ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့ပုံရှိခဲ့တဲ့ ဒီဘရိုင်းကို ပေါက်ကွဲနေတဲ့ မန်ယူပရိသတ်တွေ

ဖူလ်ဟမ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်စီးတီးအသင်း ရခဲ့တဲ့ နောက်ဆုံးမိနစ် နာကျင်အချိန်ပို ပင်နယ်တီသွင်းဂိုးဟာ လုံး၀မဖြစ်သင့်ဘူးလို့ မန်ယူပရိသတ် တွေက ဝေဖန်လိုက်ပြီး

ဒီဘရိုင်းဆိုတဲ့ ငနဲဟာ ဟန်ဆောင်လှဲချခဲ့တာဖြစ် တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဘယ်လ်ဂျီယံ ကွင်းလယ် လူဟာ ဖူလ်ဟမ်အသင်း ပင်နယ်တီ

ဧရိယာထဲမှာ ဘယ်နောက်ခံလူ ရော်ဘင် ဆင်နဲ့ ထိတွေ့မှုရှိရာကနေ လဲကျသွားခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ် တီပြစ်ဒဏ် သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဖြစ်ရပ်မှာ ရော်ဘင်ဆင်ဟာ ဒီဘရိုင်းရဲ့ ခြေဖနောင့်ကို ပွတ်တိုက်မှု ရှိတယ် ဆိုရုံလောက်ပဲ ထိတွေ့ခဲ့တာဖြစ်ပြီး ချာချာလည်ထွက်သွားအောင် လဲကျလောက်တဲ့

အင်အားမျိုး သက်ရောက်မှုမရှိခဲ့တာကို မြင်တွေ့ခဲ့ရတာမျိုး ရှိပါတယ်။ ဒါပေမဲ့လည်း ဒီဘရိုင်းကတော့ ရော်ဘင်ဆင်နဲ့ ထိတွေ့မှုအပြီးမှာ ကိုယ်လုံး

တစ်ပတ် လည်ထွက်သွားခဲ့ပြီးတဲ့နောက် မြက်ခင်းပေါ်ကို လဲကျသွားခဲ့ပြီး ဒိုင်လူကြီးကို မှောက်လျက်အနေအထားနဲ့ ပင်နယ်တီပြစ်ဒဏ် တောင်းဆိုနေတာကို မြင်တွေ့ခဲ့ရပါတယ်။

တစ်ဖက်မှာ ကွင်းလယ်ဒိုင် ဒါရင်းအင်္ဂလန်ကလည်း အချိန်မဆိုင်းဘဲ ပင်နယ်တီပေးခဲ့သလို VAR အဆုံးအဖြတ် ခံယူတာမျိုးလည်း လုံး၀ မလုပ်ခဲ့ပါဘူး။

ဒါကြောင့် လူတစ်ယောက် လျော့နေခဲ့တဲ့ မန်စီးတီးဟာ ဒီပင်နယ်တီကို ဟာလန်း ကန်သွင်းပြီးတဲ့နောက် မှာတော့ ပွဲအပြီးမှာ အဖိုးတန်နိုင်ပွဲတစ်ပွဲရခဲ့ပြီး

အမှတ်ပေးဇယား ရောက်သွား ခဲ့ပါတော့တယ်။ ဒီလို အခွင့်အရေးမျိုး ရသွားတဲ့ မန်စီးတီးအတွက်တော့ ဆို ရှယ်မီဒီယာဟာ ဟစ်တိုင်တစ်ခုဖြစ်လာခဲ့ပြီး

အထူးသဖြင့် မန်ယူပရိသတ်တွေ ဟာ စီးတီးရဲ့ ပင်နယ်တီအတွက် အလိုမကျဖြစ်ခဲ့ကြပါတယ်။ ‘’ဆာလက်ရှ် ဒိုင်ဗင်ထိုးတဲ့ နည်းလမ်းအတိုင်း ဒီနေ့မှာ ဒီဘရိုင်းက

ပင်နယ်တီရဖို့ လုပ်ခဲ့တာဗျ။ သတင်းမီဒီယာတွေဆိုတာက သူ့ကို ဘယ်တော့မှ တစ်ယောက် တည်း မထားဘူး’’ လို့ တွစ်တာအသုံးပြုသူ မန်ယူပရိသတ်တစ်ယောက်က

ရေးသားခဲ့ပါတယ်။ နောက်ထပ် မန်ယူပရိသတ် တစ်ယောက်ကတော့ ‘’ဒီဘရိုင်းဟာ ဒီအကွက်ကို လက်ဖျားခါလောက်အောင် သရုပ်ပြသွားခဲ့တာပါ။

ဆာလက်ရှ်သာ အဲဒါမျိုး လုပ်ကြည့်ပါလား’’ လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

(Zawgyi)

ဖူလ္ဟမ္ဆီက သေရတစ္မွတ္ လုယူခဲ့တဲ့ မန္စီးတီးကို မန္ယူပရိသတ္ေတြ ေပါက္ကြဲေန

ဖူလ္ဟမ္နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ မန္စီးတီးအသင္း ရခဲ့တဲ့ ေနာက္ဆုံးမိနစ္ နာက်င္အခ်ိန္ပို ပင္နယ္တီသြင္းဂိုးဟာ လုံး၀ မျဖစ္သင့္ဘူးလို႔ မန္ယူပရိသတ္ ေတြက

