက္ဆံကုန္တာပဲအဖတ္တင္တယ္လို႔ ပရိသတ္ေတြ ေလွာင္ေျပာင္
ေတာ့ဒ္ဘိုေလရဲ႕ ခ်ဲလ္ဆီးအသင္းဟာ ဇန္နဝါရီေဈးကြက္မွာ
ေပါင္သန္း ၃၀၀ ေက်ာ္သုံးစြဲၿပီးေနာက္ လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္





ဖူလ္ဟမ္ကိုအိမ္ကြင္းလက္ခံကစားခဲ့ပြဲစဥ္မွာ ဂိုးမရွိသေရက်ခဲ့ပါတယ္။
အျပာေရာင္ေတြဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁၃ ရက္ေန႔အေဝးကြင္းပြဲမွာ





တိုက္စစ္မႉးသစ္ ဂ်ာအိုဖိလစ္ အနီကတ္ထိၿပီး ဖူလ္ဟမ္ကို ၂-၁ နဲ႔
ရႈံးခဲ့သလို လက္ရွိမွာလည္း ေငြကုန္တာပဲအဖတ္တင္တဲ့ပုံစံမ်ိဳးနဲ႔
တန္းတက္အသင္းကို သေရသာကစားႏိုင္ခဲ့တာျဖစ္တယ္။





စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေရာက္လာခဲ့တဲ့ အန္ဇိုဖာနန္ဒက္ဇ္
ပြဲထြက္ခဲ့သလို မူဒရက္နဲ႔ ဘာဒီရွီလီတို႔လို ကစားသမားသစ္ေတြ





ပါဝင္ကစားသြားခဲ့ပါတယ္။ ဂေရဟမ္ေပၚတာအသင္းဟာ
ေျခစြမ္းအညံ့ႀကီးလို႔မဆိုႏိုင္ေပမဲ့ မူဒရက္ရဲ႕ကစားပုံအလုပ္မျဖစ္တာေၾကာင့္
ဒုတိယပိုင္းအစမွာ ေနာက္ထပ္တိုက္စစ္ကစားသမားသစ္





မာဒူကီနဲ႔လူစားလဲခဲ့ရပါတယ္။ ေငြသုံးၾကမ္းျပခဲ့ေပမဲ့ ဖူလ္ဟမ္ဆိုတဲ့
အတားအဆီးေလာက္ကိုမေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီးအသင္းကို





“ခ်ဲလ္ဆီးအသင္းကေတာ့ လုံးဝအပ်က္အစီးပါပဲ၊ ပိုက္ဆံေတြ
အကုန္ခံၿပီးတစ္ဂိုးမွမသြင္းႏိုင္တာက မယုံႏိုင္စရာပါပဲ”၊
“ေငြေၾကးအားလုံးသုံးစြဲခဲ့ေပမဲ့ သူတို႔ဟာ ေသာက္တစ္လြဲျဖစ္ေနတုန္းပဲ” လို႔





စပါးပရိသတ္ေတြက ေလွာင္ေျပာင္ေဝဖန္ခဲ့ၾကပါတယ္။
“ခ်ဲလ္ဆီးဟာ ရွိသမွ်ပိုက္ဆံအကုန္သုံးတာေတာင္ သဘာဝအတိုင္း





ပုံမွန္ဂိုးသြင္းႏိုင္သူကိုမဝယ္ႏိုင္ေသးပါဘူး” လို႔ ပရိသတ္တစ္ေယာက္က
မွတ္ခ်က္ေပးခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ ဒီပြဲမွာ ဂိုးရႏိုင္ေလာက္တဲ့
အပိုင္အခြင့္အေရး ၂ႀကိမ္အထိရခဲ့ေပမဲ့ ပိုက္ထဲေရာက္ေအာင္မလုပ္ႏိုင္ခဲ့တာျဖစ္တယ္။