ေဝဖန္လိုက္ၿပီး ဒီဘ႐ိုင္းဆိုတဲ့ ငနဲဟာ ဟန္ေဆာင္လွဲခ်ခဲ့တာျဖစ္ တယ္လို႔ စြပ္စြဲခဲ့ပါတယ္။ အသက္ ၃၁ ႏွစ္အ႐ြယ္ ဘယ္လ္ဂ်ီယံ ကြင္းလယ္ လူဟာ ဖူလ္ဟမ္အသင္း ပင္နယ္တီ ဧရိယာထဲမွာ

ဘယ္ေနာက္ခံလူ ေရာ္ဘင္ ဆင္နဲ႔ ထိေတြ႕မႈရွိရာကေန လဲက်သြားခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္က ပင္နယ္ တီျပစ္ဒဏ္ သတ္မွတ္ေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ ဒီျဖစ္ရပ္မွာ ေရာ္ဘင္ဆင္ဟာ ဒီဘ႐ိုင္းရဲ႕ ေျခဖေနာင့္ကို ပြတ္တိုက္မႈ ရွိတယ္ ဆို႐ုံေလာက္ပဲ ထိေတြ႕ခဲ့တာျဖစ္ၿပီး ခ်ာခ်ာလည္ထြက္သြားေအာင္ လဲက် ေလာက္တဲ့

အင္အားမ်ိဳး သက္ေရာက္မႈမရွိခဲ့တာကို ျမင္ေတြ႕ခဲ့ရတာမ်ိဳး ရွိပါ တယ္။ ဒါေပမဲ့လည္း ဒီဘ႐ိုင္းကေတာ့ ေရာ္ဘင္ဆင္နဲ႔ ထိေတြ႕မႈအၿပီးမွာ ကိုယ္လုံး

တစ္ပတ္လည္ထြက္သြားခဲ့ၿပီးတဲ့ေနာက္ ျမက္ခင္းေပၚကို လဲက်သြားခဲ့ၿပီး ဒိုင္လူႀကီးကို ေမွာက္လ်က္အေနအထားနဲ႔ ပင္နယ္တီျပစ္ဒဏ္ ေတာင္းဆိုေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

တစ္ဖက္မွာ ကြင္းလယ္ဒိုင္ ဒါရင္း အဂၤလန္ကလည္း အခ်ိန္မဆိုင္းဘဲ ပင္နယ္တီေပးခဲ့သလို VAR အဆုံးအျဖတ္ ခံယူတာမ်ိဳးလည္း လုံး၀ မလုပ္ခဲ့ပါဘူး။ ဒါေၾကာင့္

လူတစ္ေယာက္ ေလ်ာ့ေနခဲ့တဲ့ မန္စီးတီးဟာ ဒီပင္နယ္တီကို ဟာလန္း ကန္သြင္းၿပီးတဲ့ေနာက္ မွာေတာ့ ပြဲအၿပီးမွာ အဖိုးတန္ႏိုင္ပြဲတစ္ပြဲရခဲ့ၿပီး

အမွတ္ေပးဇယား ေရာက္သြား ခဲ့ပါေတာ့တယ္။ ဒီလို အခြင့္အေရးမ်ိဳး ရသြားတဲ့ မန္စီးတီးအတြက္ေတာ့ ဆို ရွယ္မီဒီယာဟာ ဟစ္တိုင္တစ္ခုျဖစ္လာခဲ့ၿပီး

အထူးသျဖင့္ မန္ယူပရိသတ္ေတြ ဟာ စီးတီးရဲ႕ ပင္နယ္တီအတြက္ အလိုမက်ျဖစ္ခဲ့ၾကပါတယ္။ ‘’ဆာလက္ရွ္ ဒိုင္ဗင္ထိုးတဲ့ နည္းလမ္းအတိုင္း ဒီေန႔မွာ

ဒီဘ႐ိုင္းက ပင္နယ္တီရဖို႔ လုပ္ခဲ့ တာဗ်။ သတင္းမီဒီယာေတြဆိုတာက သူ႔ကို ဘယ္ေတာ့မွ တစ္ေယာက္ တည္း မထားဘူး’’ လို႔ တြစ္တာအသုံးျပဳသူ

မန္ယူပရိသတ္တစ္ေယာက္က ေရးသားခဲ့ပါတယ္။ ေနာက္ထပ္ မန္ယူ ပရိသတ္ တစ္ေယာက္ကေတာ့ ‘’ဒီဘ ႐ိုင္းဟာ ဒီအကြက္ကို လက္ဖ်ားခါေလာက္ေအာင္ သ႐ုပ္ျပသြားခဲ့တာပါ။

ဆာ လက္ရွ္သာ အဲဒါမ်ိဳး လုပ္ၾကည့္ပါလား’’ လို႔ တြစ္တာမွာ ေရးသားခဲ့ပါတယ္။